
မြန်မာနိုင်ငံတော် ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ထောင်နိုင်သည်အထိ လက်တွေ့ပါဝင် ဆောင်ရွက်သွားမည်ဟု ကရင်ပြည်နယ် တောင်ဘက်စွန်း ဆုံစည်းမြိုင် အခြေချ ဒီမိုကရေစီအကျိုးပြု ကရင့်အမျိုးသားတပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးက ပြောကြားသည်။
“ကျွန်တော်တို့ရဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်ရဲ့ ဆုံးဖြတ်ချက်ပေါ့လေ။ မြန်မာနိုင်ငံတော် ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ထောင်နိုင်တဲ့အထိ လက်တွေ့ပါဝင် ဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ၃၄ နှစ်မြောက် (DKBA) နှစ်ပတ်လည်နေ့ အခမ်းအနားမှာလည်း ပြောကြားခဲ့သလို ရှေ့ဆက်ပြီးတော့ ဒီကနေ့ကစပြီး ရှေ့ဆက်ပြီးတော့ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှာ ဆက်သွားပါမယ်” ဟု ကရင့်အမျိုးသားတပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးက ပြောကြားခဲ့သည်။
ဒီမိုကရေစီအကျိုးပြု ကရင့်အမျိုးသား တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီးစောမိုရှေးက ၂၀၁၉ ခုနှစ်ဩသြဂုတ် ၁ ရက် တွင် ပြုလုပ်သည့် ၎င်းင်း၏ ၅၁ နှစ်ပြည့် မွေးနေ့ တွင် မွေးနေ့အမှတ်တရစကားအဖြစ် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒီမိုကရေစီအကျိုးပြု ကရင့်အမျိုးသားတပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးက “ငြိမ်းချမ်းရေးကို တည်ထောင်တဲ့ နိုင်ငံတိုင်းမှာ အခက်အခဲတော့ ရှိမှာပါ။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တစ်ထေရာတည်းလည်း မတူနိုင်ဘူး။ အခုလက်ရှိကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူမျိုးတိုင်း၊ လက်နက်ကိုင်အဖွဲ ့အစည်း၊ တပ်မတော်၊ အစိုးရ၊ NCA မထိုးနိုင်သေးတဲ့ အပေါ်မှာ အခက်အခဲတော့ ဖြစ်လာဦးမယ်လို့တော့ ယူဆပါတယ်” ဟုလည်း ၎င်း၏ အယူအဆကို ဖြည့်စွက် ပြောကြားခဲ့သည်။
ဒီမိုကရေစီအကျိုးပြု ကရင့်အမျိုးသား တပ်မတော်သည် KNU မှ ခွဲထွက်လာသော ကရင့်လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်။ KNU ကရင်အမျိုးသား အစည်းအရုံးမှ ခွဲထွက်ပြီး (DKBA) အဖြစ် ရပ်တည်လာခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်တွင် BGF နယ်ခြားစောင့်တပ်အသွင် ကူးပြောင်းသောအဖွဲ့ ရှိသလို (DKBA) အဖြစ် ရပ်တည်ခဲ့သောအဖွဲ့ကို ဦးဆောင်သူမှာ ဗိုလ်ချုပ်ကြီး စောလားဘွယ် ဖြစ်သည်။ ထို့နောက် ယခုအခါ (DKBA) စစ်ဦးစီးချုပ်မှာ အသက် ၅၁ နှစ် မွေးနေ့ပြုလုပ်သည့် ဗိုလ်ချုပ်ကြီး စောမိုရှေး ဖြစ်သည်။
ကရင်ပြည်နယ် မြဝတီမြို့၏ တောင်ဘက် (DKBA) တပ်စခန်း တည်ရှိရာ ဆုံစည်းမြိုင်ကျေးရွာတွင် ပြုလုပ်သည့် ကရင့်အမျိုးသားတပ်မတော် (DKBA) စစ်ဦးစီးချုပ်၏ ၅၁ နှစ်ပြည့် မွေးနေ့ပွဲသို့ ရပ်နီးရပ်ဝေးမှ တာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ လက်နက်ကိုင်အဖွဲ့ အသီးသီးမှ အရာရှိကြီးများ၊ ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်