
လက်ရှိသွားနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ လားရာသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးဆိုင်ရာ လမ်းကြောင်းမှလွဲဖယ်ပြီး တိမ်းစောင်းသွားနေသည့် အနေအထားမျိုးသို့ ရောက်ရှိနေသည်ဖြစ်ရာ ပြန်လည် တည့်မတ်လိုသောကြောင့် တရားဝင် အစည်းအဝေးများတွင် ပါဝင်မှု ခေတ္တရပ်ဆိုင်းထားခြင်း ဖြစ်ကြောင်း ဇန်နဝါရီ ၆ ရက်တွင် ကျရောက်မည့် ၂၇၅၈ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့သို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က သဝဏ်လွှာပေးပို့သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများတွင် ပါဝင်မှုအား ယာယီရပ်ဆိုင်းထားပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းမှတစ်ဆင့် ဆွေးနွေးအဖြေရှာသွားမည် ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် သဘောထား ထုတ်ပြန်ချက် ကြေညာထားသည်။
လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှတစ်ဆင့် နိုင်ငံရေးအရ ကရင့်အမျိုးသား အကျိုးစီးပွားအတွက် တိုက်ပွဲဝင်နေသော ကရင်အမျိုးသား အစည်းအရုံး (KNU) ကို မဏ္ဍိုင်ထားပြီး ညှိနှိုင်းလုပ်ဆောင် ပါဝင်ပူးပေါင်းကြရန် လိုအပ်ကြောင်း၊ ဖြစ်တည်လာသော နိုင်ငံရေး အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ပြီး မိမိတို့၏ ရည်မှန်းချက်များ အကောင်အထည် ပေါ်လာရေးအတွက် ကရင့်လူ့အဖွဲ့အစည်းများအားလုံး၊ ကရင့်လက်နက်ကိုင် အင်အားစုများအားလုံး အပါအဝင် ကရင်တစ်မျိုးသားလုံး ကရင့်အလံတော်အောက်တွင် စည်းစည်းလုံးလုံးနှင့် ငြိမ်းချမ်းစွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အတက်အကျရှိသည့် အားလျော်စွာ ကရင်အမျိုးသား အစည်းအရုံး (KNU) အနေဖြင့် ကရင့်အမျိုးသားများ ရည်မှန်းသော ပန်းတိုင်ရောက်သည်အထိ ကရင်လူထုများ၏ ထောက်ခံမှုနှင့်အတူ မဆုတ်မနစ် ဇွဲလုံ့လနှင့်အတူ ဆက်လက်ချီတက်နေမည် ဖြစ်ကြောင်း သဝဏ်လွှာတွင် ပါရှိသည်။
လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်၏ တရားဝင် အစည်းအဝေးများတွင် ပါဝင်မှု ခေတ္တရပ်ဆိုင်းထားပြီး အလွတ်သဘော ဆွေးနွေးပွဲများမှတစ်ဆင့် နှစ်ဖက်ကွာဟမှုများကို ဆက်လက် အဖြေရှာရသည့် ရည်ရွယ်ချက်မှာ လက်ရှိသွားနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ လားရာသည် ကရင်တစ်မျိုးသားလုံး မျှော်မှန်းထားသည့် NCA အရ သဘောတူညီထားကြသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးဆိုင်ရာ လမ်းကြောင်းမှ လွဲဖယ်ပြီး တိမ်းစောင်းသွားနေသည့် အနေအထားမျိုးသို့ ရောက်ရှိနေသည်ဖြစ်ရာ ပြန်လည်တည့်မတ် လိုသောကြောင့် ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ပေးပို့သည့် သဝဏ်လွှာတွင် ပါရှိသည်။
ထို့ပြင် ကရင်နှစ်သစ်ကူးနေ့သည် ခေတ်အဆက်ဆက်သော ကရင့်အမျိုးသား ခေါင်းဆောင်များက ချန်ထားခဲ့သည့် အမွေအနှစ် တစ်ရပ်ဖြစ်ပြီး ကိုလိုနီခေတ် အင်္ဂလိပ်အစိုးရ အုပ်စိုးစဉ်ကာလတွင် ကရင့်မျိုးချစ် ခေါင်းဆောင်များက ကရင်နှစ်သစ်ကူးနေ့အဖြစ် အတည်တကျ သတ်မှတ်ပေးနိုင်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ ဤသို့ သတ်မှတ်နိုင်ခဲ့ခြင်းသည် လွယ်လွယ်နှင့်ရရှိခဲ့ခြင်း မဟုတ်ကြောင်း၊ ကရင်ခေါင်းဆောင်များ၏ နိုင်ငံ ရေးအမြင်ကျယ်မှု၊ အချိန်အခါနှင့်အခွင့် အရေးကို အသုံးချတတ်မှု၊ ဉာဏ်ပညာ အရည်အချင်းပြည့်ဝမှု၊ ညီညွတ်မှုနှင့် အခြား တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်များ ကို နားလည်သဘောပေါက်အောင် စည်းရုံး နိုင်ခြင်းတို့သည် ထိုကာလ ကရင့်နိုင်ငံရေး အဆင့်အတန်းကို ဖော်ပြပြီး ကရင့်အမျိုးသား အကျိုးစီးပွားကို နိုင်ငံရေးအရ ရယူနိုင်ခဲ့ခြင်း၊ ကရင့်အခွင့်အရေးကို ငြိမ်းချမ်းသည့် နည်းလမ်းနှင့် အရယူနိုင်ခဲ့ပုံတို့ကို တွေ့ရှိကြရမည် ဖြစ်ကြောင်း သဝဏ်လွှာတွင် ပါရှိသည်။
ဤအောင်မြင်မှုအားဖြင့် ကိုလိုနီခေတ် အစိုးရထံမှ ပထမဆုံး တရားဝင် အသိအမှတ်ပြုမှုကို ရယူနိုင်ခဲ့သလို ကရင့်အမျိုးသား လက္ခဏာများဖြစ်သော ကရင်အမျိုးသား အလံတော်၊ ကရင်အမျိုးသား သီချင်းနှင့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို တစ်နိုင်ငံလုံးတွင် တရားဝင် ကျင်းပခွင့် ရရှိရုံသာမက တရားဝင် ရုံးပိတ်ရက်ကိုပင် ရရှိခဲ့သည့် အောင်မြင်မှုကို ခေတ်လူငယ်များ၊ နိုင်ငံရေးသမားများ လေ့လာနိုင်ခွင့် ရခဲ့ကြောင်း၊ ထို့ကြောင့် ယနေ့ကရင်နိုင်ငံရေးသမား၊ လူငယ်၊ လူမှုအဖွဲ့အစည်း ခေါင်းဆောင်များ အနေဖြင့် မျက်မှောက်ခေတ် ကရင်အမျိုးသားများ၏ နိုင်ငံရေး လိုလားချက်ကို အမျိုးသားရေးဆိုင်ရာ သမိုင်းပေး တာဝန်အဖြစ် လက်ခံပြီး လက်ရှိနိုင်ငံရေး အခင်းအကျင်းအောက်တွင် မည်သို့အရယူကြရမည်ကို စဉ်းစားဆင်ခြင် လေ့လာသုံးသပ်ပြီး ပါဝင်ကြရမည် ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ကရင်အမျိုးသားနေ့သို့ ပေးပို့သော သဝဏ်လွှာတွင် ရေးသားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်