Top News

တပ်မတော်သားများ မဲပေးခဲ့သည့် မြို့နယ်များအနက် မြို့နယ် ၁၁ မြို့နယ်တွင် မဲမသမာမှု ဖြစ်စေနိုင်သည့် မဲစာရင်း လေးသိန်းကျော် တွေ့ရှိကြောင်း တပ်မတော်က ၁၇ ကြိမ်မြောက် ထုတ်ပြန်
24htopnews | November 26, 2024 4:12 AM CST

တပ်မတော်သားများ မဲပေးခဲ့သည့် မြို့နယ်များအနက် မြို့နယ် ၁၁ မြို့နယ်တွင် မဲမသမာမှု ဖြစ်စေနိုင်သည့် မဲစာရင်း လေးသိန်းကျော် တွေ့ရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးက ၁၇ နှစ်ကြိမ်‌မြောက်အဖြစ် ဇန်နဝါရီ ၁၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

၁ရနှစ်ကြိမ်မြောက် ထုတ်ပြန်သည့် မြို့နယ် ၁၁ မြို့နယ်စာရင်းတွင် မိုးကုတ်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ကွတ်ခိုင်၊ ခေါင်လန်ဖူး၊ မဘိမ်း၊ မိုးမိတ်၊ မိုးညှင်း၊ ဘားအံ၊ ကျိုက်မရော၊ ပြင်ဦးလွင်မြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။

မိုးကုတ်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၁၇၆၇၆၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၃၉၆၉၊ စုစုပေါင်း ၄၁၆၄၅ မဲ၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၇၂၃၆၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၅၂၉၉၊ စုစုပေါင်း ၂၂၅၃၅ မဲ၊ အမရပူရမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၇၆၆၈၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၆၀၈၈၊ စုစုပေါင်း ၂၃၇၅၆ မဲ၊ ကွတ်ခိုင်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၈၈၀၆၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၅၀၆၉၆၊ စုစုပေါင်း ၅၉၅၀၂ မဲ၊ ခေါင်လန်ဖူးမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၈၈၆၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၆၁၂၊ စုစုပေါင်း ၁၄၉၈ မဲ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မဘိမ်းမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၁၆၅၈၊  မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၃၅၀၈၊ စုစုပေါင်း ၅၁၆၆ မဲ၊ မိုးမိတ်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၂၆၀၆၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၅၉၇၉၊ စုစုပေါင်း ၈၅၈၅ မဲ၊ မိုးညှင်းမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၁၇၈၈၁၊  မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၄၁၀၄၊ စုစုပေါင်း  ၃၁၉၈၅ မဲ၊ ဘားအံ မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၃၄၇၃၂ ၊  မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၇၉၇၉၀၊ စုစုပေါင်း ၁၁၄၅၂၂ မဲ၊ ကျိုက်မရောမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၃၂၇၉၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၅၇၉၆၀၊ စုစုပေါင်း ၇၁၂၃၉ မဲ၊ ပြင်ဦးလွင်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၁၁၁၂၂၊  မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၇၂၄၇၊ စုစုပေါင်း ၂၈၃၆၉ မဲ တို့ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ မြို့နယ် ၁၁ မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်းနှင့် မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း စုစုပေါင်း ၄၀၈၈၀၂ ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်၏ ထုတ်ပြန်ချက်တွင် တပ်မတော်သားများ ဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့် စပ်လျဉ်း၍ မဲစာရင်းစိစစ်မှုများကို ပြုလုပ်ခဲ့ရာတွင် စိစစ်ပြီးသည့် မြို့နယ်များ၏ စိစစ်တွေ့ရှိချက်အား ၁၆ ကြိမ်‌မြောက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ စိစစ်တွေ့ရှိချက်များသည် သာမာန်အားဖြင့် မသိနိုင်သည့် ထပ်နေသော မဲစာရင်းများနှင့် အထောက်အထားဖြင့် တိုက်ဆိုင်စိစစ်ရန် လိုအပ်သော မဲစာရင်းများဖြစ်ကြောင်း ရရှိသည့် မဲစာရင်းများကို အခြေခံ၍ စိစစ်တွေ့ရှိချက်များကို ဆက်လက်ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည့်ဖြိုးအောင်


READ NEXT
Cancel OK