
ဖားကန့်မြို့နယ်မှ ကချင်ပြည်နယ် မဲဆန္ဒနယ်မြေအမှတ် (၉) NLD ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးချို (ခ) ဦးခင်မောင်မြင့်အား မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သန်းထိုက်က ဖားကန့်မြို့ နယ်တရားရုံးသို့ လာရောက်၍ တပ်မတော်အကြီးအကဲများ ဂုဏ်သိက္ခာညိုးနွမ်းစေအောင် ပြုလုပ်ဟုဆိုကာ ပုဒ်မ ၅၀၀ ဖြင့် ၂၀၂၀ ပြည့် နှစ် ဒီဇင်ဘာ ၈ ရက်၌ အမှုဖွင့်ခဲ့ကြောင်း ဖားကန့်မြို့နယ်တရားရုံးမှ စုံစမ်းသိရှိရသည်။
တရားစွဲဆိုရခြင်းမှာ ဖားကန့်မြို့နယ် NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် နိုင်ငံတော်သမ္မတရုံး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဖားကန့်မြို့နယ် ဟောင်းပါကျေးရွာအုပ်စုအတွင်း ၂၀၁၇ ခု နှစ် နိုဝင်ဘာလအတွင်းက ဖမ်းဆီးရမိခဲ့သော ဘက်ဖိုးယာဉ်၊ မြေသယ်ယာဉ်များ ၊ ယန္တရားစက်ကြီးများ ဖမ်းဆီးခဲ့မှုနှင့်ပတ်သက်ပြီး တင်ပြခဲ့မှုများတွင် တပ်မတော်အကြီးအကဲများ၏ ဂုဏ်သိက္ခာညိုးနွမ်းထိခိုက်စေရန် မဟုတ်မမှန် တမင်လုပ်ကြံတင်ပြခဲ့မှုများ ရှိခဲ့သည်ဟုဆိုကာ ဥပဒေအရ ထိရောက်စွာအရေးယူပေးပါရန်ဟု တိုင်ကြားစာတွင်ပါရှိပြီး အဆိုပါ တိုင်ကြားမှုအား ဖားကန့်မြို့နယ်တရားရုံးမှ ရာကြီးအမှုအမှတ် ၅၈၁/၂၀၂၀၊ ပုဒ်မ (၅၀၀) ဖြင့် လက်ခံခဲ့ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါအမှု၏ ပထမရုံးချိန်းကို ဖားကန့်မြို့နယ်တရားရုံး၌ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၈ ရက်၌ ချိန်းဆိုခဲ့ပြီး အစွပ်စွဲခံရသူ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၉) NLD ပါတီ ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် (ခ) ဦးချိုက အာမခံလျှောက်ထားခဲ့ရာ ဖားကန့်မြို့နယ် တရားသူကြီး ဦးလှိုင်းဝေယံမြင့်က အာမခံပေးခဲ့ပြီး အမှုအား ဇန်နဝါ ရီ ၁၈ ရက်သို့ ထပ်မံချိန်းဆိုခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် (၉) ဖားကန့်မြို့နယ် NLD ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးချို (ခ) ဦးခင်မောင်မြင့်မှာ လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင်နေသည့်အပြင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌လည်း ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာ ထပ်မံအနိုင်ရရှိထားသူဖြစ်သည်။
အမှုနှင့်ပတ်သက်၍ အစွပ်စွဲခံရသူ ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်အား ဆက်သွယ်ခဲ့ရာ ဖြေကြားခဲ့ခြင်းမရှိခဲ့သလို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူနှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးတို့ကိုလည်း ဖုန်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားခဲ့ရာ ဖုန်းကိုင်ခဲ့ခြင်းမရှိခဲ့ပါ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်