Top News

ရွေးကောက်ပွဲ မဲစာရင်းအမှားများအား တပ်မတော်က စိစစ်ထုတ်ပြန်ခြင်းဆောင်ရွက်နေမှုအပေါ် ထောက်ခံပွဲ မိတ္တီလာမြို့တွင် ပြုလုပ်ခဲ့ပြီး အင်အားတစ်ထောင်ခန့် ပါဝင်ဝန်းရံ
24htopnews | November 26, 2024 4:12 AM CST

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြီးစီးခဲ့သော ပါတီစုံ အထွေထွေရွေးကောက်ပွဲမဲစာရင်များအား တပ်မတော်က စိစစ်ကာ မဲမသမာမှုရှိနိုင်ကြောင်း ထုတ်ပြန်ကြေညာနေမှုအား ထောက်ခံဆန္ဒပြပွဲကို မိတ္တီလာမြို့တွင် ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၂နာရီကျော်က ပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ခံဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုချက်တင်ထားခဲ့သော လူဦးရေ ၃၀ အပြင် မိတ္ထီလာမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ဒေသခံတစ်ထောင်ဝန်းကျင်ခန့် လာရောက်ဝန်းရံပြီး စီတန်းလှည့်လည်ခဲ့ကြောင်း သိရသည်။

“ဒီပွဲလုပ်ရတဲ့ ရည်ရွယ်ချက်က လက်ရှိ ၂၀၂၀ မှာ တပ်မတော်ကမဲစာရင်း အမှားအယွင်းတွေကိုရရှိလာတဲ့ အချက်အလက်တွေပေါ်မှာ စိစစ်တွေ့ရှိချက်တွေ ထုတ်ပြန်နေတာကို ဒါတွေလုပ်ဆောင်နေတာတွေကို ကျွန်တော်ကထောက်ခံကြောင်းကို ပြည်သူတစ်ယောက်အနေနဲ့ ဒီပွဲကိုကျင်းပလုပ်ဆောင်တာပါ။ အချက်အလက်တွေပေါ်မှာ တွေ့ရှိပြီးတော့ မဲစာရင်းအမှားအယွင်း အဲဒါတွေကို အခြေခံပြီး မဲလိမ်၊ မဲခိုးဖြစ်နိုင်ခြေစာ ရင်းတွေကို တွေ့ရှိတယ်။ ဒါတွေကမဲခိုးတယ်။ မခိုးဘူးဆိုတာကို UEC က တင်ပြလာတဲ့ အချက်အလက်တွေက စွပ်စွဲတာကို UEC အနေနဲ့လည်း မခိုးကြောင်း အချက်အလက်တွေနဲ့ ဆောင်ရွက်မှသာလျှင် မဲခိုးတယ်၊ မခိုးဘူး ကျွန်တော်တို့ သိနိုင်တယ်။ UEC အနေနဲ့လည်း အချက်အလက်တွေနဲ့ မဲမသမာမှုရှိကြောင်း စွပ်စွဲခံရတယ်။ ဒါတွေကို UEC အနေနဲ့ မဖြေရှင်းသေးသရွေ့ သံသယဖြစ်စရာတော့ ရှိပါတယ်။ Facebook ပေါ်မှာ ကျွန်တော်ဆောင်ရွက်တာကြေညာထားတာ၊ သူတို့စိတ်နဲ့ သူတို့ လာရောက်ဝန်းရံကြတယ်၊ ကျွန်တော်တို့ကတော့ သတ်မှတ်ထားတဲ့ ၂၉ ဦးထက် မကျော်လွန်ပါဘူး” ဟု အဆိုပါထောက်ခံဆန္ဒထုတ်ဖော်ပွဲအား ဦးဆောင်သူမိတ္ထီလာမြို့ခံ ဦးခင်ကိုလတ်က ပြောကြားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုအား မိတ္ထီလာမြို့ ဝန်ဇင်းကန်ဘောင်တွင် ပြုလုပ်ခဲ့ကြပြီး ရွေးကောက်ပွဲ မဲမသမာမှုရှိနိုင်ကြောင်း တပ်မတော်က စိစစ်ထုတ်ပြန်ခြင်းများ ဆောင်ရွက်နေမှုအား ထောက်ခံဟောပြောခဲ့ကြပြီး ဝန်ဇင်းကန်ဘောင်မှ နာရီစင်၊ မိတ္ထီလာစျေးကြီး အနောက်ဖက်လမ်းမမှတဆင့် ရုပ်ရှင်ရုံလမ်းမအတိုင်း၊ ရတနာမာရ်အောင်ရပ်ကွက်၊ မိတ္ထီလာကန်ဘောင်အထိ စီတန်းလမ်းလျှောက်ခဲ့ကြကာ အမျိုးဘာသာ၊ သာသနာအား စောင့်ရှောက်ကာကွယ်နေသည့် တပ်မတော်မှ ရွေးကောက်ပွဲနှင့်ပတ်သတ်သော ထုတ်ပြန်ကြေညာချက်များအား ထောက်ခံပါသည်၊ တပ်နှင့်ပြည်သူအတူတူ သွေးခွဲလာသူဒို့ရန်သူ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို မထီမဲ့မြင်ပြုသူဒို့ရန်သူ၊ တရားမျှတသော ရွေးကောက်ပွဲရလဒ်ဖော်ထုတ်ပေးရေး ဒို့အရေး၊ မဲခိုးပြီးအာဏာကိုအဓမ္မ ရယူချင်သူများ ခြေမှုန်းကြ၊ ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု့ မပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာအာဏာ တည့်တံခိုင်မြဲရေး ဒို့အရေး စသော ဗီနိုင်းဆိုင်းဘုတ်များအား လမ်းတစ်လျှောက်ကိုင်ဆောင် ကြွေးကြော်ခဲ့ကြသည်။

တပ်မတော်အနေဖြင့် တပ်မတော်သား ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခဲ့သည့်မြို့နယ် ၂၀၀ ကျော်တွင် မဲစာရင်းစိစစ်မှုများ ပြုလုပ်လျက်ရှိပြီး မြို့နယ်များခွဲ၍ ထုတ်ပြန်လျက်ရှိရာ ဇန်နဝါရိ ၁၃ ရက်အထိ ၁၇ ကြိမ် ရှိပြီဖြစ်သည်။

ထိုသို့တပ်မတော်၏ထုတ်ပြန်ချက်အရ  မြို့နယ် ၂၂၈ မြို့နယ်တွင် တစ်ကြိမ်ထပ်ပို၍ မဲပေးခွင့်ရစေနိုင်သည့် မဲစာရင်းနှင့် မဲမသမာမှုပြုနိုင်သည့် မဲစာရင်း စုစုပေါင်း ၅ ဒသ မ ၈ သန်းကျော်တွေ့ရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK