
ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ သတ်မှတ်ကြေညာထားသော ULA/ AA အား ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးရန် ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုအား ဇန်နဝါရီ ၁၄ ရက်တွင်ကျင်းပသည့် ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်သူမရှိ ထောက်ခံအတည်ပြုခဲ့သည်။
မြောက်ဦးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ယင်းအဆိုကို ဇန်နဝါရီ ၁၁ ရက်တွင်ကျင်းပသည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုအား ဇန်နဝါရီ ၁၄ ရက်တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်ခုနစ်ဦးက ထောက်ခံဆွေးနွေးခဲ့သည်။
မြောက်ဦးမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းက “လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ အိမ်မပြန်နိုင်တဲ့ ဒုက္ခသည်များစွာရှိ နေကြတယ်။ တန်းတူညီမျှမှုနဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးဖွင့်မရတဲ့ ကာလပတ်လုံး စစ်ဖြစ်နေတဲ့ဒေသတွေဟာ ပြည်သူလူထုအတွက် ငရဲဘုံပါပဲ။ ရခိုင်ဒေသဟာ တည်ငြိမ်မှုမရှိတဲ့ ဒေသတစ်ခုဖြစ်နေဆဲပါ။ စစ်ဆိုတာ အမြဲတမ်းတိုက်နေဖို့မလိုသလို နိုင်ငံရေးစကားပြောသင့်တဲ့ အချိန်မှာလည်း ပြောသင့်ပါတယ်” ဟု ပြောကြားသည်။
လွတ်လပ်ရေးရခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ပြီဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေး အမှန်ကိုလိုချင်ပါက စိတ်ကောင်းစေတနာကောင်းနှင့် နိုင်ငံတော်အကြီးအကဲများက ပြောဆိုကြရန်လိုကြောင်းနှင့် ငြိမ်းချမ်းရေးရလာလိမ့်မည်ဟု ယုံကြည်ကြောင်း ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ဆွေးနွေးခဲ့သည်။
မင်းပြားမြို့နယ် မဲဆန္ဒနယ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ဒီနေ့ဖြစ်နေတဲ့ ပြည်တွင်းစစ်အခြေခံအကြောင်းတရားကို ရှာကြည့်ရင် ကျွန်တော်တို့ တန်းတူအခွင့်အရေးမရကြလို့ဖြစ်ပါတယ်။ ဒါကြောင့်လည်း တိုင်းရင်းသားတွေ လက်နက်ကိုင်ပြီး မိမိတို့ရဲ့ အခွင့်အရေးကို တောင်းဆိုနေကြတာလို့ ရှုမြင်ပါတယ်။ တခြားလက်နက်ကိုင်ဒေသတွေမှာတော့ တိုးတက်မှုတွေကို အများကြီးမြင်နေရတယ်။ ရခိုင်ဒေသထက် တိုးတက်နေတာကိုလည်း မြင်ရတယ်။ ဒါကြောင့် ရခိုင်ပြည်သူတွေရဲ့စိတ်မှာ လက်နက်ကိုင် တိုက်မှသာ ဒေသတွင်းမှာ တိုးတက်မှုရလာမယ်လို့ ခံစားချက်တွေဖြစ်လာတယ်လို့ မြင်တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ငါးနှစ်တာကာလကို စောင့်ကြည့်ခဲ့ပေမဲ့ ဘာမှပြောင်းလဲတိုးတက်တာ မရှိခဲ့ဘူး။ ဒါကြောင့် နိုင်ငံရေးဘောင်ကျဉ်းပြီး စစ်ဘောင်ကျယ်လာတယ်လို့ သုံးသပ်မိတယ်။ လိုအပ်ချက်တွေကို လွှတ်တော်က တောင်းခံခဲ့ပေမဲ့ အရာမထင်ခဲ့တဲ့အတွက် ရခိုင်တိုင်းရင်းသားတွေရဲ့စိတ်ထဲမှာ ပြောင်းလဲသွားတာဖြစ်တယ်။ ဒါကြောင့် ULA/ AA ဟာ ပြည်သူတွေလိုအပ်ချက်တွေကို တောင်းဆိုဖို့ လုပ်လာတာဖြစ်တယ်လို့မြင်တယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရယူလိုကြတယ်လို့ မြင်လာပါတယ်။ Online ကနေ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုရင်တော့ ထင်သလောက် ခရီးရောက်မှာမဟုတ်ပါဘူး။ နောက်ပြီး အကြမ်းဖက်အဖွဲ့အဖြစ်မှ မပယ်ဖျက်ဘူးဆိုရင်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက ဖြစ်လာနိုင်မယ်မထင်ပါဘူး။ ပြည်တွင်းကို တရားဝင် ဖိတ်ခေါ်ဆွေးနွေးသင့်တယ်လို့မြင်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။
ယင်းသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီးနောက် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏သဘောထားကို မေးမြန်းခဲ့ရာ ကန့်ကွက်သူမရှိသည့်အတွက် အဆိုအား လွှတ်တော်မှ အတည်ပြုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်