
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဒုတိယဥက္ကဋ္ဌ (၂) ဦးကျော်ဇေယျ ပါတီတာဝန်များမှ တစ်နှစ် အနားယူမည် ဖြစ်ကြောင်း ဦးကျော်ဇေယျက ဇန်နဝါရီ ၁၅ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ပါတီမှ အနားယူခြင်း မဟုတ်ဘဲ မိသားစုစီးပွားရေးများ ပြန်လည်လုပ်ကိုင်ခြင်းနှင့် ပြည်တွင်းပြည်ပ ခရီးသွားလာရန် ရှိခြင်းတို့ကြောင့် ပါတီမှ တစ်နှစ်ခွင့်ရှည် ယူခြင်းသာ ဖြစ်ကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။
“အန်ကယ်က ပါတီက လုံးဝအနားယူတာ မဟုတ်ဘူး။ တစ်နှစ်ခွင့်ယူလိုက်တာ ၂၀၂၂ မှာ ပြန်လည်ပြီးတော့ တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ ဒုတိယဥက္ကဋ္ဌနေရာကို ဘယ်သူ့ကိုမှ ပြောင်းလဲပြီးတော့ တာဝန်ပေးတာ မရှိပါဘူးး။ ပါတီကတော့ အန်ကယ်သဘောထား အတိုင်းပဲ။ အန်ကယ်ရဲ့ စီးပွားရေးအရ ပစ်ထားတဲ့ ဥယျာဉ်ခြံမြေလေးလည်း ကြီးကြပ်လုပ်ရင်းနဲ့ ပြည်တွင်းပြည်ပ ခရီးထွက်ဖို့ရှိလို့ ခွင့်ရှည်တင်လိုက်တဲ့ သဘောပါ။ အဲဒါကို ခွင့်ပြုတဲ့သဘောပါ။ အန်ကယ်က ဘာမှမဖြစ်ပါဘူး။ ရွေးကောက်ပွဲကလည်း လိုသေးတော့ တစ်နှစ်အတွင်း မိသားစု စီးပွားရေး၊ လူမှုရေး၊ စီးပွားရေးတွေ လုပ်ချင်လို့ပါ” ဟု ဦးကျော်ဇေယျက ပြောကြားသည်။
ထို့ပြင် ၂၀၂၂ ခုနှစ်တွင် ပါတီ၌ ပြန်လည် တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး နိုင်ငံရေးကို ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။
ဦးကျော်ဇေယျသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြု ယှဉ်ပြိုင်၍ အနိုင်ရရှိခဲ့ပြီး ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။
ဦးကျော်ဇေယျ အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး ထောက်ပြ ဆွေးနွေးလေ့ရှိသူ တစ်ဦးဖြစ်သဖြင့် လူသိများ ကျော်ကြားသူ တစ်ဦးလည်း ဖြစ်သည်။
ထို့နောက် ဦးကျော်ဇေယျအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ထုတ်ပယ်ခဲ့ပြီး ၎င်းသည် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) သို့ ဝင်ရောက်ခဲ့ကာ ယင်းပါတီ၏ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် တာဝန်ထမ်းဆောင် နေသူလည်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်