
ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန် သို့မဟုတ် မြန်မာ့ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေရန် အလို့ငှာ မည်သို့သော ကြိုးပမ်းအားထုတ် မှုမျိုးကိုမဆို မိမိတို့ ဆန့်ကျင်ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ အခြေစိုက် သံတမန် အဖွဲ့အစည်းများက ဇန်နဝါရီ ၂၉ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးနှင့် နိုင်ငံတော်အတွင်း ငြိမ်းချမ်းရေးနှင့်ဖွံ့ ဖြိုးရေး မြှင့်တင်နိုင်ရန် ကြိုးပမ်းအားထုတ်နေမှုကို အားပေးထောက်ခံကြောင်း မိမိတို့ အခိုင်အမာ အတည်ပြုကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် သြစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ သံရုံးများ - ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင် - ဆွစ်ဇာလန်၊ ယူကေ၊ အမေရိကန်၊ နော်ဝေနှင့် နယူးဇီလန်နိုင်ငံ ဆိုင်ရာသံရုံးများ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၁ ရက်တွင် လွှတ်တော်အသစ် စတင်ရေးနှင့် သမ္မတသစ်တစ်ဦး ရွေးချယ်တင်မြှောက်ရေး လုပ်ငန်းစဉ်ကို ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ မျှော်လင့်နေပါကြောင်းနှင့် မကြာသေးမီက ကျင်းပခဲ့သော နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲတွင် ၎င်းတို့၏ သမိုင်းဝင် ပါဝင်ခဲ့ကြမှုအတွက် မြန်မာနိုင်ငံသားများကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ထပ်မံပြောကြားကြောင်း ဖော်ပြပါရှိသည်။
တပ်မတော်နှင့် နိုင်ငံအတွင်းရှိ အခြားသော လူပုဂ္ဂိုလ် အဖွဲ့အစည်းအားလုံး အနေဖြင့် ဒီမိုကရေစီစံနှုန်းများကို လိုက်နာစောင့်ထိန်းကြပါရန် တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သော ဒီမိုကရက်တစ်လွတ်လပ်မှု၊ အဓွန့်ရှည်တည်တံ့သော ငြိမ်းချမ်းမှုနှင့် အားလုံးပါဝင်သော သာယာဝပြောမှုအတွက် ရှေ့ရှုလုပ်ဆောင်နေကြသူ အားလုံးကို မိမိတို့ အားပေးထောက်ခံကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်