Top News

ရွေးကောက်ပွဲဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုများပြုလုပ်စဉ်ကာလအတွင်း ကော်မရှင်က ထုတ်ပေးထားသည့် လွှတ်တော်ကိုယ်စားလှယ်အသိအမှတ်ပြုလွှာများသည် အကျိုးသက်ရောက်မှုမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်
24htopnews | November 25, 2024 6:13 PM CST

ရွေးကောက်ပွဲဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုများပြုလုပ်စဉ်ကာလအတွင်း ကော်မရှင်က ထုတ်ပေးထားသည့် လွှတ်တော်ကိုယ်စားလှယ်အသိအမှတ်ပြုလွှာများသည် အကျိုးသက်ရောက်မှုမရှိကြောင်း ယနေ့(ဖေဖော်ဝါရီ ၅ ရက်)တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း MRTV သတင်းဌာနမှ ည ၈ နာရီအချိန်ထုတ်ပြန်မှုအရသိရသည်။

အဆိုပါကြေညာချက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတသည် နိုင်ငံတော်အတွင်း မူလအခြေအနေသို့ အမြန် ပြန်လည် ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုနိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အရေးပေါ် အခြေအနေ ကြေညာ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၈ အရ တပ်မတော်ကာကွယ်ရေး ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို လွှဲပြောင်းပေးခဲ့သည့် ၂၀၂၁ ခုနှစ် လွှတ်တော် အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေ ပြုရေးဆိုင်ရာ လုပ်ငန်းများ ရပ်ဆိုင်းသွားပြီး ဖြစ်ကြောင်းဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတော်အတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရေး ဖြစ်စဉ်များတွင် မဲမသမာမှုများ ပေါ်ပေါက်ခဲ့သဖြင့် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲကော်မရှင်က လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာလွှတ်တော်အသီးသီးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပေးထားသော လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုလွှာများသည် မဲမသမာမှုများစုံစမ်းစစ်ဆေးမှုများပြုလုပ်နေစဉ်ကာလအတွင်း အကျိုးသက်ရောက်မှုတစ်စုံတစ်ရာမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။


READ NEXT
Cancel OK