Top News

အလုပ် ရမည်ဟုဆိုကာ ပွဲစားက မြန်မာလုပ်သား ၁၀၀ ခန့်ကို လိမ်လည်သဖြင့် ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ ဆန္ဒပြ
24htopnews | November 25, 2024 3:12 AM CST

အလုပ်ရမည်ဟုဆိုကာ ပွဲစားက မြန်မာ လုပ်သား ၁၀၀ ခန့်ကို လိမ်လည်သဖြင့် ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ ဆန္ဒပြခဲ့ ကြောင်း ဘန်ကောက်ပို့စ်သတင်း၌ ဖော်ပြထားသည်။

မြန်မာအလုပ်သမားများက ထိုင်းပွဲစားများကို တစ်ဦးလျှင် ဘတ်သုံးထောင်မှ ခုနစ်ထောင်အကြား ပေးခဲ့ရပြီး အချို့မှာ ငွေလက် ငင်းပုံစံဖြင့်လည်းကောင်း၊ အချို့မှာ ငွေလွှဲ အကောင့်များမှတစ်ဆင့်လည်းကောင်း ပေး ချေခဲ့ရသည်ဟု ဆိုသည်။

ခွန်ခမ်းရဲစခန်းမှ ရဲမှူး ဆွမ်ချိုင်းခိုခါ၏ ပြောကြားချက်အရ အလုပ်သမားများက ယင်းကုမ္ပဏီတွင် အလုပ်လာရောက်စုံစမ်းရာတွင် လုံခြုံရေးက လိမ်လည်သည့် ပွဲစားနှစ်ဦးကို ချိတ်ဆက်ပေးခဲ့ကြောင်း၊ အလုပ်ကို နိုဝင်ဘာ ၂၀ ရက်တွင် စတင်လုပ်ကိုင်ရမည်ဆိုသဖြင့် အလုပ်သမားများမှာ ကန့်ခမ်းမြို့ Ekachai Road &Sd Index Interfurn ကုမ္ပဏီရှေ့သို့ လာရောက်ခဲ့သော်လည်း အလုပ်လုပ်ကိုင်ခွင့် မရရှိခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော် ပြထားသည်။

ညပိုင်းတွင် အလုပ်ဆင်းရမည်ဟု ပွဲစား အမျိုးသမီးတစ်ဦးက ထပ်မံပြောကြားရာ မြန်မာ အလုပ်သမားအချို့က ငွေကြေးပြန်လည် တောင်းခံခဲ့ကြောင်း၊ အဆိုပါအမျိုးသမီးက ပြန်ပေးမည်ဟု ပြောကြားခဲ့ပြီးနောက် ထွက်ပြေးခဲ့ရာ ယင်းကုမ္ပဏီတွင် လူစုလူဝေးဖြစ် ပွားခဲ့သည်ဟု အဆိုပါရဲမှူးက ဆက်လက် ပြော ကားသည်။

ယင်းနောက် မြန်မာလုပ်သားများက ဆန္ဒပြခဲ့ရာ အဆိုပါကုမ္ပဏီမှ မန်နေဂျာတစ်ဦးက ကုမ္ပဏီအနေဖြင့် မည်သည့်အလုပ်သမားမျှ မခေါ်ယူထားကြောင်း၊ ထုတ်လုပ်မှုရပ်ဆိုင်းသွားသောကြောင့် ဂိုဒေါင်တွင် လူ ၁၀ ဦးသာ အလုပ်ခန့်ထားပြီး လုပ်ကိုင်နေကြောင်း မြန်မာလုပ်သားများကို ပြောကြားခဲ့သည်။

ပွဲစားများဟု ဆိုသော အမျိုးသမီးနှစ်ဦး နှင့် ပတ်သက်၍ ကုမ္ပဏီမန်နေဂျာက ၎င်းတို့အား ယခင်က တစ်ခါမှ တွေ့ဆုံခဲ့ခြင်းမရှိ ကြောင်း၊ ၎င်းင်းတို့သည် ကုမ္ပဏီ၏ဝန်ထမ်းများ မဟုတ်ကြောင်း အတည်ပြုပြောဆိုခဲ့သည်။

လက်ရှိတွင် လုံခြုံရေးအစောင့်နှင့် အခြား သံသယရှိသူ များကို စစ်ဆေးမေးမြန်းနေပြီး ပွဲစားအတုများကို လိမ်လည်မှုဖြင့် တရားစွဲ ဆိုမည်ဟု  ရဲမှူး ဆွမ်ချိုင်းခိုခါက ပြောကြား သည်။

 


READ NEXT
Cancel OK