မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်းတစ်ဒေါ်လာ ၂၁၀၀ ကျပ် စျေးသတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၃၀၀ ဝန်းကျင်ထိ စျေးနှုန်းဖြစ်ပေါ်နေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။
နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဝန်းကျင်ဖြင့် စျေးဖွင့်လှစ်ခဲ့သည့် ငွေလဲကောင်တာအများစုတွင် ဒေါ်လာအရောင်းအဝယ်ပြုလုပ်ခြင်းမရှိဘဲ ပြင်ပစျေးကွက်တွင်သာ အရောင်းအဝယ်ပြုလုပ်မှုရှိကြောင်း သိရသည်။
“အခုကတော့ ပြင်ပစျေးကွက်မှာ ဒေါ်လာစျေးက သုံးထောင်ကျော်တာတောင် ဝယ်မရဘူးဖြစ်နေတယ်။ ကြိုက်ရောင်း၊ ကြိုက်ဝယ်သဘောပဲ အလုပ်ဖြစ်နေတာပါ။ ငွေလဲကောင်တာတွေကလဲ အရင်လိုအပြင်ပေါက်စျေးနဲ့ မဝယ်တော့ဘဲ ဗဟိုဘဏ်ပေါက်စျေးနဲ့ပဲဝယ်ပြီး ပြန်ရောင်းတာမရှိတော့ ငွေလဲကောင်တာတွေမှာ ဒေါ်လာဝယ်ဖို့က တော်တော်ခက်ခဲနေတယ်။ အပြင်စျေးကွက်မှာပဲ ဝယ်တဲ့သူနဲ့ရောင်းတဲ့သူ ချိတ်ဆက်ပြီး ဝယ်ရောင်းလုပ်နေကြတာ” ဟု နိုင်ငံခြားငွေကြေးရောင်းဝယ်ပြုလုပ်နေသူတစ်ဦးက ဆိုသည်။
ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ ခုနှစ် သြဂုတ် ၂၉ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၃၂၈၀ ကျပ်၊ စင်ကာပူဒေါ်လာ ၂၄၀၀ ကျပ်၊ မလေးရှားရင်းဂစ် ၇၄၅ ကျပ်၊ ထိုင်းဘတ် ၉၆ ကျပ်၊ တရုတ်ယွမ် ၄၈၅ ကျပ်၊ ဂျပန်ယန်း ၂၄ ကျပ်တို့ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၄၄၃ ဒသမ ၈ သန်းအထိ ရောင်းချထားပြီး ဒီဇင်ဘာလတွင် ဒေါ်လာ ၁၁၈ သန်းအထိ စံချိန်တင်ရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ဗဟိုဘဏ်က ဒေါ်လာ ၁ ဒသမ ၈ သန်း ဝယ်ယူခဲ့သည်။ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လအလိုက်ဒေါ်လာရောင်းချခဲ့မှုအနေဖြင့် ဖေဖော်ဝါရီလတွင် ဒေါ်လာ ၆ ဒသမ ၈ သန်း၊ မတ်လတွင် ရောင်းချမှုမရှိခဲ့ပေ။ ဧပြီလတွင် ဒေါ်လာ ၁၂ သန်း၊ မေလတွင် ဒေါ်လာ ၂၄ သန်းနှင့် ဇွန်လတွင် ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၃၉ သန်း၊ သြဂုတ်လတွင်ဒေါ်လာ ၂၈ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၆၃ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာသန်း ၁၁၀၊ နိုဝင်ဘာလတွင် ဒေါ်လာ ၃၁ သန်းနှင့် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၁၈သန်းဖြင့် စုစုပေါင်းဒေါ်လာ ၄၄၃ ဒသမ ၈ သန်းအထိ ရောင်းချခဲ့သည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအထိ လအလိုက်ရောင်းဝယ်မှုပမာဏများမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ဒေါ်လာ ၃၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၃၁ ဒသမ ၅ သန်း၊ မတ်တွင် ဒေါ်လာ ၂၁ သန်း၊ မေတွင် ဒေါ်လာ ၁၆ ဒသမ ၇ သန်း၊ ဇွန်တွင် ၃၉ ဒသမ ၁ သန်း၊ ဇူလိုင်တွင် ဒေါ်လာ ၃၁ ဒသမ ၁ သန်း၊ သြဂုတ်တွင် ဒေါ်လာ ၃၅ ဒသမ ၆ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၄၄ ဒသမ ၂ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ ၄၃ သန်း၊ နိုဝင်ဘာတွင် ဒေါ်လာတစ်သိန်း၊ ဒီဇင်ဘာလတွင် ဒေါ်လာ ၇ ဒသမ ၈ သန်းဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ဒေါ်လာ ၂ ဒသမ ၇ သန်း၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် ဒေါ်လာသုံးသန်း ပြန်လည်ရောင်းချခဲ့သည်။
-
ဒေါ်လာတစ်သန်းတန် ဘောလုံးစွမ်းရည်ယှဉ်ပြိုင်မှုတွင် ပရိသတ်တစ်ဦးကို စီရော်နယ်လ်ဒို ရှုံးနိမ့်
-
FA ဖလား တတိယအဆင့်တွင် သားဖြစ်သူ တိုင်လာ၏အသင်းနှင့်တွေ့ဆုံခြင်းမှာ အိပ်မက်များ အမှန်တကယ်ဖြစ်လာခြင်းဟု အက်ရှ်လေယန်း ဖွင့်ဟ
-
ဆာလာ၏အနာဂတ်နှင့်မေးမြန်းမှုများကို မန်စီးတီးအသင်း၏ စွဲချက် (၁၁၅) ချက်ကို အကြောင်းပြကာ လီဗာပူးလ်နည်းပြ အာနယ်ဆလော့ နောက်ပြောင်
-
၎င်း၏အမည်ကို သီဆိုအားပေးခြင်းထက် ကစားသမားများနှင့် ကလပ်အသင်းကို သီချင်းလုပ်ဆိုအားပေးရန် မန်ယူပရိသတ်များကို နည်းပြ အာမိုရင်မ် တိုက်တွန်း
-
ဒီဘရိုင်နားနှင့် ဆက်ဆံရေးအဆင်မပြေဖြစ်နေသည်ဟု ပြောဆိုမှုများမှာ မဟုတ်မှန်ကြောင်း မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ တုံ့ပြန်