
Star Wars ဇာတ်ကားများကို အခြေပြုဖန်တီးထားသည့် အပန်းဖြေဥယျာဉ်ကို ကယ်လီဖိုးနီးယားရှိ Disneyland ဖျော်ဖြေရေးဥယျာဉ်၌ မေ ၃၁ ရက်က ဖွင့်လှစ်ခဲ့သည်။
Star Wars: Galaxy’s Edge ဟု အမည်ပေးထားသည့် ယင်းအပန်းဖြေဥယျာဉ်ကို ငါးနှစ်ကျော် အချိန်ယူဆောက်လုပ်ခဲ့ပြီး ဒေါ်လာတစ်ဘီလျံကျော် ကုန်ကျခဲ့သည်ဟု ဒစ္စနေမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းအပန်းဖြေဥယျာဉ် ဖွင့်လှစ်သည့် ပထမသီတင်းသုံးပတ်တွင် ကြိုတင်လက်မှတ် ဝယ်ယူထားသူများသာ လည်ပတ်နိုင်ဦးမည်ဖြစ်သည်။
“Star Wars: Galaxy’s Edge တကယ့်ကို အံ့အားသင့်စရာပါ။ နောက်ဆုံးတော့ ကမ္ဘာကိုဝေမျှနိုင်လို့ ဝမ်းသာရတယ်။ Star Wars ပရိသတ်တွေအတွက် ဇာတ်လမ်းတွေထဲကလို ကိုယ်တိုင် ထိတွေ့ခံစားနိုင်စွမ်း ရှိတော့မှာပါ” ဟု ဝေါဒစ္စနေကုမ္ပဏီဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိ ဘော့အိုင်ဂါက မေ ၂၆ ရက်က ပြုလုပ်ခဲ့သည့် ကြိုတင်ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ ယင်းအခမ်းအနားသို့ Star Wars ဇာတ် ကောင်များဖန်တီးခဲ့သည့် ဂျော့ချ်လူးကတ်စ်နှင့် Star Wars ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ဘီလီဒီးဝီလျံ၊ မက်ဟာမေးလ်နှင့် ဟာရီဆင်ဖို့ဒ်တို့လည်း တက်ရောက်ခဲ့ကြသည်။ မေ ၃၁ ရက် ဖွင့်ပွဲတွင် လည်ပတ်ရန် ကြိုတင်လက်မှတ်ဝယ်ယူနိုင်ခဲ့သည့် Miguel Lanarcia အမည်ရ ပရိသတ်တစ်ဦးက ကြိုတင်လက်မှတ်ရရန်အတွက် ကွန်ပျူတာလေးလုံးကို တစ်ပြိုင်တည်းဖွင့်ပြီး ဝယ်ယူခဲ့ရသည်ဟု ပြောကြားခဲ့သည်။
“Galaxy’s Edge ကို ဝင်ဖို့ ဒေါ်လာ ၁၅၀ ခန့် ကုန်ခဲ့တယ်။ သူတို့က ငွေရှာဖို့ အပန်းဖြေဥယျာဉ် ဖွင့်ခဲ့တယ်ဆိုပေမယ့်လည်း Star Wars ပရိသတ်တွေရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးခဲ့တယ်” ဟု Joe Kaniwa အမည်ရ ပရိသတ်တစ်ဦးက ပြောကြားခဲ့သည်။
၁၄ ဧကကျယ်ဝန်းသည့် ယင်းအပန်းဖြေဥယျာဉ်တွင် stormtrooper စစ်သားများ၊ Chewbacca၊ Rey အစရှိသည့် Star Wars ဇာတ်ကောင်များအပြင် Millennium Falcon အာကာသယာဉ်တို့၏ ပုံတူလည်း ပါဝင်မည်ဖြစ်သည်။ ယင်းအပန်းဖြေဥယျာဉ်သို့ လာရောက်လည်ပတ်သူများသည် Millennium Falcon ပုံတူ အာကာသယာဉ်၏ လေယာဉ်မှူးအခန်းတွင်းသို့လည်း ဝင်ရောက်နိုင်မည် ဖြစ်သည်။ အလားတူ Star Wars အပန်းဖြေဥယျာဉ်တစ်ခုကို သြဂုတ်နှောင်းပိုင်းတွင် ဖလော်ရီဒါရှိ Disney World ၌ ဖွင့်လှစ်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်