
Myanmar Idol Season 4 ပြိုင်ပွဲအား မကြာမီစတင်တော့မည်ဖြစ်ပြီး အကဲဖြတ်ဒိုင်များအဖြစ် ပါဝင်မည့်သူများကိုလည်း အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ Myanmar Idol သီချင်းဆိုပြိုင်ပွဲအား အချိန်အနည်းငယ် နောက်ဆုတ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်များ ပြင်ဆင်လေ့ကျင့်ချိန် ပိုမိုရရှိစေရန်ရည်ရွယ်ကြောင်း Myanmar Idol ပြိုင်ပွဲမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါ်နန်းမောက်လောက်ဆိုင်က ပြောကြားခဲ့သည်။
“Myanmar Idol ကို အားလုံးကလည်း စောင့်မျှော်နေကြပြီ။ ကျွန်မတို့လည်း အဆင်သင့်ဖြစ်နေပါပြီ။ ဒီနှစ်မှာ နည်းနည်း နောက်ဆုတ်ထားတယ်ဆိုတာက ပြိုင်ပွဲဝင်မယ့် ကလေးတွေအတွက် ပိုပြီးပြင်ဆင်ချိန် ရစေချင်တာကြောင့်ပါ။ ဒီပြိုင်ပွဲကနေ ချမ်းသာသူပဲဖြစ်ဖြစ်၊ ဆင်းရဲသူပဲဖြစ်ဖြစ်၊ ဘယ်လိုအလုပ်အကိုင် လုပ်နေသူပဲဖြစ်ဖြစ် ၀ါသနာကို အကောင်းဆုံးပုံဖော်နိုင်ဖို့အတွက် လမ်းကြောင်းတစ်ခုဖြစ်အောင် ကြိုးစားသွားပါမယ်။ ပြိုင်ပွဲနဲ့ပတ်သက်တာတွေကို မကြာခင် အသိပေးသွားပါတော့မယ်။ အကဲဖြတ်ဒိုင်အဖြစ်ပါ ဝင်မယ့်သူတွေကိုလည်း ထုတ်ပြန်ပေးသွားမှာပါ။ ဒီနှစ်မှာ စည်းကမ်းချက်တွေလည်း ပိုပြီးတင်းကျပ်ပါမယ်။ ပြိုင်ပွဲဝင်တွေ ပိုပြီး တော်စေချင်လို့ပါ။ ဒါကြောင့် အကောင်းဆုံးပြင်ဆင်ပြီး လာရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ဒေါ်နန်းမောက်လောက်ဆိုင်က ပြောကြားခဲ့သည်။
Myanmar Idol Season 4 အတွက် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်ကာ လူတွေ့စစ်ဆေးမှုများအား မကြာမီစတင်မည်ဖြစ်ကာ ထုတ်လွှင့်မှုများကိုလည်း မကြာမီ စတင်သွားမည်ဖြစ်သည်။ ယခုနှစ်တွင် အကဲဖြတ်ဒိုင်များ ပြောင်းလဲသွားမည်ဟု သတင်းစကားများ ထွက်ပေါ်နေသော်လည်း ထုတ်ပြန်ပေးမည့် အချိန်ကို စောင့်ဆိုင်းရန် ဖြေကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်