
ရွှေနှစ်ရွှေလို့ ပရိသတ်တွေက ချစ်စနိုးခေါ်ဝေါ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ နှစ်ယောက်လက်ထပ်ပြီး နောက်ပိုင်းမှာ သူတို့စုံတွဲရဲ့ ပထမဆုံးအနုပညာလှုပ်ရှားမှုတစ်ခု အဖြစ် ‘ဧည့်သည်’ ဇာတ်ကားကို မေ ၃၀ ရက်ကစလို့ မြန်မာနိုင်ငံတစ်ဝန်းမှာ ရုံတင် ပြသထားပါတယ်။ ဧည့်သည် ဇာတ်ကားကို ပရိသတ်အများအပြား အားပေးကြည့်ရှု နေကြတာကြောင့် ဒုတိယမြောက်ရက်သတ္တပတ်ကို ဆက်လက်ပြသသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့နှစ်ဦးရဲ့ ဆုံဆည်းမှုအစလို့ပြောလို့ရသလို သူတို့နှစ်ဦးရဲ့ အနုပညာ ကြိုးစားထုတ်မှုတွေကိုပါမြင်တွေ့ရမယ့် ‘ဧည့်သည်’ ဇာတ်ကားနဲ့ပတ်သက်ပြီး ရွှေထူးနဲ့ ရွှေမှုန်ရတီကို မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး - ဧည့်သည်ဇာတ်ကားအပေါ် ရင်ခုန်မှုက ဘယ်လိုရှိလဲ။
ရွှေမှုန်ရတီ- ဒီဇာတ်ကားနဲ့ပတ်သက်ပြီး သူ့အတွက်ပဲ ရင်ခုန်ပါတယ်။ သဲအနေနဲ့ကတော့ ဒီဇာတ်ကားမှာတော့ အိုက်တင် အသစ်လေးတွေ ကြိုးစားထားတာရှိတယ်။ အဲဒီအပေါ်မှာ လိုအပ်တာလေးတွေလည်း ရှိနိုင်တဲ့အတွက် နည်းနည်းစိတ်ပူတာတော့ရှိပါတယ်။
ရွှေထူး - ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ကျွန်တော်ကတော့ ပိုပြီးတော့စိုးရိမ်တယ်။ ဒီဇာတ်ကားက ကျွန်တော့်အတွက် ပထမဆုံးခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ရတဲ့ဇာတ်ကားဖြစ်သလို သရုပ်ဆောင်ချက်တွေကလည်း ကျွန်တော့်အတွက် နည်းနည်းပိုပြီး ခက်ခဲတယ်လို့ ခံစားရတယ်။ အဲဒီအတွက် စိိုးရိမ်တယ် ဆိုတာထက် ပရိသတ်တွေ အားမပေးမှာကို ပိုပြီးတော့စိုးရိမ်ပါတယ်။
မေး- ဧည့်သည်ဇာတ်ကားထဲက သရုပ်ဆောင်မှုပိုင်းတွေနဲ့ပတ်သက်ပြီး ကြိုးစားထားမှုတွေကိုလည်း ပြောပြပေးပါဦး။
ရွှေထူး- ကျွန်တော်က အိုက်တင်ပိုင်းကိုပဲ စိုးရိမ်မိတာပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ်က ဘယ်သင်တန်းဆင်း ဘယ်ကျောင်းဆင်းမှမဟုတ်ဘဲ ကိုယ်နဲ့ရိုက်ကူးကြတဲ့ ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေကပဲ သင်ပေးကြတာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် သင်ပေးကြလို့ပါ။ ဒီဇာတ်ကားမှာ ကျွန်တော်ကောင်းတယ်ဆိုရင်တော့ အဓိကကတော့ ဦးညီ (ဒါရိုက်တာညွန့်မြန်မာညီညီအောင်)နဲ့ ကိုဖြိုး(ဖြိုးငွေစိုး) နဲ့ အဓိကကတော့ သူ(ရွှေမှုန်ရတီ)တို့က သင်ပေးခဲ့ကြလို့ပါ။ အဲဒီအတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကောင်းခဲ့တယ်ဆိုရင်တောင် သူတို့တွေရဲ့ကျေးဇူးကြောင့်သာ ကျွန်တော်ကောင်းခဲ့တာပါ။
ရွှေမှုန်ရတီ- အဓိကကတော့ ဒီဇာတ်ကားမှာ သဲအနေနဲ့ အိုက်တင်တွေလုပ်တဲ့အခါမှာ သဘာဝ ပိုပြီးဆန်တာမျိုးဖြစ်အောင် ကြိုးစားထားတယ်။ သဲအနီးစပ်ဆုံးကြည့်ဖြစ်တဲ့ ထိုင်းဇာတ်ကားတွေထဲကလို အိုက်တင်ပါးပါးလေးတွေနဲ့ ချစ်ဖို့ကောင်းတာမျိုးဖြစ်အောင် ကြိုးစားထားတယ်။ သူတို့လောက်မမီရင်လည်း အနီးစပ်ဆုံး အကောင်းဆုံးဖြစ်အောင် ကိုယ့်ဟန်လေးနဲ့ကိုယ် ကိုယ်လုပ်ရမယ့် ဇာတ်ကောင်နဲ့ လိုက်ဖက်ညီအောင် လိုတိုးပိုလျှော့လေးတွေနဲ့ ကြိုးစားထားပါတယ်။ အိုဗာတင်းတော့ သဲမလုပ်ထားဘူး။ အဲဒီအတွက် ဒီဇာတ်ကားမှာ သဲသရုပ်ဆောင်ထားတာကို ပရိသတ်တွေ ကြိုက်ကြမယ်လို့လည်း မျှော်လင့်ထားပါတယ်။
မေး- ဒီဇာတ်ကားမှာ ကိုယ်နဲ့တွဲဖက်သရုပ်ဆောင်ရတဲ့သူတွေနဲ့ ဆုံတဲ့ဇာတ်ဝင်ခန်းတွေမှာ ဘယ်လိုတွေ ညှိနှိုင်း ကြိုးစားခဲ့ရလဲပြောပြပေးပါဦး။
ရွှေထူး - ကျွန်တော်က အသစ်လေ။ ကိုဖြိုးတို့က ကိုယ့်စီနီယာတွေဆို တော့ စတွေ့တုန်းကတော့ ရှိန်တာပါပဲ။ ဒါပေမဲ့ တကယ်တမ်း သရုပ်ဆောင်ကြတဲ့အခါ ဒီဇာတ်ဝင်ခန်းတွေမှာ နှစ်ယောက်ဆုံတဲ့ရင် ဒီလိုတွေလုပ်သင့်တယ်၊ ဒီလိုတွေဖြစ်သင့်တယ် ဒီလိုတွေဖြစ်ရမယ်ဆိုတာမျိုးကို သူကပဲဦးဆောင်ပြီး လုပ်ပြသွားတယ်။ ကျွန်တော်က နောက်ကနေလိုက်ပြီးတော့ လုပ်ရုံပဲ။ နှစ်ယောက်လုံး ကိုယ်မကြိုက်တာတွေရှိရင်လည်း ပြန်ပြီးရိုက်တယ်။ ကျွန်တော်မကြိုက်တဲ့နေရာတွေမှာ ပြန်ပြီးရိုက်မယ် ဆိုတော့လည်း သူက ပါဝင်ရိုက်ကူးပေးပါတယ်။ ကျွန်တော့်ကို အတော်များများ တွဲခေါ်ပေးတဲ့ ကိုဖြိုး (ဖြိုးငွေစိုး) ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ တချို့ဇာတ်ဝင်ခန်းတွေမှာ စကားတွေအများကြီး တစ်ဆက်တည်းပြောရတဲ့ အခန်းတွေဆိုရင် စကားလုံး၊ လေယူလေသိမ်းမမှားစေဖို့ သရုပ်ဆောင်နိုင်ဖို့က ကျွန်တော့်အတွက် ခက်တယ်။ ကိုယ့်ကြောင့် တစ်ဖက်လူ အက်တင်ပျက်မှာမျိုးကိုလည်း စိုးရိမ်ခဲ့ရတယ်။ အများကြီးလည်းစိတ်ပူခဲ့ရသလို အများကြီးလည်း ကြိုးစားထားပါတယ်။
မေး- ရွှေမှုန့်အနေနဲ့ ရိုက်ကွင်းပေါ်မှာ ရွှေထူးကို သင်ပေးခဲ့တာတွေရှိရင်လည်း ပြောပြပေးပါဦး။
ဖြေ- ရိုက်ကွင်းပေါ်မှာ အိုက်တင်ပိုင်းနဲ့ပတ်သက်လို့ သင်ပေးခဲ့တာတွေတော့ရှိပါတယ်။ ဦးညီ (ညွန့်မြန်မာညီညီအောင်) ပြောတဲ့ သင်ပေးတဲ့ အကြောင်းအရာလေးတွေအပေါ်မှာ ကိုယ်က သူ့ကို ထပ်ပြီး ပြောပြပေးတာလေးတွေ၊ သူမရှင်းတာမျိုးတွေကို ထပ်ပြီး ပြောပြပေးတာမျိုးလေးတွေရှိပါတယ်။ သူတို့နဲ့အတွဲညီဖို့ အရေးကြီးတယ်လေ။
မေး- ဒီဇာတ်ကားကတော့ ရွှေနှစ်ရွှေရဲ့ဇာတ်ကား ရုံတင်တယ်ဆိုတော့ ဒီဇာတ်ကားအပေါ် မျှော်လင့်မှုကရော ဘယ်လိုရှိမလဲ။
ရွှေမှုန်ရတီ - ရွှေမှုန်ရတီအနေနဲ့ ရွှေထူးအပေါ် မျှော်လင့်မှုမျိုး မဟုတ်ဘဲ သူ့ရဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ မျှော်လင့်မှုမျိုးဖြစ်မှာပါ။ ကိုယ့်ယောက်ျားကို ပရိသတ်တွေရဲ့ အားပေးမှုရစေချင်ပါတယ်။
မေး- ဒီဇာတ်ကားမှာ ရွှေထူးရဲ့ သရုပ်ဆောင်မှုတွေကိုရော အမှတ်ဘယ်လောက်ပေးထားလဲ။
ရွှေမှုန်ရတီ- ရွှေမှုန်ရတီအနေနဲ့ ရွှေထူးအပေါ် အမှတ်ပေးရမယ်ဆိုရင်တော့ ၆၀၊ ၇၀ လောက်ပဲပေါ့။ ဒါပေမဲ့့ သူ့ရဲ့ မိန်းမအနေနဲ့ဆိုရင်တော့ သူသရုပ်ဆောင်မှုအပေါ်မှာ အမှတ်ပေးချင်တာ ၁၀၀ ရာခိုင်နှုန်းပါပဲ။
မေး- ရွှေထူးအနေနဲ့ ဇာတ်ကား ရုံတင်ချိန်မှာဖြစ်ရတဲ့ ခံစားချက်ဆိုရင်ရော။
ရွှေထူး - စီးရီးထွက်တာပဲဖြစ်ဖြစ်၊ ဇာတ်ကားရုံတင်တာပဲဖြစ်ဖြစ် ခံစားရတဲ့ ရင်ခုန်မှုကတော့ နီးလာလေလေ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဗျာများရလေလေပါပဲ။ စီးရီးထွက်တာကတော့ ကိုယ်ပိုင်နိုင်တာဖြစ်လို့ နည်း နည်းစိတ်ပူတာ လျော့ပေမယ့် ဇာတ်ကား ရုံတင်တာကျတော့ ကိုယ့်အတွက် ပိုပြီးတော့ စိတ်ပူရပါတယ်။
မေး- ဧည့်သည်ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တာရှိရင်။
ရွှေထူး - ကျွန်တော့်ရဲ့ အနုပညာကြိုးစားမှုကို ရုပ်ရှင်ရုံမှာလာပြီးအားပေးပါလို့ ပြောချင်ပါတယ်။ ကျွန်တော့်ရဲ့ သရုပ်ဆောင်မှုတွေအပေါ်မှာလည်း ဝေဖန်အကြံပေးကြပါလို့ ပြောချင်ပါတယ်။ အားပေးကြတဲ့ အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်။
ရွှေမှုန်ရတီ- ရွှေမှုန်တို့အားလုံး သေချာကြိုးစားထားတဲ့ ဇာတ်ကားလေး ဖြစ်သလို ပရိသတ်တွေအတွက် နှစ်သက်စရာ အချစ်ဇာတ်ကားလေးလည်း ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ အားပေးကြပါဦး။ အားပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်