Top News

ဂျေဇီးက ဟစ်ဟော့ပ်ဂီတလောက၏ ပထမဆုံးဘီလျံနာဖြစ်လာဟု Forbes က ထုတ်ပြန်
24htopnews | November 24, 2024 4:12 PM CST

ဂီတအလုပ်များသာမက ဖက်ရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းတို့တွင် အင်ပါယာတစ်ခုထူထောင်ထားသည့် ဂျေဇီးသည် ဟစ်ဟော့ပ်ဂီတလောက၏ ပထမဆုံးဘီလျံနာဖြစ်လာပြီဟု Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့သည်။

ဂျေဇီး (Shawn Carter) ၏ ကြွယ်ဝမှုသည် ယခုအခါ ဒေါ်လာ တစ်ဘီလျံရှိလာပြီဟု Forbes က ခန့်မှန်းခဲ့သည်။ ၎င်းသည် Forbes ၏ နောက်ဆုံးထုတ် မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ဘီလျံနာ ၀ါရင်းဘက်ဖက်နှင့်အတူ ဖော်ပြခံခဲ့ရသည်။

အသက် ၄၉ နှစ်အရွယ်ရှိ ဂျေဇီးသည် သီချင်းရောင်းချရမှုဝင်ငွေ ဒေါ်လာ ၇၅ သန်း၊ Armand de Brignac ပြင်သစ်ရှန်ပိန်ဝိုင်နှင့် D’Usse ကော့ညက်အရက်ကုမ္ပဏီတို့တွင် ဒေါ်လာသန်း ၄၁၀ ရှိ ရှယ်ယာများပိုင်ဆိုင် မှု၊ Uber တွင် ဒေါ်လာ သန်း ၇၀ ခန့်တန်ဖိုးရှိ ရှယ်ယာပိုင်ဆိုင်မှု၊ Roc Nation ကုမ္ပဏီမှ ဒေါ်လာ ၇၅ သန်း၊ အွန်လိုင်းသီချင်းထုတ်လွှင့်သည့် ဝက်ဘ်ဆိုက် Tidal တွင် ဒေါ်လာသန်း ၁၀၀ တန်ဖိုးရှိ ရှယ်ယာပိုင်ဆိုင်မှု၊ ဒေါ်လာ သန်း ၅၀ ခန့်တန်ဖိုးရှိ အနုပညာပစ္စည်းများ စုဆောင်းမှုအပါအဝင် စုစုပေါင်း ပိုင်ဆိုင်မှု ဒေါ်လာတစ်ဘီလျံ ရှိခဲ့သည်။ ဂျေဇီး၏ ဇနီးဖြစ်သူ အဆိုတော်ဘီယွန်းစေးသည် ဂီတနှင့် ကြော်ငြာလုပ်ငန်းတို့မှ ဝင်ငွေ ဒေါ်လာ ၃၃၅ သန်း ရရှိခဲ့သည်။ ဂျေဇီးနှင့် ဘီယွန်းစေးဇနီး မောင်နှံသည် နှစ်ဦးပေါင်းဝင်ငွေ ဒေါ်လာ တစ်ဘီလျံကျော်ရရှိသည့် ဇနီးမောင်နှံအဖြစ် ၂၀၁၇ ခုနှစ်တွင် ဖော်ပြခံခဲ့ရသည်။

“I’m not a businessman , I’m a business,man ”ဆိုသော ရက်ပ်စာသား သီဆိုခဲ့သည့် ဂျေဇီးသည် အနုပညာလောကတွင် လက်တစ်ဆုပ်စာမျှသာရှိသည့် ဘီလျံနာများထဲမှ တစ်ဦးဖြစ်သည်ဟု Forbes က ဆိုသည်။

ဘရွတ်ကလင်း၏ နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သည့် အိမ်ရာစီမံကိန်းတစ်ခုတွင် ကြီးပြင်းခဲ့သည့် ဂျေဇီးသည် ၁၉၉၆ ခုနှစ်တွင် ပွဲဦးထွက်အယ်လ်ဘမ် Reasonable Doubt ဖြင့် အောင်မြင်မှုရရှိခဲ့သည်။ ၂၀၀၁ ခုနှစ်က ဖြန့်ချိခဲ့သည့် ၎င်း၏ ဆဋ္ဌမမြောက်အယ်လ်ဘမ The Blueprint သည် ကွန်ဂရက်စာကြည့်တိုက်၏ မော်ကွန်းတိုက်တွင် စာရင်းသွင်းဖော်ပြခံခဲ့ရသည်။ ]

ရက်ပ်အဆိုတော် Dr Dre သည် Beats နားကြပ်ကုမ္ပဏီကို Apple သို့ ရောင်းချခဲ့ပြီးနောက်၂၀၁၄ ခုနှစ်တွင် ဘီလျံနာဖြစ်ခဲ့သော်လည်း ၎င်း၏ တစ်ဦးတည်းကြွယ်ဝမှုသည် ဒေါ်လာ သန်း ၇၇၀ ခန့်သာ ရှိတော့သည်ဟု Forbes က ၂၀၁၈ ခုနှစ်တွင် ဖော်ပြခဲ့သည်။


READ NEXT
Cancel OK