
ပြင်သစ်ဘောလုံးအဖွဲ့ကို တုန်လှုပ်စေခဲ့သည့် လိင်အရှုပ်တော်ပုံတွင် အသက်မပြည့်သေးသည့် ပြည်တန်ဆာအဖြစ်ထင်ရှားခဲ့သည့် ဇာဟီယာဒီဟာပါဝင်သရုပ်ဆောင်ထားသည့် ပြင်သစ်ဇာတ်မြူးဇာတ်ကား An Easy Girl သည် မေ ၂၃ ရက်တွင် ကိန်းရုပ်ရှင်ပွဲတော်၏ Directors’ Fortnight ကဏ္ဍ၏ အကောင်းဆုံးဇာတ်ကားဆု ဆွတ်ခူးခဲ့သည်။
တစ်ဝမ်းကွဲအစ်မ၏ လွတ်လပ်ပေါ့ပါးသော လူနေမှုပုံစံကို အားကျမိခဲ့သည့် အသက် ၁၆ အရွယ် ဆယ်ကျော်သက် မိန်းကလေးအကြောင်းကို ပြင်သစ်အမျိုးသမီး ဒါရိုက်တာ Rebecca Zlotowski ရိုက်ကူးထားသည့် ယင်းဇာတ်ကားသည် ဇာဟီယာဒီဟာ၏ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားဖြစ်သည်။
ယင်းဇာတ်ကားတွင် ဇာဟီယာဒီဟာ၏ သရုပ်ဆောင်မှုကို အကဲဖြတ်ဒိုင်များနှင့် ရုပ်ရှင်ဝေဖန်သူများက ဝေဝေဆာဆာချီး မွမ်းခဲ့ကြသည်။ Hollywood Reporter မဂ္ဂဇင်းကမူ ဒီဟာ၏ ဆွဲဆောင်မှုရှိသည့် သရုပ်ဆောင်မှုကို ၁၉၆၀ ပြည့်လွန်နှစ်များက အောင်မြင်ခဲ့သည့် ပြင်သစ်ရုပ်ရှင်သရုပ်ဆောင် Brigitte Bardotနှင့် ခိုင်းနှိုင်းခဲ့သည်။
ပြင်သစ် - အယ်လ်ဂျီးရီးယားနွယ်ဖွား သရုပ်ဆောင် ဇာဟီယာဒီဟာသည် အသက် ၁၇ နှစ် အရွယ်တွင် ပြင်သစ်ဘောလုံး ကစားသမားများ ဖြစ်သည့် ဖရန့်ရီဘာရီနှင့် ကာရင်ဘန်ဇီမာတို့အတွက် အခကြေးငွေဖြင့် လိင်ဝန်ဆောင်မှုပေးခဲ့မှု အရှုပ်တော်ပုံကြောင့် ထင်ရှားခဲ့သည်။
ယင်းကစားသမားနှစ်ဦးသည် ဒီဟာ၏ အသက်ကိုသတိမပြုမိခဲ့ဟု ထွက်ဆိုခဲ့သောကြောင့် စွဲဆိုခံရသည့် စွပ်စွဲချက်အားလုံးမှ၂၀၁၄ ခုနှစ်တွင် တရားသေလွတ်မြောက်ခဲ့သည်။
ဒီဟာသည် ယင်းဖြစ်စဉ်အပြီးတွင် မော်ဒယ်လောကသို့ ဝင်ရောက်ခဲ့ပြီး လူမှုမီဒီယာတွင် ထင်ပေါ်ကျော်ကြားခဲ့သည်။ ဒီဟာသည် ကိုယ်ပိုင်တံဆိပ်ဖြင့် အမျိုးသမီးအတွင်းခံ ထုတ်လုပ်ခဲ့ရာတွင်လည်း အောင်မြင်မှု ရရှိခဲ့သည်။
ယခုနှစ် ကိန်းရုပ်ရှင်ပွဲတော်၏ Critics’ Week ကဏ္ဍတွင် ပြင်သစ်အန်နီမေးရှင်းဇာတ်ကား I Lost My Body က ထိပ်တန်းဆုဖြစ်သည့် Nespresso Grand Prize ကို ဆွတ်ခူးခဲ့သည်။
၂၀၁၉ ခုနှစ်ကိန်းရုပ်ရှင်ပွဲတော်ကို မေ ၁၄ ရက်မှ မေ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အမြင့်ဆုံးဆုဖြစ်သည့် ရွှေအုန်းပင်ဆုကို မေ ၂၅ ရက် နှောင်းပိုင်းတွင် ပေးအပ်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်