
အာဆီယံနိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် Best of Photography ဆုရရှိခဲ့သည့် ‘မီ’ ရုပ်ရှင်ဇာတ်ကားအား အင်္ဂလန်နိုင်ငံလန်ဒန်မြို့၌ ပြသခဲ့ကာ ယင်းပွဲချိန်နှင့်တစ်ပြိုင်နက်တည်းတွင် စင်ကာပူနိုင်ငံရှိ Cathay Cineplex ရုပ်ရှင်ရုံ၌ လည်းပြသခဲ့ကြောင်း သိရသည်။ မြန်မာနှင့်စင်ကာပူတို့တွင် ရုံတင်ပြသခဲ့ကာ ပရိသတ်အားပေးမှုများစွာ ရရှိခဲ့သည့် ‘မီ’ ရုပ်ရှင်ဇာတ်ကားအား လန်ဒန်တွင်သွားရောက်ပြသခဲ့ခြင်းဖြစ်ပြီး စင်ကာပူတွင်လည်း အထူးပွဲစဉ်အဖြစ်ထပ်မံပြသခဲ့ခြင်း ဖြစ်သည်။
“မီ ရုပ်ရှင်ဇာတ်ကားကို လန်ဒန်မြို့မှာ ပြသမယ့်ပွဲချိန်နဲ့တစ်ပြိုင်တည်းမှာ အထူးပွဲစဉ်တစ်ခုအဖြစ် စင်ကာပူမှာ ပြသခဲ့ပါတယ်။ မီဇာတ်ကားကို မကြည့်ရသေးတဲ့ ပရိသတ်တွေပဲဖြစ်ဖြစ်၊ နောက်တစ်ကြိမ် ထပ်မံကြည့်ရှုလိုတဲ့ ပရိသတ်တွေပဲဖြစ်ဖြစ် ကြည့်ရှုအားပေးနိုင်ဖို့ အတွက်ပါ။ မေ ၂၆ ရက်မှာ ပွဲစဉ်တစ်ပွဲတည်းပြသခဲ့ပါတယ်” ဟု MSCT Singapore မှ ကိုဇော်ဇော်အောင်က ဆိုသည်။
‘မီ’ ရုပ်ရှင်ဇာတ်ကားမှာ စာရေးဆရာမကြည်အေး၏ဝတ္ထုကို ဒါရိုက်တာဏကြီးရိုက်ကူးထားကာ သရုပ်ဆောင်အကယ်ဒမီနေတိုး၊ အကယ်ဒမီရဲအောင်၊ အကယ်ဒမီပိုင်ဖြိုးသု၊ သားညီနှင့်သရုပ်ဆောင်များစွာ ပါဝင်ထားသည်။ ‘မီ’ ရုပ်ရှင် ဇာတ်ကားတွင်ဘဝကို အရွဲ့တိုက်ကာ စိတ်ထင်တိုင်းနေနေသည့် မိန်းကလေးတစ်ဦး၊ မိမိအား ချစ်ခင်သူ ယောကျ်ားများကိုလည်း အရေးမစိုက်ဘဲ အပျော်တွဲကာနေတတ်သူဖြစ်ကာ ၎င်းအားချစ်မြတ်နိုးလွန်းသူ အမျိုးသားတစ်ဦးနှင့်ဆုံတွေ့ရာမှ ဖြစ်ပေါ်လာသည့် ခံစားမှုများ၊ အဖြစ်အပျက်များအကြောင်းကို ပုံဖော်ထားခြင်းဖြစ်သည်။ ယင်းဇာတ်ကားမှာ ပြည်တွင်းတွင်လည်း Star Awards ဆုပေးပွဲ၌ ဆုများရရှိခဲ့ကာ အာဆီယံနိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင်လည်း Best of Photography ဆုအား ရရှိခဲ့သည်။
‘မီ’ ရုပ်ရှင်ဇာတ်ကားမှာ ပြည်တွင်းတွင် နှစ်ကျော့ ပြန်ရုံတင်ပြသခွင့်ရရှိခဲ့သည်။ လန်ဒန်တွင် ဇာတ်ကားပြသသည့် အစီအစဉ်သို့သရုပ်ဆောင်အကယ် ဒမီပိုင်ဖြိုးသုတက် ရောက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်