
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် NUG နှင့် RCSS အကြား နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ပဏာမ သဘောတူစာချုပ်မှာ အတုအယောင်ဖြစ်ပြီး သတင်းအမှားသာဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ၎င်း၏ပြန်ကြားရေး သတင်းဌာနဖြစ်သည့် Tai Freedom မှတစ်ဆင့် စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန်ရှင်းလင်းခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် လက်ရှိတိုင်းပြည်နိုင်ငံရေးအကျပ်အတည်းကာလတွင် မိမိကြိုက်နှစ်သက် အားပေးထောက်ခံသော အဖွဲ့အစည်းတစ်ခုခုကို မျက်စိစုံမှိတ်၍ တစ်ဖက်စွန်းထောက်ခံသူများသည် အခြားအဖွဲ့အစည်းတစ်ခုခုကို အမြင်အထင်လွဲမှားစေရေးနှင့် မိမိထောက်ခံသောအဖွဲ့အစည်း တစ်ခုခုကို ထောက်ခံအားပေးလာစေရေးအတွက် သတင်းမှားများကို နည်းလမ်းပေါင်းစုံဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းကျင့်ဝတ်သိက္ခာမဲ့စွာ အဆက်မပြတ်ဖော်ပြလာသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။
၂၀၂၁ခုနှစ် စက်တင်ဘာ ၈ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့အကြား နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ပဏာမသဘောတူညီချက်ဟူသော တကယ့်သဘောတူစာချုပ် ကဲ့သို့ထင်ရသည့် စာချုပ်အတုတစ်ခု၊ သတင်းအမှားတစ်ရပ်ကို တစ်စုံတစ်ဦး သို့မဟုတ် တစ်စုံတစ်ခုသော အဖွဲ့အစည်းက လူမှုကွန်ရက်ပေါ်တွင် ရည်ရွယ်ချက်ရှိရှိဖြင့် ဖြန့်ချိသတင်းတင် ဖော်ပြခဲ့သည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် အဖွဲ့အစည်းတစ်ခုဖြစ်သည်နှင့်အညီ လက်ရှိနိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) နှင့်အတူတကွ ပူးပေါင်းလက်တွဲ ဆောင်ရွက်နေကြောင်း ပါရှိသည်။
ထို့ကြောင့် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသော NUG နှင့် RCSS ပဏာမ သဘောတူညီချက်ဟူသည့် သဘောတူညီချက်သည် အတုအယောင်သာဖြစ်ပြီး သတင်းအမှားသာဖြစ်ကြောင်း RCSS ၏ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ရှင်းလင်းအပ်ကြောင်း ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်