
NUG အနေဖြင့် အရေးပေါ်အခြေအနေကြေညာထားမှုကို ပြန်လည်ရုပ်သိမ်းပေးရန်နှင့် ကရင်ဒေသကို အခြေပြု၍ စစ်ရေး လှုပ်ရှားခြင်းမပြုလုပ်ရန် ကရင်အမျိုးသားအစည်းရုံး (KNU) ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း၏ မေတ္တာရပ်ခံစာတစ်စောင်သည် လှုမှုကွန်ရက်စာမျက်နှာများပေါ်တွင် ထွက်ပေါ်လာသည်။
စက်တင်ဘာ ၇ ရက်တွင် NUG က ပြည်ထောင်စုတစ်ဝန်းလုံးကို အရေးပေါ် အခြေအနေကြေညာကြောင်း ထုတ်ပြန်ခဲ့ပြီး ယင်းနေ့ နေ့စွဲဖြင့်ပင် KNU ဒူးပလာ ယာခရိုင်ဥက္ကဋ္ဌ၏ မေတ္တာရပ်ခံစာတစ်စောင် ထွက်ပေါ်လာကာ အဆိုပါ မေတ္တာရပ်ခံစာကို ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုးထားသည်။
အဆိုပါ မေတ္တာရပ်ခံစာနှင့်ပတ်သက်၍ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် KIC က စက်တင်ဘာ ၈ ရက်တွင် သတင်းဖော်ပြခဲ့ပြီး အဆိုပါ သတင်းတွင် KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက “အခု သူတို့ (NUG) လုပ်နေတာက အရင်ကျွန်တော်တို့ ကြုံတွေ့ခဲ့ရသလို ပုံစံမျိုး ထပ်မကြုံတွေ့စေချင်တော့ဘူး။ အကောင်းဆုံးက နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းမှာ ဖြေရှင်းကြတာက အကောင်းဆုံးပဲလို့ မြင်တဲ့အတွက် ကျွန်တော့်သဘောထားကို ကျွန်တော်ထုတ်ပြန်လိုက်တာပဲ။ ကျွန်တော်တို့ KNU ကလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ သဘောထားရှိထားသလိုပဲ အဲဒီအတိုင်းဆက်သွားဖို့ သဘောထားရှိတယ်” ဟု ပြောကြားထားသည်။
စက်တင်ဘာ ၇ ရက်တွင် NUG က ကြေညာခဲ့သည့် ကြေညာချက်စာသည် စစ်ကြေညာလိုက်သည့် အသွင်ဆောင်ခြင်းကြောင့် ၎င်းအနေဖြင့် လွန်စွာထိတ်လန့်စိုးရွံ့မိကြောင်း KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း၏ မေတ္တာရပ်ခံစာတွင် ဖော်ပြထားသည်။
စစ်ကြောင့် နိုင်ငံသူ၊ နိုင်ငံသားများ စားဝတ်နေရေး ဆင်းရဲကြရပြီး ဒုက္ခမျိုးစုံ ကြုံခဲ့ရပြီးဖြစ်သည့်အတွက် ထပ်မံမကြုံတွေ့စေလိုတော့ကြောင်း၊ NUG အနေဖြင့် ၎င်း၏ ကြေညာချက်ကို မရုပ်သိမ်းနိုင်ခဲ့သည်ရှိသော် ကျွနု်ပ်တို့၏ အမိမြေကို စစ်တလင်းအဖြစ်သို့ ပို့ဆောင်ပေးသည့်သဘောဆောင်နေကြောင်း KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌ၏ မေတ္တာရပ်ခံစာတွင် ပါရှိသည်။
ထို့ကြောင့် NUG အနေဖြင့် ၎င်းတို့၏ အရေးပေါ်ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းပေးရန်နှင့် ကရင်ပြည်နယ်ကို အခြေပြု၍ စစ်ရေးဆောင်ရွက်မှုများ မပြုလုပ်ရန် KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက မေတ္တာရပ်ခံသည်။
ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နိုင်ငံရေးရပ်တည်ချက်နှင့်အညီ နိုင်ငံရေးပြဿနာရပ်ကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာရန် အနူးအညွတ်မေတ္တာရပ်ခံကြောင်းလည်း KNU ဒူးပလာယာ ခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက မေတ္တာရပ်ခံသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်