အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအပါအဝင် နိုင်ငံရေးပါတီများ၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် ဥပဒေအား မည်မျှ ကျော်လွန်ချိုးထောက်ထားသည်ဆိုသည့်အပေါ် မူတည်ပြီး ယင်းပါတီများ၏ အနာဂတ်ကို ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗိုလ်မှူးကောင်းထက်စံက ပြောကြားခဲ့သည်။
မေ ၇ ရက်က Video Conferencing ဖြင့် ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီနှင့်ပတ် သက်၍ UEC က ဆောင်ရွက်နေမှုများအပေါ် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန် လည်ဖြေကြားရာတွင် ဗိုလ်မှူးကောင်းထက်စံက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ ခြင်းဖြစ်သည်။
“ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရစပြီးတော့ တက်လာတဲ့အ ချိန်ကပြီးတော့ ပထမဦးဆုံး UEC ကို ဖွဲ့စည်း ပြီးတော့မှ အခု ပြီးခဲ့တဲ့ရွေးကောက်ပွဲက မဲစာ ရင်းတွေကို ကျွန်တော်တို့ စစ်ဆေးလျက်ရှိပါ တယ်။ ဒါလည်း အတိုင်းအတာတစ်ခုအထိ ခရီးရောက်နေပါပြီ။ ဆိုတော့ အဲဒီမဲစာရင်း တွေအားလုံး စစ်ဆေးပြီးသွားတဲ့အချိန်မှာ ထွက်လာတဲ့ မဲနဲ့ပတ်သက်တဲ့ မသမာမှုကိစ္စ တွေ၊ ရလဒ်တွေ၊ ဒါတွေအပေါ်မူတည်ပြီးတော့၊ ဒါအပြင် ခုနတုန်းက NLD ပါတီပဲဖြစ်ဖြစ်၊ ဘယ်ပါတီပဲဖြစ်ဖြစ် သူတို့ ဒီကြားထဲမှာ သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ ဥပဒေနဲ့ ဘယ်လောက် ညီညွတ်သလဲ။ ဥပဒေကို ဘယ်လောက်တောင်မှ ကျော်လွန်ချိုးဖောက်ထားသလဲဆိုတဲ့အပေါ်မူတည်ပြီးတော့မှ ဒီပါတီတွေရဲ့ အနာဂတ်ဟာ ဥပဒေအတိုင်း ဆက်လက်ပြီးတော့မှ ကျွန်တော်တို့ ဆောင် ရွက်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်မှူး ကောင်းထက်စံက ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ရေးကောင်စီ အစိုးရအဖြစ် တာဝန်ယူပြီးသည့်နောက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို အသစ်ပြန်လည်ဖွဲ့စည်း၍ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပေါ်ထွက်ခဲ့ သည့် မဲရလဒ်များနှင့်ပတ်သက်၍ ပြန်လည် စစ်ဆေးမှုများ ပြုလုပ်နေသလို မဲစာရင်းမှားယွင်းမှုများရှိနေသည်ကို ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
ဗိုလ်မှူးကောင်းထက်စံက “အဲတော့ ကျွန်တော်တို့ NLD ပါတီနဲ့ပတ်သက်ပြီးတော့ ခုနကမေးတဲ့ အခုရှိသေးလားဆိုတာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဒီနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နောက်တစ်ခါ ဖွဲ့စည်း ပုံအခြေခံဥပဒေတွေအရ နိုင်ငံရေးပါတီတွေ ရပ်တည်ပိုင်ခွင့်က သတ်မှတ်ပေးထားတာဖြစ် ပါတယ်။ နောက်တစ်ခါ အခြေခံဥပဒေရဲ့ နိုင်ငံရေးပါတီများ အခန်းပေါ့၊ ဒီအခန်းမှာဆို လို့ရှိရင်လည်း ပုဒ်မ ၄၀၇ (ခ) မှာဆိုလို့ရှိရင် နိုင်ငံရေးပါတီတစ်ခုဟာ သောင်းကျန်းသူတွေ၊ အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူတွေ၊ မတ ရားအသင်းကြေညာခံထားရတဲ့ အဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေနဲ့တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက် ဆက်သွယ်ခြင်း မပြုရဘူးလို့ အခြေခံဥပဒေ ကနေပြီးတော့ တိတိကျကျ တားမြစ်ထားတာရှိ ပါတယ်။ ဆိုတဲ့အခါကျတော့ နောက်တစ်ချက် ကလည်း UEC အနေနဲ့လည်း ကျွန်တော်တို့ ရဲ့ ရှေ့လုပ်ငန်းစဉ်တွေထဲမှာလည်း ပါပါ တယ်” ဟု ပြောကြားသည်။
လက်ရှိအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ် အောင်ဆန်းစုကြည်နှင့် ပါတီဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးဝင်းမြင့်တို့ကို ဖမ်းဆီးထိန်းသိမ်း၍ တရားစွဲဆိုထားပြီး NLD ပါတီ၏ အခြားသော ပါတီထိပ်ပိုင်းခေါင်းဆောင်များသည်လည်း ဖမ်းဆီးထိန်း၍ တရားစွဲဆိုခံရထားကြောင်း သိရသည်။
-
လူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့် NUG နှင့် RCSS အကြား နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ပဏာမ သဘောတူစာချုပ်မှာ အတုအယောင်ဖြစ်ပြီး သတင်းအမှားသာဖြစ်ဟု RCSS ထုတ်ပြန်
-
တိုင်းရင်းသားလက်နက်အဖွဲ့အစည်းအချို့ အကြောင်းအမျိုးမျိုးပြ၍ NCA သဘောတူညီချက်များ ချိုးဖောက်မှုများရှိသော်လည်း နိုင်ငံသားရပိုင်ခွင့်များနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြာ
-
အရေးပေါ်အခြေအနေကြေညာထားမှုကို ပြန်လည်ရုပ်သိမ်းပေးရန်နှင့် ကရင်ဒေသကိုအခြေပြု၍ စစ်ရေးလှုပ်ရှားခြင်းမပြုလုပ်ရန် KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ၏ မေတ္တာရပ်ခံစာ ထွက်ပေါ်
-
မြန်မာ့အရေးဖြေရှင်းမည့် အာဆီယံအထူးသံတမန်ကို အပြည့်အဝထောက်ခံကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
-
NLD ပါတီအပါအဝင် နိုင်ငံရေးပါတီများ၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် ဥပဒေအား မည်မျှကျော်လွန် ချိုးဖောက်ထားသည် ဆိုသည့်အပေါ်မူတည်ပြီး ပါတီများ၏အနာဂတ်ကို ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်ရေး အဖွဲ့ဝင် ပြောကြား