Top News

ပြည်တွင်းအခွန်များဦးစီးဌာနက ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း အခွန် ကျပ်ဘီလျံ ၂၉၀ ကျော်ရရှိခဲ့ပြီး အခွန်လျာထားချက်၏ ၄ ဒသမ ၆၈ ရာခိုင်နှုန်းကောက်ခံရရှိ
24htopnews | November 24, 2024 5:12 AM CST

ပြည်တွင်းအခွန်များ ဦးစီးဌာနအနေ ဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလအတွင်း အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်း ကျပ် ၂၉၀ ဒသမ ၀၃၇ ဘီလျံရရှိခဲ့ပြီး အခွန်လျာထားချက်၏ ၄ ဒသမ ၆၈ ရာခိုင်နှုန်းကောက်ခံရရှိခဲ့ကြောင်း သိရသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အခွန် ကျပ် ၆၅၈၆ ဘီလျံကျော် ကောက်ခံရန် မျှော်မှန်းထားခြင်းဖြစ်ပြီး အောက်တိုဘာလအတွင်း ကျပ်ဘီလျံ ၂၉၀ ကျော်ကောက်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၅၈ ဒသမ ၇၆၀ ဘီလျံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀ ဒသမ ၁၄၇ ဘီလျံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၂၃၁ ဒသမ ၁၃၀ ဘီလျံ ပါဝင်ခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း အခွန်တစ်မျိုးချင်း ကောက်ခံရရှိမှုအခြေအနေမှာ ဝင်ငွေခွန် ကျပ် ၁၅၄ ဒသမ ၀၄၇ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၈၁ဒသမ ၆၅၀ ဘီလျံ၊ အထူးကုန်စည်ခွန် ကျပ် ၄၀  ဒသမ ၉၅၃ ဘီလျံ၊ တံဆိပ်ခေါင်းခွန် ကျပ် ၃ ဒသမ ၈၀၃ ဘီလျံ၊ အောင်ဘာလေသိန်းဆု ခွန် ၉ ဒသမ ၅၈၄ ဘီလျံတို့ဖြစ်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း (၂၀၁၈ ခုနှစ် အောက်တိုဘာမှ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း) အခွန်အရပ်ရပ် စုစုပေါင်း ကျပ် ၇၅၇၅ ဒသမ ၉၃၄ ဘီလျံ ကောက်ခံရန်လျာထားပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနမှကောက်ခံသည့် ဝင်ငွေခွန်မှ ကျပ် ၂၃၂၄ ဒသမ ၈၁၆ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ် ၂၁၂၂ ဒသမ ၈၃၈ ဘီလျံ၊ အထူးကုန်စည်ခွန်မှ ကျပ် ၁၃၉၁ ဒသမ ၄၅၉ ဘီလျံ၊ တံဆိပ်ခေါင်းခွန်မှ ၇၄ ဒသမ ၆၃၆ ဘီလျံ၊ အောင်ဘာလေသိန်းဆုခွန်မှ ကျပ် ၁၄၂ ဒသမ ၇၈၁ ဘီလျံအထိရရှိရန် မျှော်မှန်းထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ နှစ်အလိုက် အခွန်ကောက်ခံရရှိမှုပမာဏများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၉၃ ဘီလျံ၊ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၂ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ကျပ် ၄၄၅၁ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်တွင် ကျပ် ၆၅၁၈ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၆၃၁၄ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၇၁၂၂ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကျပ် ၇၅၄၆ ဘီ လျံ၊ ၂၀၁၈ ဧပြီ-စက်တင်ဘာ ခြောက်လတာ ကြားကာလတွင် ကျပ် ၂၇၉၂ ဘီလျံ ကောက်ခံနိုင်ခဲ့သည်။

အခွန်ကောက်ခံရရှိမှုနှင့် ဂျီဒီပီအချိုး မှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၈ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင် ၇ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၁ ရာခိုင်နှုန်း (မူလခန့်မှန်းခြေ)၊ ၂၀၁၈ ဧပြီ -စက်တင်ဘာ ကြားကာလတွင်  ၈ ဒသမ ၄၉ ရာခိုင်နှုန်း (မူလခန့်မှန်းခြေ) ဖြစ်သည်။

မြန်မာနိုင်ငံ၏ အခွန်ကောက်ခံရရှိမှုသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ လေးနှစ်ဆက်တိုက် မြင့်တက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အနည်းငယ်ပြန်ကျကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြန်လည်မြင့် တက်ခဲ့သည်။ ထိုသို့အခွန်ကောက်ခံမှု မြင့်တက်လာသော်လည်း အခွန်ရငွေနှင့် ဂျီဒီပီ အချိုးသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ကျ ဆင်းခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီ-စက်တင်ဘာ ကြားကာလတွင် ပြန်လည်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။                                 

 


READ NEXT
Cancel OK