
ဒေသဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့ နေပြည်တော်တွင် သြဂုတ် ၁၂ ရက်က အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်းပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းဗဟိုဌာန (NRPC) တွင် သြဂုတ် ၁၂ ရက်က ပြုလုပ်သည့် အစိုးရနှင့် NCA-S EAO အလုပ်အဖွဲ့ အစည်းအဝေးအပြီးတွင် သတင်းမီဒီယာများ၏မေးမြန်းမှုကို ဦးဇော်ဌေးက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ ဒီနေ့ ချိန်းပြီးတွေ့ရတာ ဖြစ်ပါတယ်။ အဓိကအားဖြင့်ဆွေးနွေးတာက ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးပေါ့။ ဒီကိစ္စတွေကတော့ အဓိကပါပဲ။ လူကြီးတွေတွေ့တဲ့အချိန်မှာ ပုံမှန်အစည်းအဝေးခန်းထဲ တွေ့တာထက်စာရင် အလွတ်ပေါ့။ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါး တွေ့တယ်။ သူတို့ပြောနိုင်တယ်ဆိုရင် နှစ်ယောက်ပိုပြီးတော့လည်း နားလည်မှု တည်ဆောက်နိုင်မယ်။ ယုံကြည်မှုလည်း ပိုခိုင်မာလာမယ်။ အထူးသဖြင့်ကတော့ အဲဒီကိစ္စတွေပဲ ပြောကြာတာပါ” ဟု ဦးဇော်ဌေးက ပြောကြားသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိလာချိန်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံလိုကြောင်း အဆိုပြုသဖြင့် အလွတ်သဘော တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ RCSS ဥက္ကဌ နေပြည်တော် JICM ၊ PPST အစည်းအဝေးတက်ဖို့ ရောက်လာတယ်။ သူ့ရဲ့ခရီးစဉ် ဖြောင့်ဖြူးအောင်လည်း ကျွန်တော်တို့ အစိုးရပိုင်းက ဆောင်ရွက်ပေးပါတယ်။ ဥပမာအားဖြင့် တာချီလိတ်ကနေ နေပြည်တော်ခရီးစဉ် စီစဉ်ပေးတယ်။ ကိုဗစ်ကာလမှာ နယ်စပ်ဖြတ်ဖို့ ကျွန်တော်တို့ ဟိုဘက်၊ ဒီဘက် တော်တော်လေးခက်ပါတယ်။ ကျွန်တော်တို့ တော်တော်လေးလုပ်လိုက်ရတယ်။ ဟိုဘက်၊ ဒီဘက်သွားဖို့။ ဖြတ်သန်းဖို့။ ဒါလေးတွေ ကျွန်တော်တို့လုပ်ပေးတယ်။ ဒီရောက်လာတယ်။ PPST အစည်းအဝေးတက်တယ်။ ပြီးတော့ ရောက်တုန်းရောက်ခိုက် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဖို့ အဆိုပြုတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် ဗိုလ်မှူးကြီးစိုင်းငင်းတို့ တက်ရောက်ခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်