ရွေးကောက်ပွဲ၌ ရွေးချယ်တင်မြှောက်ရာတွင် ဒီမိုကရေစီနည်းလမ်းတကျ ရိုးသားမှန်ကန် သမာသမတ်ရှိစွာ ဆောင်ရွက်ရမည်ဖြစ်ပြီး မည်သို့သော နည်းလမ်းမကျသည့် ဆောင်ရွက်မှုမျိုးမဆို ယုံကြည်မှု ကင်းမဲ့စေသည်ဆိုသည်ကို သတိပြုရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့ (ဒီဇင်ဘာ ၄ ရက်) နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုသို့ ထည့်သွင်းပြောကြား ခြင်းဖြစ်သည်။ .
နိုင်ငံသားများ၏ သဘောဆန္ဒနှင့်အညီ မိမိတို့ကိုယ်စား နိုင်ငံအကျိုး ဆောင်ရွက်ပေးမည့် ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ပေးခဲ့ခြင်းသည် နိုင်ငံသားများ၏ ဒီမိုကရေစီ အခွင့်အရေးသာဖြစ်ပြီး ကိုယ်တိုင် ရွေးချယ်လိုက်သောသူသည် မိမိဒေသနှင့် နိုင်ငံကို ကောင်းမွန်စွာ အကျိုးပြုနိုင်ရန် လိုအပ်ကြောင်း၊ လူရွေးမှားလျှင် အခက်အခဲများစွာ ကြုံလာမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
“ရွေးချယ်တင်မြောက်ရာမှာလည်း ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ရမယ်။ ရိုးသားမှန်ကန်စွာ ဆောင်ရွက်ရမယ်။ သမာသမတ်ရှိရမယ်။ မည်သို့သော နည်းလမ်းမကျတဲ့ ဆောင်ရွက်မှုမျိုးမဆို ယုံကြည်မှု ကင်းမဲ့စေတယ်ဆိုတာကို သတိပြုရမယ်။ ပြည်သူ့ဆန္ဒနဲ့အညီ နိုင်ငံတော်ကို အုပ်ချုပ်ခြင်းဟာလည်း ဒီမိုကရေစီရဲ့ အနှစ်သာရပဲဖြစ်တယ်”ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အစိုးရ နှစ်ဆက်တိုင်တိုင် လျှောက်လှမ်းခဲ့ပြီဖြစ်ပြီး အဆိုပါစနစ်သည် ပြည်သူက ရွေးချယ်ခဲ့သော ပါတီစုံဒီမိုကရေစီ စနစ်ဖြစ်ကာ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရာတွင် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။
နိုင်ငံသူ နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံတော်က ချမှတ်ပြဋ္ဌာန်းထားသော စည်းကမ်း၊ ဥပဒေများကို လိုက်နာနိုင်မှသာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကို တည်ထောင်နိုင်မည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့ပြင် နိုင်ငံသူ နိုင်ငံသားများအနေဖြင့် ဒီမိုကရေစီ၏ သဘောသဘာဝဖြစ်သော လွတ်လပ်စွာ ပြောဆိုနိုင်ခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်များကို စည်းကမ်းနည်းလမ်းတကျ ဆောင်ရွက်တတ်ရန် လိုအပ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
-
NUG အဖွဲ့၏ ယာယီဆေးပညာဘွဲ့လက်မှတ်ဖြင့် ထိုင်းနိုင်ငံတွင် တက္ကသိုလ်တက်ရောက်ခွင့် လျှောက်ထားသူနှစ်ဦး၏ ယာယီဘွဲ့လက်မှတ်များကို နိုတြီပြန်ပေးခဲ့သူသုံးဦးအား ဖမ်းဆီး
-
လေးနှစ်ကျော် မကျင်းပဖြစ်ခဲ့သည့် ရေကျော်ပွဲစျေးအား အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ကျင်းပ
-
မြိတ်ဆိပ်ကမ်းရှေ့၊ ကျွန်းစုမြို့နယ်ရေပြင်တွင် ငါးဖမ်းလှေတစ်စီး မီးလောင်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ
-
ဧရာဝတီတံတား (ရတနာပုံ) ပေါ်တွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၃ ဦး သေဆုံး
-
စစ်ကိုင်းမြို့ ဧရာဝတီတံတား (ရတနာပုံ) စစ်ဆေးရေးဂိတ် အပြန်အလှန်ပစ်ခတ်မှုအတွင်း PDF နှစ်ဦးနှင့် ခရီးသည်နှစ်ဦး သေဆုံးပြီး ခရီးသည် ငါးဦး ဒဏ်ရာရ