
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ်အရေအတွက် ၄၄ သန်းကျော် (၄၄၁၆၉၃၄၄ ရွက်) နှင့် အမျိုးသားလွှတ်တော် ဆန္ဒမဲ လက်မှတ်အရေအတွက် ၄၄ သန်း ကျော် (၄၄၁၄၈၂၂၉ ရွက် ) ရိုက်နှိပ်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဆန္ဒမဲလက်မှတ်အရေအတွက် ၄၃ သန်းကျော် (၄၃၂၉၅၃၇၄ ရွက်) နှင့် တိုင်းရင်းသားလူမျိုးလွှတ်တော်အတွက် ဆန္ဒမဲလက်မှတ် ခုနစ်သန်းကျော် (၇၇၁၈၁၇၃ ရွက်) ရိုက်နှိပ်ခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုး လွှတ်တော် စုစုပေါင်း ဆန္ဒမဲလက်မှတ်အရေအတွက် ၁၃၉ သန်းကျော် (၁၃၉၃၃၁၁၂၀ ရွက်) ရိုက်နှိပ်ခဲ့ပြီး ထိုသို့ရိုက်နှိပ်မှုအတွက် ပြန်ကြားရေးဝန်ကြီးဌာနသို့ ကြိုတင်ငွေအဖြစ် ကျပ်သန်း ၄၀၀၀ ပေးချေထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။
အလားတူ ကြိုတင်ဆန္ဒမဲပေးရာတွင် အသုံးပြုသည့် စာအိတ်အရေအတွက်အနေဖြင့် စာအိတ်အကြီး(၁၀ လက်မ_ ၇ လက်မ) ၃၂၀၀၀၀၀ အိတ်နှင့် စာအိတ်အသေး (၇ လက်မ_ ၅ လက်မ) ၁၀၃၀၀၀၀၀ အိတ်အား ပြန်ကြားရေးဝန်ကြီးဌာနသို့ အပ်နှံဆောင်ရွက်ခဲ့ပြီး ယင်းအတွက် ပြန်ကြားရေးဝန်ကြီးဌာနသို့ ကျပ် ၂၄၅၃၅၀၀၀၀ အား ပေးချေခဲ့ကြောင်း ကော်မရှင်၏သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၇၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲများတွင် အသုံးပြုခဲ့သော ဆန္ဒမဲလက်မှတ်များနှင့် ကြိုတင်ဆန္ဒမဲပေးရာတွင် အသုံးပြုသည့် စာအိတ်အသေး၊ စာအိတ်အကြီးများကို ပြန်ကြားရေးဝန်ကြီးဌာနသို့အပ်နှံ၍ ဆောင်ရွက်ခဲ့ကြောင်း ကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် လိုအပ်သော ဆန္ဒမဲလက်မှတ်များနှင့် ကြိုတင်ဆန္ဒမဲ လက်မှတ်များအတွက်အသုံးပြုသည့် စာအိတ် အသေးနှင့် စာအိတ်အကြီးများကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနသို့ပင် အပ်နှံ၍ ဆောင်ရွက်ခဲ့ကြောင်း ကော်မရှင်က သတင်းထုတ်ပြန်သည်။
ဆန္ဒမဲလက်မှတ်များ၊ ကြိုတင်ဆန္ဒမဲ လက်မှတ်များအတွက် စာအိတ်များ အပ်နှံရာတွင် ရွေးကောက်ပွဲကျင်းပရန် စတင်ကြေညာသည့် မဲဆန္ဒနယ်များ (နယ်မြေအခြေအနေအရ မကျင်းပနိုင်သော မဲဆန္ဒနယ်များ အပါအဝင်) အားလုံးတို့အတွက် လွှတ်တော်တစ်ရပ်ချင်း (တိုင်းရင်းသားလူမျိုးအပါအဝင်) အတွက် လုံလောက်မှုရှိစေရန် ဆောင်ရွက်ရကြောင်း ကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အတွက် ဆန္ဒမဲလက်မှတ်များ ရိုက်နှိပ်ရန် ဆန္ဒမဲလက်မှတ်အရေအတွက် ၁၃၉၃၃၁၁၂၀ ရွက်အား ပြန်ကြားရေး ဝန်ကြီးဌာနသို့ အပ်နှံဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကျင်းပသည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၁၅ နယ်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၈၂၇၁၄၄၇ ဦးရှိကာ ၂၇၅၁၂၈၅၅ ဦး ဆန္ဒမဲပေးခဲ့ပြီးခိုင်လုံမဲ ၂၆၆၆၉၆၃၆ မဲနှင့် ပယ်မဲ၊ ပျောက်မဲအရေအတွက် ၈၄၃၂၁၉ မဲ ရှိခဲ့ကြောင်း ကောင်မရှင်၏ ထုတ်ပြန်ထားမှုအရ သိရသည်။
အလားတူ ရွေးကောက်ပွဲကျင်းပခဲ့သည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၁ နယ် ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၈၂၇၁၄၄၇ ဦး ရှိကာ၂၇၄၉၅၅၅၅ ဦးဆန္ဒမဲပေးခဲ့ပြီး ခိုင်လုံမဲ၂၆၇၃၀၁၅၈ မဲနှင့် ပယ်မဲ၊ ပျောက်မဲ အရေအတွက် ၇၆၅၃၉၇ မဲရှိခဲ့ကြောင်း သိရသည်။
ထို့အတူ ရွေးကောက်ပွဲကျင်းပခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုး အပါအဝင်) မဲဆန္ဒနယ် ၆၄၁ နယ်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၂၈၆၆၇၄၁ ဦးရှိကာ ၃၀၄၅၉၁၁၃ ဦး ဆန္ဒမဲ ပေးခဲ့ပြီး ခိုင်လုံမဲ ၂၉၇၀၄၁၅၇ မဲနှင့် ပယ်မဲ၊ ပျောက်မဲအရေအတွက် ၇၅၄၉၅၆ မဲ ရှိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်