ပြည်သူ့ပါတီက တနင်္သာရီတိုင်းဒေသကြီးအတွင်း ပထမဆုံးအဖြစ် မြိတ်မြို့တွင် ခရိုင်နှင့် မြို့နယ်ရုံးခွဲ ဖွင့်လှစ်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်း သုံးမြို့နယ်၌ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့ပါတီရုံးခန်းဖွင့်ပွဲကို မြိတ်မြို့ မြစ်ငယ်ရပ် စကားဝါလမ်းတွင် သြဂုတ် ၂၉ ရက်က ကျင်းပခဲ့ပြီး ပြည်သူ့ပါတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကာ ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကိုလည်း မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။
“ မြိတ်မြို့နယ်မှာ ပထမဆုံးရုံးခန်းဖွင့်လှစ်တာ ဖြစ်ပါတယ်။ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ပုလောမြို့နယ်၊ ထားဝယ်မြို့နယ် အစရှိသည်ဖြင့် ဆက်တိုက်ဖွင့်လှစ်သွားဖို့ ရှိတယ်။ နောက်ပိုင်းမှာ ရပ်/ ကျေးရုံးခန်းတွေ တောက်လျှောက်ဖွင့်လှစ်သွားဖို့ရှိတယ်။ ဒါက ပွဲဦးထွက်ပေါ့။ ပထမဆုံးအခြေချတာဖြစ်တော့ တစ်ဖက်မှာလည်း ဆက်တိုက်ဖွင့်လှစ်သွားဖို့ ပြင်ဆင်ထားတာရှိပါတယ်” ဟု ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။
မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ပြည်သူ့ပါတီအား ဝေဖန်ထောက်ပြခြင်းဖြင့် ထောက်ခံကူညီ အားပေးကြရန်လည်း ၎င်းက ပြောကြားသည်။
“ ပါတီထောင်တယ်ဆိုတာ ရုံးခန်းဖွင့်ပြီး ရုံးခန်းထဲမှာထိုင်နေလို့မရဘူး။ ကျွန်တော်တို့ ကိုယ်တိုင်လည်း တစ်နိုင်ငံလုံးအနှံ့ကို အတတ်နိုင်ဆုံးသွားသလို ကျွန်တော်တို့ ရဲဘော်တွေ ကျွန်တော်တို့ ကိုယ်စားလှယ်တွေလည်း ပြည်သူတွေဆီကိုရောက်အောင်သွားပါ။ ပြည်သူတွေဟာ ကျွန်တော်တို့အတွက် ဆရာပါပဲ။ ဘာကြောင့်လည်းဆိုတော့ သူတို့က ကိုယ်တွေ့ဖြတ်သန်းလာတယ်ဆိုတော့ ဘဝအတွေ့အကြုံတွေ၊ ခံစားချက်တွေ ဘယ်လိုလုပ်ရင်ကောင်းမယ်ဆိုတာတွေကအစ ပြည်သူတွေဆီမှာ အကြံအဉာဏ်တွေ ရှိပါတယ်။ ပြည်သူတွေဆီမှာ ပြောစရာတွေအများကြီးရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ အလေးအနက် နားထောင်နိုင်ဖို့၊ ကျွန်တော်တို့ပါတီဝင်တွေက ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေကလည်း ကျွန်တော်တို့ကို ပြောဆိုဝေဖန်ထောက်ပြခြင်းအားဖြင့် ထောက်ခံ ကူညီပံ့ပိုးကြပါလို့ ပြောကြားချင်ပါတယ်” ဟု ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။
ပြည်သူ့ပါတီအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ထားဝယ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) နှင့် မဲဆန္ဒနယ်အမှတ် (၂) ၊ ပုလောမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) နှင့် မဲဆန္ဒနယ်အမှတ် (၂) ၊ မြိတ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) နှင့် မဲဆန္ဒနယ်အမှတ် (၂) ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တို့တွင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ရှစ်ဦးဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
-
နံရံတွင် တိပ်ဖြင့်ကပ်ထားသော ငှက်ပျောသီး အနုပညာပြကွက် ဒေါ်လာ ၆ ဒသမ ၂ သန်းဖြင့် လေလံတင်ရောင်းချနိုင်ခဲ့
-
စားသောက်ကုန်စျေးနှုန်းများ မြင့်တက်နေသဖြင့် လခစားဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအပေါ် သက်ရောက်မှုကြီးမားကြောင်း ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌပြောကြား
-
အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးချိန်အထိ ဆူဒန်ကို အာဖရိကသမဂ္ဂက အဖွဲ့ဝင်အဖြစ်မှဆိုင်းငံ့မည်
-
လာမည့်လများအတွင်း ဒရုန်းဖြင့် ကုန်ပစ္စည်းပို့ဆောင်မှုများစတင်မည်ဟု Amazon ထုတ်ပြန်
-
အာတိတ်ဒေသ ရထားခရီးစဉ်ကို ရုရှားက ပထမဦးဆုံးအကြိမ် ပြေးဆွဲ