
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဝင်ငွေနှင့် ပိုင်ဆိုင်မှုကဏ္ဍမှ အခွန်ကျပ် ဘီလျံ ၂၇၀၀ ကျော်အပါအဝင် အခြားကဏ္ဍအသီးသီးမှ အခွန်ကျပ်ဘီလျံ ၇၆၀၀ ကျော် ကောက်ခံရရှိရန် ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် လျာထားသည်။
၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေကြမ်းကို သြဂုတ် ၂၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဥပဒကြမ်းနှင့်စပ်လျဉ်း၍ တစ်ပိုင်းချင်းစီအလိုက် အတည်ပြုရန် အဆိုတင်သွင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းများ ပြုလုပ်ခဲ့သည်။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်ခံဝန်ကြီးဌာနများက ကောက်ခံမည့် ၂၀၂၀ ပြည့်နှစ် ခန့်မှန်းခြေတွင် ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက်အနေဖြင့် ကျပ် ၄၄၀၉ ဒသမ ၇၂၃ ဘီလျံ၊ ဝင်ငွေနှင့် ပိုင်ဆိုင်မှုအပေါ် ကောက်ခံသည့် အခွန်အကောက်အနေဖြင့် ကျပ် ၂၇၅၄ ဒသမ ၁၈၉ ဘီလျံနှင့် အကောက်အခွန်အနေဖြင့် ကျပ် ၅၂၀ ဘီလျံ စုစုပေါင်း ၇၆၈၃ ဒသမ ၉၁၂ ဘီလျံရရှိရန် လျာထားကြောင်း ပြည်ထောင်စု၏အခွန်အကောက်များ ကောက်ခံရန် မူလလျားထာချက် ဇယား (၁) တွင် ဖော်ပြထားသည်။
ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနက ကောက်ခံသည့် ယစ်မျိုးခွန်အတွက် မူလလျာထားချက် ကျပ် ၁ ဒသမ ၂၈၉ ဘီလျံ၊ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကောက်ခံသည့် သွင်းကုန်အတွက် လိုင်စင်ကြေး၊ ပါမစ်ကြေးများအတွက် မူလလျာထားချက် ကျပ် ခြောက်ဘီလျံ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကောက်ခံသည့် မော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်းလိုင်စင်ဆိုင်ရာ အခွန်အခများအတွက် မူလလျာထားချက် ကျပ် ၁၅၆ ဘီလျံ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ကောက်ခံသည့် ခရီးလှည့်လည်ရေးလိုင်စင်၊ ဟိုတယ်နှင့် တည်းခိုးရိပ်သာလိုင်စင်၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်များအတွက် လိုင်စင်ကြေး စသည်များအတွက် မူလလျာထားချက် ကျပ် ၆၂၂ ဒသမ ၅၄၃ သန်း လျာထားကြောင်း သိရသည်။
ထို့ပြင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်တွင် ကျပ် ၂၂၀၁ ဒသမ ၉၅၄ ဘီလျံ၊ မြန်မာနိုင်ငံ အောင်ဘာလေသိန်းဆုခွန်တွင် ကျပ် ၁၆၄ ဒသမ ၆၄၁ ဘီလျံ၊ ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်တွင် ကျပ် ၈၅ ဒသမ ၁၂၈ ဘီလျံ၊ အထူးကုန်စည်ခွန်တွင် ကျပ် ၁၆၉၄ ဒသမ ၂၁ ဘီလျံ၊ ရတနာခွန်တွင် ၉၉ ဒသမ ၈၇၅ ဘီလျံရရှိရန် လျာထားသည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဝင်ငွေနှင့် ပိုင်ဆိုင်မှုအပေါ် ကောက်ခံသည့် အခွန်အကောက်အခွန်ခေါင်းစဉ်ဖြင့် ကောက်ခံသည့် ဝင်ငွေခွန်တွင် ကျပ် ၂၇၅၄ ဒဿမ ၁၈၉ ဘီလျံနှင့် အကောက်ခွန်ခေါင်းစဉ်ဖြင့် ကောက်ခံသည့် အခွန်တွင် ကျပ် ၅၂၁ ဘီလျံရရှိရန် လျာထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်