QC အတွက် Third Party မရှိမီ တည် ဆောက်ဆဲလုပ်ငန်းများ၏အရည်အသွေးအား ဆိုင်ရာဝန်ကြီးများက တာဝန်ယူ စစ်ဆေးမှုကို ဘီးလင်းမြို့နယ်အတွင်း စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ဘီးလင်းမြို့နယ် မဲဆန္ဒနယ် အ မှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ပြောကြားသည်။
“ဝန်ကြီးဖြေတဲ့အဖြေမှာ အရည်အသွေး နဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနအကြီးအကဲတွေ တာဝန်ရှိတယ်လို့ ဖြေသွားတယ်။ သက်ဆိုင်ရာဌာနရဲ့အကြီးအကဲတွေ၊ ဥပမာ မီးသတ်စခန်း၊ ရဲစခန်းအဆောက်အအုံဆိုရင် (လုံနယ်) နဲ့ဆိုင်တယ်။ သူ့အနေနဲ့လုပ်ငန်းကို ဒီထက်ကို ပိုပြီးကြီးကြပ်ဖို့အတွက် တာဝန်ရှိတယ်။ အချို့လုပ်ငန်း (အားကာ) တို့၊ (ပညာ ရေး) တို့ဆိုရင် သက်ဆိုင်တဲ့ဝန်ကြီးဌာန(ကျန်း မာဌာန) က တာဝန်ရှိတယ်။ ဝန်ကြီးဖြေတဲ့ အဖြေအရ သူတို့က ဒီဌာနတွေကိုအခြေအနေ ကြည့်ပြီး အချက်လက်တွေကို မလွတ်ဘဲနဲ့ အရည်အသွေးပိုင်းကို ကြည့်ဖို့လိုတယ်။တာ ဝန်ရှိတဲ့သူတွေ ဒီအချိန်မှာတော့ QC ကိစ္စ Third Party မလုပ်နိုင်တဲ့ကိစ္စတွေ ဖြေသွားတယ်။ မလုပ်နိုင်တဲ့ စပ်ကြားမှာ လုပ်လို့ရတဲ့ အပိုင်းကို စိစစ်စစ်ဆေးဖို့၊ ထိန်းကျောင်းပေးဖို့ လိုတယ်။ ကြီးကြပ်မှုအားနည်းတယ်လို့ မြင်တယ်။ သက်ဆိုင်ရာဌာနအကြီးအကဲတွေတာ ဝန်ရှိတယ်။ မြို့နယ် (တည်ကော်) က ဝန်ကြီး ပြောချက်အရဆိုရင် မစစ်လို့မရဘူး၊ လိုက်စစ် ဖို့ တာဝန်ရှိတယ်။ လိုက်ကြည့်ရမယ်။ အဲဒါကို ခြုံငုံပြီးတော့ ကိုယ်စားလှယ်က စစ်လား၊ မစစ် ဘူးလား၊ အရည်အသွေးမပြည့်တဲ့အတွက် မပြည့်တဲ့အကြောင်း report တက်နေလား။ ဒါတွေ ကျွန်တော်တို့ကိုယ်တိုင်သိအောင် ဆက်လုပ်ဖို့တော့ ရှိတယ်။ ဝန်ကြီးဌာနက လုပ်တဲ့လုပ်ငန်း အားလုံးကို နိုင်ငံတကာ စံနှုန်းနဲ့မမီရင်တောင်မှ သင့်တင့်တဲ့ အရည်အသွေး၊ ရသင့်တဲ့အရည်အသွေးကိုရအောင် ၀ိုင်းဝန်းပြီး ကိုယ့်ရှိတဲ့အခြေအနေကိုအကောင်း ဆုံးနည်းနဲ့လုပ်ပေးကြဖို့ပြောချင်ပါတယ်”ဟု ဒေါက်တာခင်နိုင်ဦးက ပြောကြားသည်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အပါအဝင် မွန်ပြည်နယ်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် တည်ဆောက်ဆဲ ပြည်ထောင်စု၊ ပြည်နယ် ဘတ်ဂျက်လုပ်ငန်းများကို စစ်ဆေးရာ အားနည်းမှုကို မြင်တွေ့၍လုပ်ငန်းအရည်အ သွေးပိုင်း စစ်ဆေးကြပ်မတ်မှုအတွက် မွန်ပြည်နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်း များ အားလုံးအရည်သွေးပြည့်ဝစေချင်၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် မေးခွန်း မေးမြန်းရခြင်းဖြစ်ကြောင်း ဒေါက်တာခင်နိုင်ဦးက ဆိုသည်။
“အခုမြင်ရသလောက်ဆိုရင် အခုမေးခွန်းထဲမှာ မေးသွားတဲ့ကိစ္စ၊ အထူးသဖြင့် ကျွန်တော်မြင်ကြည့်တာ ရဲတပ်ဖွဲ့စခန်းမှာရှိတဲ့ ဝန်ထမ်းအိမ်ရာအဆောက်အအုံတွေ၊ မီးသတ်စခန်းအဆောက်အအုံတွေကို ဦးအောင် ကျော်သူ (လွှတ်တော်အဖွဲ့) ဆင်းစစ်တဲ့အခါ စလက်လောင်းနေတာ ပုံမှန်မဟုတ်တဲ့ ကျောက်တွေ၊ မသန့်စင်တဲ့ကျောက်တွေ၊ သဲရောတဲ့ကျောက်တွေ လုပ်သွားတဲ့ဟာတွေ Post တက်တယ်ပြောတယ်။ ဘယ်သူတာဝန်ခံ မလဲပေါ့။ QC က ဘယ်သူတာဝန်ယူမလဲ၊မစစ် နိုင်ရင်နောက်လုပ်ငန်းတွေမဖြစ်ဖို့၊ တချို့ ပညာရေးလုပ်ငန်းတွေ လက်တွေ့မှာ ဖောင်ဒေးရှင်းလိုင်းတွေလုပ်နေပြီ။ လုပ်ငန်းဆိုင်း ဘုတ်မတပ်ဘူး။ တာဝန်ခံအဖွဲ့အစည်းက အင်ဂျင်နီယာဘယ်သူမှန်းမသိ၊ အဲဒီလို အဖွဲ့အစည်းတွေ လက်တွေ့ရှိနေပြီ။ ဝန်ကြီးဒါတွေကို လက်တွေ့မှာ အကောင်းဆုံးဖြစ်အောင် လုပ်ပေးဖို့သတင်းပေးထားပါတယ်”ဟု ဒေါက်တာခင်နိုင်ဦးက ပြောကြားသည်။
-
နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) က အစ္စရေးဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဟောင်းနှင့် ဟားမာ့စ်တပ်မှူးတို့ကို ဖမ်း၀ရမ်းများထုတ်ပြန်
-
လူမည်းတစ်ဦးဖြစ်ရသည်ကို မိမိဂုဏ်ယူနေပြီး မိမိထံမှပြင်းထန်သည့်တုံ့ပြန်မှုများကို မမျှော်လင့်နှင့်ဟု လူမျိုးရေးခွဲခြားလှောင်ပြောင်သူများကို ရပ်ရှ်ဖို့ဒ် အသိပေး
-
အသက်အငယ်ဆုံးဂိုးသွင်းနိုင်သည့်မှတ်တမ်း လော်တာရိုမာတီနက်ဇ် ရရှိ
-
တိုရီနိုကစားသမားသစ် ဆာနာဘရီယာ ကိုဗစ်ကူးစက်ခံရ
-
ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လန်ဒန်ဖြူနီပြာ