ခေါင်းဆောင်ကင်ဂျုံအွန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့၏ ဒုတိယအကြိမ်ထိပ်သီးမှာ မအောင်မြင်ဘဲ ပြီးဆုံးခဲ့ပြီးနောက် ထုတ်ပယ်ခံခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော မြောက်ကိုရီးယားထိပ်တန်း အရာရှိတစ်ဦးအား ထိပ်ပိုင်းခေါင်းဆောင်များနှင့်အတူ အနုပညာဖျော်ဖြေပွဲတစ်ခု၌ ထိုင်နေမှုကို အစိုးရမီဒီယာက ဇွန် ၃ ရက်တွင် ဖော်ပြခဲ့သည်။
နျူကလီးယားဆွေးနွေးပွဲများတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့်အဆင့်တူ အရာရှိဖြစ်သည့် ကင်ယောင်ချိုသည် မအောင်မြင်ခဲ့သည့် ကင်-ထရန့် ဟနွိုင်းထိပ်သီးဆွေးနွေးပွဲပြီးနောက်ပိုင်း အလုပ်ကြမ်းစခန်းသို့ ပို့ခံခဲ့ရသည်ဟု တောင်ကိုရီးယားသတင်းစာ Chosun Ilbo တွင် မေ ၃၁ ရက်က ဖော်ပြခဲ့သည်။
သို့သော် နိုင်ငံပိုင် KCNA သတင်းဌာနတွင် ဖော်ပြချက်ထဲတွင် ဇွန် ၂ ရက်နှောင်းပိုင်းက ကျင်းပခဲ့သည့် စစ်တပ်အရာရှိဇနီးများ၏ ၀ါသနာရှင်အနုပညာအဖွဲ့များ ဖျော်ဖြေတင်ဆက်ပွဲတစ်ခုတွင် ကင်ဂျုံအွန်နှင့် ဇနီးရီဆိုဂျူ၊ အာဏာရပါတီမှထိပ်ပိုင်းပုဂ္ဂိုလ်များ၊ စစ်တပ်အရာရှိကြီးများနှင့်အတူ ကင်ယောင်ချိုကို တွေ့ရှိခဲ့ရသည်။
နိုင်ငံပိုင်သတင်းစာဖြစ်သည့် နိုဒေါင်ရှင်မွန်တွင် ဖော်ပြထားသော ဓာတ်ပုံတစ်ပုံတွင်လည်း ကင်ဂျုံအွန်နှင့် ထိုင်ခုံငါးခုံအကွာတွင် ထိုင်နေသော ကင်ယောင်ချိုကို တွေ့ရသည်။ ထိုဓာတ်ပုံထဲတွင် ကင်ယောင်ချိုသည် မျက်နှာကို လက်ဖြင့်အုပ်ထားသည်။
ကင်ဂျုံအွန် ဥက္ကဋ္ဌဖြစ်သောထိပ်တန်းအုပ်ချုပ်ရေးအဖွဲ့တစ်ခုဖြစ်သည့် နိုင်ငံရေးရာကော်မရှင်၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ကင်ယောင်ချိုအား မကြာသေးမီကမှ ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဧပြီလက တောင်ကိုရီးယားပါလီမန် ထောက်လှမ်းရေးကော်မတီ၏ ထုတ်ပြန်ချက်အရ ကင်ယောင်ချိုသည် ဟနွိုင်းထိပ်သီးအား ကိုင်တွယ်ပုံနှင့်ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်ဟု ဆိုသည်။ ဇွန် ၂ ရက်က ပွဲသို့တက်ရောက်သည့် စာရင်းထဲတွင်မူ ကင်ယောင်ချို၏ နာမည်ပါဝင်နေသည်ကို KCNA သတင်းထဲတွင် ဖော်ပြထားသည်။
ထိုစာရင်းထဲ၌ မပါဝင်သည်မှာ ကွပ်မျက်ခံရသည်ဟု သတင်းထွက်ပေါ်နေသော ကင်ချောက်ချိုဖြစ်သည်။ အမေရိကန်ဆိုင်ရာ မြောက်ကိုရီးယားအထူးသံတမန်ဖြစ်သော ကင်ချောက်ချိုသည် ဟနွိုင်းထိပ်သီး မတိုင်မီ အကြိုဆွေးနွေးပွဲများအတွင်း အမေရိကန်၏ ဆွဲဆောင်သိမ်းသွင်းမှုဘက်ကို ပါသွားပြီးနောက် နိုင်ငံ့ခေါင်းဆောင်ကို သစ္စာဖောက်ခဲ့မှုဖြင့် သေနတ်နှင့် ပစ်ခတ်ကွပ်မျက်ခံခဲ့ရသည်ဟု Chosun Ilbo သတင်းစာကပင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ဟနွိုင်းထိပ်သီး မတိုင်မီ ဆွေးနွေးပွဲများတွင် ကင်ချောက်ချိုသည် အမေရိကန်အထူးကိုယ်စားလှယ် စတီဖင်ဘီဂင်နှင့် အဆင့်တူအရာရှိ ဖြစ်သည်။
မေ ၃၁ ရက်ကသတင်းကို အတည်မပြုနိုင်ဟု တောင်ကိုရီးယားထောက်လှမ်းရေးဌာနက ထုတ်ပြန်ခဲ့စဉ် သမ္မတ အိမ်ပြာတော်ကမူ အလျင်အမြန်ကောက်ချက်ချခြင်း၊ မှတ်ချက်ချခြင်းများ မပြုလုပ်ရန် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ မြောက်ကိုရီးယားမှ ဖြုတ်ထုတ်သန့်စင်မှု၊ ကွပ်မျက်မှုများနှင့် ပတ်သက်၍ဖော်ပြသည့် အချို့သောတောင် ကိုရီးယားသတင်းများမှာ မှန်ကန်မှုမရှိသည့်အကြောင်း နောက်ပိုင်းတွင် ထွက်ပေါ်လာ လေ့ရှိသည်။ Ref ; AFP
-
နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) က အစ္စရေးဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဟောင်းနှင့် ဟားမာ့စ်တပ်မှူးတို့ကို ဖမ်း၀ရမ်းများထုတ်ပြန်
-
လူမည်းတစ်ဦးဖြစ်ရသည်ကို မိမိဂုဏ်ယူနေပြီး မိမိထံမှပြင်းထန်သည့်တုံ့ပြန်မှုများကို မမျှော်လင့်နှင့်ဟု လူမျိုးရေးခွဲခြားလှောင်ပြောင်သူများကို ရပ်ရှ်ဖို့ဒ် အသိပေး
-
အသက်အငယ်ဆုံးဂိုးသွင်းနိုင်သည့်မှတ်တမ်း လော်တာရိုမာတီနက်ဇ် ရရှိ
-
တိုရီနိုကစားသမားသစ် ဆာနာဘရီယာ ကိုဗစ်ကူးစက်ခံရ
-
ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လန်ဒန်ဖြူနီပြာ