
အနုပညာစုံတွဲများပါဝင်သီဆိုမည့် Valentine Music Show ကို V7 Entertainment နှင့် Mizzima ရုပ်သံလိုင်းတို့တွင် တင်ဆက်မည်ဟု သိရသည်။
ဖေဖော်ဝါရီ ၁၄ ရက်တွင်ကျင်းပမည့် အဆိုပါ Valentine Music Show တွင် တေးသံရှင် ရွှေထူးနှင့် ရွှေမှုံရတီ၊ တေးသံရှင် ကျော်ထွဋ်ဆွေနှင့် နန်းသူဇာ၊ လွှမ်းပိုင်နှင့် Bobby Soxer တို့နှင့်အတူ လူငယ်တေးသံရှင်နှစ်ဦး ဖြစ်သည့် မေလသံစဉ်နှင့် အုပ်စိုးခန့်တို့လည်း ပါဝင်သီဆိုဖျော်ဖြေကြမည်ဟု သိရသည်။
“V7 Entertainment ပရိသတ်များအတွက် ချစ်သူများနေ့ ‘Valentine Music Show’ ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ တင်ဆက်ပြသပေးသွားမှာပါ။ ဒီပွဲမှာ တကယ့်စုံတွဲ သုံးတွဲနဲ့အတူ စုံတွဲသီချင်းလေးတွေ ပေါက်တဲ့လူငယ်တေးသံရှင်နှစ်ဦးဖြစ်တဲ့ အုပ်စိုးခန့်နဲ့ မေလသံစဉ်တို့ကိုပါ တင်ဆက်သွားမှာပါ။ အခုလက်ရှိအချိန်မှာတော့ အွန်လိုင်းဖျော်ဖြေရေးတွေက အရမ်းကိုလွှမ်းမိုးလာတယ်လေ။ အဲဒီလိုအချိန်မှာ အစ်ကိုတို့အနေနဲ့ Valentine ဖျော်ဖြေပွဲလေးကို အဲဒီနေ့မှာ ဘယ်မှမသွားရတဲ့ ချစ်သူတွေ၊ ဝေးနေကြတဲ့ချစ်သူတွေအတွက် တကယ့်စုံတွဲ အစစ်လေးတွေနဲ့ ဖျော်ဖြေပွဲလေးကို စီစဉ်တင်ဆက်ဖြစ်တာပါ။ ဒီဖျော်ဖြေပွဲမှာ ပါဝင်ကြတဲ့ အနုပညာရှင်တွေအနေနဲ့ သူတို့ရဲ့စုံတွဲတေး သီချင်းတွေအပြင် တစ်ဦးချင်းစီရဲ့ ပရိသတ်အကြား အောင်မြင်ခဲ့တဲ့သီချင်းတွေလည်း ဖျော်ဖြေကြမှာပါ။ အဓိက,ကတော့ သူတို့တွေကို စုံတွဲလေးတွေအလိုက် ပရိသတ်တွေက စင်ပေါ်မှာမြင်စေချင်တာကြောင့် ဒီလူတွေကို ရွေးချယ်ဖြစ်တာပါ” ဟု V7 Entertainment မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုဝေမင်းမောင်က ဆိုသည်။
အနုပညာစုံတွဲများပါဝင်သီဆိုမည့် Valentine Music Show တွင် စုစုပေါင်း တေးသီချင်း အပုဒ် ၂၀ ခန့်တင်ဆက်ပေးသွားမည်ဟု သိရသည်။
“Close Up ရယ်၊ Mizzima ရုပ်သံလိုင်းနဲ့ V7 Entertainment တို့ ပူးပေါင်းစီစဉ်တင်ဆက်တဲ့ ‘Valentine Music Show မှာ ကျွန်တော်နဲ့ နန်းသူဇာတို့ပါဝင် ဖျော်ဖြေသွားမှာပါ။ အဲဒီပွဲမှာတော့ သီချင်းအသစ်တွေ ဆိုဖြစ်မှာမဟုတ်ပဲ သီချင်းအဟောင်းလေးတွေပဲ ဆိုဖြစ်မှာပါ။ ပြီးခဲ့တဲ့ Valentine တုန်းကထွက်ခဲ့တဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ ‘လမ်းခွဲ’ ဆိုတဲ့သီချင်းလေးကိုတော့ အဓိက ဆိုဖြစ်မှာပါ။ တခြားကတော့ တစ်ယောက်ချင်းသီချင်းတွေပဲ ဆိုဖြစ်မှာပါ။ အခုက New Normal ဆိုတော့လည်း ပုံစံသစ်နဲ့ ဆိုရတဲ့ဖီလင်က တစ်မျိုးဖြစ်နေသလို ဒီပွဲမှာ နှစ်ယောက်တွဲဆိုရမယ့်အတွက်လည်း ပိုပြီးတော့ ရင်ခုန်ရပါတယ်” ဟု တေးသံရှင် ကျော်ထွဋ်ဆွေက ဆိုသည်။
V7 Entertainment သည် အနုပညာရှင်များ၏ တေးသီချင်း Music Video များအဖြစ် တင်ဆက်ပေးနေသည့် မီဒီယာတစ်ခုဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်