
COVID-19 ကာကွယ်ဆေး ဝယ်ယူရန်အတွက် ရန်ပုံငွေဖျော်ဖြေပွဲအဖြစ် ဂျပန်-မြန်မာပွဲတော် ၂၀၂၁ အွန်လိုင်းဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြုလုပ်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ Online Charity Event အဖြစ် တင်ဆက်မည့် ဂျပန်-မြန်မာပွဲတော် ၂၀၂၁ တွင် ဂျပန်တေးသံရှင် Hirahara Ayaka ၊ မိုရီဆာကီဝင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ နီနီခင်ဇော်၊ X-Box ၊ မေလသံစဉ်တို့က တေးသီချင်းများစွာဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်သည်။ ကိုဗစ်ကပ်ရောဂါပြန့်ပွားလျက်ရှိသည့် လက်ရှိအချိန်အတွင်း ဂျပန်-မြန်မာပွဲတော်ကို ပရိသတ်များနှင့်ကျင်းပနိုင်ခြင်းမရှိဘဲ MNTV ရုပ်သံလိုင်းမှသာ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်မည်ဖြစ်သည်။ ပြည်တွင်းမှ ပရိသတ်များအပြင် ကမ္ဘာတစ်ဝန်းမှ ပရိသတ်များ ကြည့်ရှုအားပေးနိုင်စေရန်အတွက် ဂျပန်-မြန်မာပွဲတော် Facebook Page မှတစ်ဆင့် အားပေးနိုင်မည်ဖြစ်သည်။ ‘အခက်အခဲများကို အတူကျော်ဖြတ်ကြစို့’ ဟုအမည်ပေးထားသည့် ယင်းဂီတဖျော်ဖြေပွဲကို အားပေးကြည့်ရှုရင်းပရိသတ်များမှ COVID-19 ကာကွယ်ဆေးဝယ်ယူရန်အတွက် ရန်ပုံငွေများ ထည့်ဝင်လှူဒါန်းနိုင်မည်ဖြစ်သည်။
“ နှစ်စဉ်ပါဝင်နေကျဖြစ်တဲ့ ဂျပန်-မြန်မာ ပွဲတော်ကို ဒီနှစ်မှာတော့ Online Charity Event အနေနဲ့ ကျင်းပသွားမှာပါ။ ကိုဗစ်ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ဖို့အတွက် ရန်ပုံငွေပွဲအနေနဲ့ တင်ဆက်မှာဆိုတော့ တကယ့်ကို တန်ဖိုးရှိတဲ့ပွဲလေးဖြစ်မှာပါ။ နီနီတို့ရဲ့ဖျော်ဖြေရေးအစီအစဉ်တွေ စောင့်ကြည့်အားပေးရင်း ပရိသတ်များအနေနဲ့ တတ်နိုင်သလောက် ပါဝင်ကူညီလှူဒါန်းခွင့်တွေ ရမှာပါ။ အရင်နှစ်တွေက နီနီတို့ ဖြတ်သန်းခဲ့တဲ့အမှတ်တရတွေကိုလည်း ပြန်လည်အောက်မေ့သတိရရင်း နီနီတို့ဖျော်ဖြေတင်ဆက်မှုတွေကို အားပေးနိုင်မယ်။ တတ်နိုင်သလောက် လှူဒါန်းမှုတွေလည်း လုပ်နိုင်မှာဆိုတော့ ပါဝင်ကြဖို့ဖိတ်ခေါ်ပါတယ်” ဟု တေးသံရှင်နီနီခင်ဇော်က ဖိတ်ခေါ်ထားသည်။
ဂျပန်-မြန်မာပွဲတော် ၂၀၂၁ အစီအစဉ်များတွင် ယခင်နှစ်များက ပြုလုပ်ခဲ့သည့်အစီအစဉ်များကို ပြန်လည်မျှဝေပေးခြင်း၊ ပျော်ရွှင်စိတ်ဝင်စားဖွယ်ရာ အစီအစဉ်များ တင်ဆက်ခြင်း၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများပါဝင်ကာ ဂျပန်နှင့်မြန်မာတိုက်ရိုက်ချိတ်ဆက်၍ ပါဝင်တင်ဆက်စေမည့် အစီအစဉ်များပါဝင်သဖြင့် ပါဝင်ဆင်နွှဲကြရန်ဖိတ်ခေါ်ကာ အလှူငွေများလည်း လှူဒါန်းနိုင်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်