
တေးသံရှင်စန္ဒီမြင့်လွင်မှ ခိုင်နှင်းဝေရင်ခွင်ရိပ်မြုံ ကလေးစောင့်ရှောက်ရေးဂေဟာသို့ အလှူငွေကျပ်သုံးသိန်းနှင့် ကလေးအသုံးအဆောင်များ၊ အစားအသောက်များ ပို့ဆောင်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။ တေးသံရှင်စန္ဒီမြင့်လွင်သည် အလှူငွေများ လှူဒါန်းမှုတွင် သရုပ်ဆောင်ခိုင်နှင်းဝေမှ လက်ခံရယူပေးခဲ့ပြီး ရင်ခွင်ရိပ်မြုံမှကလေးငယ်များနှင့်လည်း ရင်းနှီးစွာတွေ့ဆုံခဲ့သည်။
“ဒီနေ့ကတော့ မခိုင်နှင်းဝေရဲ့ ကလေးတွေအတွက် တတ်နိုင်သလောက်လေး လာလှူပေးတာပါ။ ကိုယ်တိုင်လည်းမိခင်တစ်ယောက်ဖြစ်တဲ့အခါကျတော့ ကလေးတစ်ယောက်ကိုပြုစုပျိုးထောင်ရတာ ဘယ်လောက်ခက်ခဲမလဲဆိုတာသိတယ်လေ။ အခုလိုကလေးတွေအများကြီးကို ကိုယ့်ရင်သွေးတွေလို ပြုစုစောင့်ရှောက်နေရတာမြင်တော့ အရမ်းလည်းလေးစားမိတယ်။ ကြက်သီးထတဲ့အထိကိုလည်း ခံစားရတယ်။ ဒါကြောင့်လည်း တတ်နိုင်သလောက်လာလှူဖြစ်တာပါ။ ကလေးတွေကို မျက်မြင်တွေ့ရတော့လည်း ပိုပြီးစိတ်မကောင်းဖြစ်ရပါတယ်။ အခုလို စောင့်ရှောက်ပေးတဲ့မခိုင်နှင်းဝေကိုလည်း အရမ်းကျေးဇူးတင် လေးစားမိပါတယ်”ဟုတေးသံရှင်စန္ဒီမြင့်လွင်က ဆိုသည်။
သရုပ်ဆောင်ခိုင်နှင်းဝေသည် ရင်ခွင်မဲ့ ကလေးငယ်များအား ပြုစုစောင့်ရှောက်ပေးလျက်ရှိကာ ရင်ခွင်မဲ့ကလေးငယ်များ ပြုစုစောင့်ရှောက်ရေးဂေဟာကို တည်ထောင်ပေးထားခြင်းဖြစ်သည်။ အဆိုပါဂေဟာတွင် ပြုစုစောင့်ရှောက်သူမဲ့လျက်ရှိသည့် ရင်သွေးငယ်လေးများအား ကူညီစောင့်ရှောက်ပေးထားခြင်းဖြစ်ကာ ရင်သွေးငယ်များထားရှိရန် အဆောက်အအုံသစ်ကိုလည်း တည်ဆောက်လျက်ရှိသည်။ ခိုင်နှင်းဝေရင်ခွင်ရိပ်မြုံသို့အနုပညာရှင်များနှင့်စေတနာရှင်များက တတ်အားသရွေ့ ပါဝင်ကူညီလှူဒါန်းပေးလျက်ရှိကာ တေးသံရှင်စန္ဒီမြင့်လွင်က တတ်အားသရွေ့ပါဝင်ကူညီလှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်