Top News

စွမ်းသဘင်၏ “ဟေမန္တ သဘင်ပွဲတော်” ဖျော်ဖြေပွဲကို မဟာရုပ်သံလိုင်းတွင် ဖေဖော်ဝါရီလအတွင်း အပတ်စဉ်ဖျော်ဖြေတင်ဆက်မှုအဖြစ် တင်ဆက်မည်
24htopnews | November 21, 2024 6:12 AM CST

စွမ်းသဘင်၏ “ဟေမန္တ သဘင်ပွဲတော်” ဖျော်ဖြေပွဲကို မဟာမရုပ်သံလိုင်းတွင် ဖေဖော်ဝါရီလအတွင်း အပတ်စဉ်ဖျော်ဖြေ တင်ဆက်မှုအဖြစ် တင်ဆက်မည်ဟု သိရသည်။ ယင်းဖျော်ဖြေပွဲကို လင်္ကာဒီပအနုပညာအင်အားစု၊ မဟာရုပ်သံလိုင်းနှင့် စွမ်းဇာနည်သဘင်အဖွဲ့တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

“ဟေမန္တ သဘင်ပွဲတော်က ကျွန်တော် အနုပညာဖျော်ဖြေမှုတွေ နားထားတဲ့အချိန်မှာတည်းက ချိတ်ထားတဲ့ အလုပ်လေးပါ။ အဓိက ကဖြစ်တဲ့အကြောင်းကတော့ ကျွန်တော့်ရဲ့ ဇာတ်သဘင်အဖွဲ့သားတွေ အလုပ်ရရှိရေးအတွက်ရယ် တစ်နိုင်ငံလုံးမှာရှိတဲ့ ကျွန်တော့်ရဲ့ ပရိသတ်တွေအားလုံးအတွက်ရော နိုင်ငံရပ်ခြားမှာရှိနေကြတဲ့ ကျွန်တော့်ရဲ့ပရိသတ်တွေရောအတွက် အလွမ်းပြေလေးကြည့်လို့ရအောင် စီစဉ်ကပြဖြစ်တာပါ။ ဒီပွဲအတွက် ကျွန်တော့်ဘက်က ကြိုတင်ပြင်ဆင်ထားတာတွေကတော့ အများကြီးပါပဲ။ ဒီဇင်ဘာလ ဒုတိယပတ်လောက်ကစပြီးတော့လည်း ကပြဖျော်ဖြေမှုတွေအတွက် အသံသွင်းတာတွေ၊ တီးလုံးတိုက်တာတွေ စပြီးတော့လုပ်ထားတယ်။ အဝတ်အစားတွေလည်း သေချာစီစဉ်ထားတယ်။ ဒီပွဲတော်အတွက် အစစအရာရာမှာ အကောင်းဆုံးဖြစ်အောင်သေချာလေး ပြင်ဆင်ထားပါတယ်။ နောက်ပြီး ဖျော်ဖြေတင်ဆက်မှုပိုင်းအတွက်လည်း အသစ်တွေချည်းပဲ ဖျော်ဖြေနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ စွမ်းသဘင်ရဲ့ဖျော်ဖြေမှုတွေကို အွန်လိုင်းကနေ၊ TV ကနေ အားပေးကြပါဦးလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့အဖွဲ့သားတွေအားလုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်” ဟု မင်းသား စွမ်းဇာနည်က ဆိုသည်။

‘စွမ်းသဘင်’ အဖွဲ့သည် ပွဲကမှုများနှင့် ဖျော်ဖြေမှုများကို ကာလအတန်ကြာရပ်နားခဲ့သည့် ဇာတ်သဘင်အဖွဲ့ဖြစ်သည်။ လက်ရှိတွင် ကိုဗစ်ကာလအတွင်း အွန်လိုင်း၌ တင်ဆက်နိုင်ရန်အတွက် စီစဉ်ရာတွင် စွမ်းသဘင်အဖွဲ့၏ ပထမဆုံး အွန်လိုင်းဖျော်ဖြေမှုအဖြစ် တင်ဆက်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK