
တေးသံရှင်ရေဗက္ကဝင်း၏ Birthday Show ကိုဖေဖော်ဝါရီ ၁၅ ရက်တွင်ပြုလုပ်မည်ဖြစ်ပြီး လူငယ်တေးသံရှင် ကိုးဦးနှင့်တွဲဖက်ကာ စုံတွဲအချစ်တေးသီချင်းများဖြင့် တင်ဆက်မည်ဖြစ်သည်။ ဂီတသက်တမ်း ၁၇ နှစ်ပြည့်အမှတ်တရ တင်ဆက်ခြင်းဖြစ်ကာ မွေးနေ့အမှတ်တရ ဖျော်ဖြေမှုအဖြစ်လည်း တင်ဆက်သွားမည်ဖြစ်သည်။ တေးသံရှင်ရေဗက္ကဝင်းနှင့်အတူ တေးသံရှင် ဖြိုးပြည့်စုံ၊ ပိုင်တံခွန်၊ အုပ်စိုးခန့်၊ ညိမ်းသော်၊ Key ၊ အောင်ထက်၊ ရဲရင့်သော်၊ Shine ၊ ဝီလျံ စသူတို့ပါဝင်တင်ဆက်မည်ဖြစ်ကာ ကိုယ်ပိုင်သံစဉ်တေးသီချင်း ကိုးပုဒ်ခန့်ကို ရွေးချယ်တင်ဆက်မည်ဖြစ်သည်။ တေးသီချင်းတိုက်ပြင်ဆင်မှုများကို စတင်ပြုလုပ်နေပြီဖြစ်ကြောင်း လည်းသိရသည်။
“ ရေဗက္ကရဲ့ဂီတသက်တမ်း ၁၇ နှစ်ပြည့်အမှတ်တရအနေနဲ့ မွေးနေ့ရက်လေးမှာ ရှိုးပြုလုပ်ဖို့စီစဉ်ဖြစ်တာပါ။ အပြောင်းအလဲဖြစ်သွားအောင် Duet Show လေးလုပ်ဖို့ ရည်ရွယ်တာပါ။ ဒီပွဲမှာရေဗက္ကနဲ့အတူ အမျိုးသားတေးသံရှင် ကိုးယောက်က ပါဝင်သီဆိုဖျော်ဖြေကြပါမယ်။ ကိုယ်ပိုင်သံစဉ်သီချင်း ကိုးပုဒ်ရွေးချယ်ထားပြီး ဖေဖော်ဝါရီ ၁၅ ရက်မှာ တင်ဆက်သွားမှာပါ။ လောလောဆယ်တော့ သီချင်းတိုက် ပြင်ဆင်တာတွေလုပ်နေပါပြီ” ဟု တေးသံရှင်ရေဗက္ကဝင်းက ပရိသတ်များထံ အသိပေးထားသည်။
တေးသံရှင်ရေဗက္ကဝင်းသည် ကိုဗစ်ကပ်ရောဂါကာလတစ်လျှောက်တွင် တေးသီချင်းသစ်အချို့အား အွန်လိုင်းမှထွက်ရှိခဲ့သည်။ ဂီတဖြတ်သန်းမှုကာလ ၁၇ နှစ်ပြည့်အဖြစ် တင်ဆက်မည့် Duet Show တွင် ချစ်ခြင်းကိုပုံဖော်ထားသည့် တေးသီချင်းများဖြင့်တင်ဆက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ တေးသံရှင် ရေဗက္ကဝင်းနှင့်တွဲဖက်ပါဝင်ရန် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသည့် လူငယ်အမျိုးသားတေးသံရှင် ကိုးဦးကို ရွေးချယ်ထားခြင်းဖြစ်သည်။
တေးသံရှင်များသည် New Normal ဖျော်ဖြေရေးအသွင်အဖြစ် အွန်လိုင်းနှင့်ရုပ်သံလိုင်းများတွင် ဂီတဖျော်ဖြေပွဲများ တင်ဆက်လျက်ရှိကာ ယင်းဖျော်ဖြေမှုများအတွက် ထပ်မံပြင်ဆင်နေသည်များလည်း ရှိကြောင်း သိရသည်။ တေးသံရှင်ရေဗက္ကဝင်း၏ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုနိုင်မည့်နည်းလမ်းများကို မကြာမီထုတ်ပြန်ပေးသွားမည်ဖြစ်သည်။ ဖေဖော်ဝါရီလအတွင်းတွင် ချစ်သူများနေ့အမှတ်တရ ဖျော်ဖြေပွဲအချို့ အွန်လိုင်းတွင် တင်ဆက်ကြမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်