အင်တာမီလန်အသင်းသည် လက်ရှိအသင်းတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို ရောင်းချ၍ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ဒီဘားလားအား ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
ဒီဘားလားသည် ၂၀၁၅ ခုနှစ်မှ စတင်၍ ဂျူဗင်တပ်စ်အသင်းတွင် ကစားခဲ့ပြီး လက်ရှိရာသီပြီးဆုံးချိန်၌ ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းနှင့် ဒီဘားလားအကြား စာချုပ်သက်တမ်းတိုးမည့်ကိစ္စမှာ အဆင်မပြေသေးဘဲ လာမည့်နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။
လော်တာရိုမာတီနက်ဇ်သည် အင်တာမီလန်အသင်း၏ မရှိမဖြစ်တိုက်စစ်မှူးတစ်ဦး ဖြစ်သော်လည်း သူ့ကို ဥရောပထိပ်သီးအသင်းများက စိတ်ဝင်စားနေပြီး မြင့်မားတဲ့ ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းလာပါက အင်တာမီလန်အသင်းက ရောင်းချသွားဖွယ်ရှိကြောင်း သိရသည်။
ဒီဘားလားကမူ စိန်ခေါ်မှုအသစ်များ ရင်ဆိုင်ရန်အတွက် ဂျူဗင်တပ်စ်အသင်းကို စွန့်ခွာဖွယ်ရှိကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။
-
မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေမှာ ဘယ်ကိုသွားနေသည်ကို မရှင်းမလင်းဖြစ်နေပြီး ဒီမိုကရေစ ီဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များမှာ ရပ်တန့်နေကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ပြောကြား
-
ပင်စင်လစာများ တိုးမြှင့်ခြင်းသည် နိုင်ငံတော်သမ္မတ ပြောကြားခဲ့သည့် နှစ်သစ်ကူး မိန့်ခွန်းတွင် ပါဝင်သော ကတိကဝတ်များကို အကောင်အထည် ဖော်ခြင်းဖြစ်ပြီး မည်သည့်အရာနှင့်မျှ ပတ်သက်ခြင်းမရှိဟုဆို
-
အစိုးရ၏ အုပ်ချုပ်မှုအဆင့်ဆင့်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ် လုံခြုံရေးကို မထိခိုက်ပါက ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းထားမည် ဟူသော ထုတ်ပြန်ချက်သည် တပ်မတော်၏ ရှင်းလင်းပြတ်သားသည့် သဘောထားဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
-
အမျိုးသား အကျိုးစီးပွားကိုကြည့်ပြီး ဘိုးဘွားများ အမွေပေးခဲ့သည့် လွတ်လပ်ရေး၊ ပိုင်နက်နယ်မြေ အဖဲ့မခံရရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လက်နက်ကို ကိုင်စွဲရင်ဆိုင်ကြရန် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ တိုက်တွန်း
-
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ လားရာသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးဆိုင်ရာ လမ်းကြောင်းမှ လွဲဖယ်ပြီး တိမ်းစောင်းသွားနေသည့် အနေအထားမျိုးသို့ ရောက်ရှိနေကြောင်း ကရင်အမျိုးသား နှစ်သစ်ကူးနေ့သို့ KNU သဝဏ်လွှာပေးပို့