
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့ (အောက်တိုဘာ ၂၉ ရက်) တွင် ကြိုတင်၍ ဆန္ဒမဲပေးခဲ့ကြခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် မဲဆန္ဒနယ်ပြင်ပရောက်အနေနှင့် ပုံစံ ၁၅ ဖြင့် ကြိုတင်ဆန္ဒမဲပေးခွင့် လျှောက်ထား၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်မဲ ပေးခဲ့ကြခြင်း ဖြစ်သည်။
ကြိုတင်ဆန္ဒမဲပေးအပြီး ထွက်ခွာလာချိန်တွင် မဲပေးမည့် ပြည်သူများအား မည်သည့် သတင်းစကား ပါးလိုပါသလဲဆိုသည့် မီဒီယာများ၏ မေးမြန်းမှုကို ' ပြည်သူတွေကတော့ ယုံကြည်အားကိုးပြီးသားပါ။ ပြည်သူတွေအပေါ်မှာ ကျွန်တော်တို့က ယုံကြည်မှုအပြည့်ရှိပါတယ်။ ပြည်သူတွေကလည်း ကျွန်တော်တို့ကို ယုံကြည်မှု အပြည့်ရှိတယ်လို့ ယုံကြည်ထားပါတယ်' ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြန်လည်ဖြေကြားခဲ့သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်အတွက် ကြိုတင်ဆန္ဒမဲ ပေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗဟန်းမြို့နယ်အတွက် ကြိုတင်ဆန္ဒမဲ ပေးခဲ့ကြခြင်း ဖြစ်သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် မဲဆန္ဒနယ်ပြင်ပရောက်ဖြင့် ကြိုတင်ဆန္ဒမဲပေးခွင့် လျှောက်ထား၍ ပြည်ထောင်စုနယ်မြေတွင် ကြိုတင်မဲပေးခဲ့ကြခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်