
ရခိုင်ပြည်နယ်၊ တောင်ကုတ်နှင့် ရမ်းဗြဲမြို့သို့ သွားရောက်ခဲ့သည့် ANP ပါတီ ဗဟိုအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးအဖွဲ့ ဇက်ရေယာဉ် ကမ်းကပ်ခွင့်မရသဖြင့် ချောင်းရေကိုသာ သောက်သုံးရေအဖြစ် တင်ဆောင် လာခဲ့ရကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ဂွတွင် ကမ်းပေါ်သို့ တက်ခွင့်မရခဲ့ သကဲ့သို့ သံတွဲမြို့နယ်တွင်လည်း ကမ်းကပ်ခွင့်မရခဲ့သဖြင့် ဖြေဖျော်ရေး အစီစဉ်များကိုလည်း မပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းမှတစ်ဆင့် တောင်ကုတ်မြို့နယ်သို့ ထွက်ခွက်လာခဲ့ရာ တောင်ကုတ်မြို့တွင် ကမ်းကပ်ခွင့် မရသဖြင့် ဒေသခံများနှင့် တွေ့ဆုံမှုမရဘဲ ဇက်ရေယာဉ်ပေါ်တွင် လိုအပ်သော သောက်သုံးရေများကို မရရှိသောကြောင့် ချောင်းရေကိုသာ ဇက်ရေယာဉ်ပေါ်သို့ တင် ဆောင်လာခဲ့ရကြောင်း သိရသည်။
“ကျွန်တော်တို့ သံတွဲမှာလိုပဲ တောင်ကုတ် ရောက်သွားတော့လည်း ကမ်းကပ်ခွင့် မရခဲ့ဘူး။ ကမ်းကပ်ခွင့် မရတော့ စားသောက်စရာတွေ ရေတွေဇက်ပေါ်ကို တင်လို့မရဘူးပေါ့။ လူတွေနဲ့ ထိတွေ့ခွင့်မရတဲ့ သဘောပါ။ ဒါကြောင့် အခုအချိန်မှာ တောင်ကုတ် ချောင်းရေကိုသာ ဇက်ပေါ်တင်ပြီး သောက်ရေ၊ သုံးရေအဖြစ် အသုံးပြု နေကြရတယ်။ ရေကတော့ နည်းနည်းငန်တယ်။ သောက်ဖို့ သိပ်အဆင်မပြေဘူးပေါ့။ ကျွန်တော်တို့ ရမ်းဗြဲမှာလည်း အဲဒီလိုပဲ ကမ်းကပ်ခွင့်မရခဲ့ဘူး။ အခုဆိုရင် မာန်အောင်မြို့နယ်ကို ဆက်လက်သွားနေပါတယ်” ဟုလည်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်က ပြောကြားသည်။
အဆိုပါ ဇက်ရေယာဉ်ပေါ်တွင် ပါတီဝင် ၂၇ ဦး ပါလာခဲ့ကြောင်းနှင့် ယင်းတို့၏ သောက်သုံးရေအတွက် အခက်အခဲများ ဖြစ်ပေါ်နေခဲ့ကြောင်း သိရသည်။
ထိုသို့ ကမ်းကပ်ခွင့် မရခဲ့သော်လည်း ပါတီအောင်နိုင်ရေး ဇက်ရေယာဉ် အနေဖြင့် ညအချိန်များတွင် အဆိုတော်များမှ ဖြေဖျော်ရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့ရာ ကမ်းပေါ်မှ ထောင်နှင့်ချီသော ပရိသတ်များ လာရောက် အားပေးခဲ့ကြောင်း သိရသည်။
COVID ကာလဖြစ်သည့်အတွက် ကိုဗစ်ကို အကြောင်းပြုကာ ခရီးစဉ်အတွင်း ကမ်းကပ်ခွင့်မရခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယနေ့ (အောက်တိုဘာ ၃၀ ရက်) တွင် မာန်အောင်မြို့နယ်သို့ ရောက်ရှိမည် ဖြစ်ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်