Top News

ဥပဒေတားမြစ်ချက် မရှိ၍ ကြိုတင်မဲ ကောက်ယူမှုတွင် ပါတီ လိုဂို၊ အလံများ သုံးစွဲခွင့်ရှိဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား ■ ကြိုတင်မဲပေးသည့်နေရာသို့လာရောက်ချိန်တွင် ပါတီတံဆိပ်ပါ အဝတ်အစားနှင့် အသုံးအဆောင်များ ဝတ်ဆင် ခြင်း မပြုရန် UEC ကြေညာထား
24htopnews | November 20, 2024 8:13 AM CST

ဥပဒေ တားမြစ်ချက် မရှိသောကြောင့် ကြိုတင်မဲ ကောက်ယူမှုတွင် ပါတီ လိုဂို၊ အလံများ သုံးစွဲခွင့်ရှိ သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟို အောင်နိုင်ရေးအဖွဲ့  ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က The Daily Eleven သတင်းစာကို အောက်တိုဘာ ၃၀ ရက်က ပြောကြားသည်။

အောက်တိုဘာ ၂၉ ရက်က အသက် ၆၀ နှင့်အထက် သက်ကြီးမဲဆန္ဒရှင်များ၏  ကြိုတင်မဲပေးမှုကို ရွေ့လျားစနစ်ဖြင့် ဆောင်ရွက်မှုတွင် မဲပေးသည့်နေရာအနီး၌  NLD ပါတီ တံဆိပ်ပါ အသုံးအဆောင် ပစ္စည်းများ ဝတ်ဆင်သူအချို့ တွေ့ရှိရခြင်းနှင့် ပက်သက်၍ ဆက်သွယ်မေးမြန်းမှုအပေါ် ယင်းသို့ ပြန် လည် ဖြေကြာခြင်းဖြစ်သည်။ 

“အဲဒီဟာနဲ့ ပက်သက်ပြီး ကျွန်တော်တို့ မေးထားပြီးပါပြီ။ ကျွန်တော်တို့က ပါတီ လိုဂို၊ အလံ  စတာတွေ ကို အထိမ်းအမှတ်တွေ မသုံးစွဲရတာ Silent Day နှစ်ခုပဲ မသုံးစွဲရတာပါ။ ဥပဒေက ဒီလို ကြိုတင်မဲပေး ခြင်းမှာ မသုံးရဘူးလို့ တားမြစ်ထားတာ မရှိပါဘူး” ဟု NLD ပါတီ ဗဟို အောင်နိုင်ရေးအဖွဲ့  ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

အောက်တိုဘာ ၂၉ ရက်က အသက် ၆၀ နှင့်အထက် သက်ကြီး မဲဆန္ဒရှင်များ အပါအဝင်   ကြိုတင်မဲ ပေးရန် အကြုံးဝင်သူများ ကြိုတင်မဲပေးမှုတွင်  NLD ပါတီ အမှတ်တံဆိပ်ပါ  ခမောက်၊ လွယ်အိတ်တွင် NLD ပါတီလိုဂိုပါ ကပ်ခွာကပ်၍ မဲဆန္ဒရှင်များ ကြိုတင်မဲပေးခြင်းကို ကူညီ ဆောင်ရွက်ပေးသူအချို့ ရှိ ခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြချက်အရ သိရသည်။

ထို့ပြင် NLD ပါတီ အလံ တပ်ဆင်၍ ကြိုတင်မဲ လိုက်လံကောက်ယူသည့်ဖြစ်စဉ်၊ ကြိုတင်မဲ ကောက် ယူမှုကို လိုက်ပါ ကြည့်ရှုသူအချို့တွင် NLD ပါတီ ရင်ထိုး၊ NLD ပါတီတံဆိပ်ပါ မျက်နှာအကာ (Face Shield) များဝတ်ဆင်မှုများရှိပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တံဆိပ်ပါ အကျီ ဝတ်ဆင်၍ လိုက်ပါသူအချို့ရှိခဲ့သည်ကိုလည်း တွေ့ရသည်။

သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြိုတင်မဲပေးရန် စီစဉ်ထားသည့် နေရာ အ ဆောက်အဦးသို့ လာရောက်သည့်အချိန်တွင် နိုင်ငံရေးပါတီ တံဆိပ်ပါ အဝတ်အစားများ၊ အသုံးအ ဆောင်များ ဝတ်ဆင်သုံးစွဲ၍ လာရောက်ခြင်း မပြုရန် အောက်တိုဘာ ၂၅ ရက်က ထုတ်ပြန်ထားမှုရှိ သည်။

ထို့ကြောင့် ကြိုတင်မဲပေးသည့် နေရာအနီးတွင် ပါတီ အမှတ်အသားများ  ဝတ်ဆင်သုံးစွဲမှုများသည် ကော်မရှင်၏ ကြေညာချက်နှင့် ဆန့်ကျင်ခြင်း ရှိ၊ မရှိအပေါ် ဒေါက်တာ မျိုးညွန့်က  “ကျွန်တော်တို့ ဒါ UEC ကို မေးမြန်းထားပြီးတော့မှ ပြန်ဖြေတာပါခင်မျ။ အဲညွှန်ကြားချက် ရှိတယ်ဆိုရင်တော့    ကျွန် တော်တို့ မတွေ့ဘူူးလို့ ပြောရပါမယ်” ဟု ပြောကြားသည်။

အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ သတ်မှတ်ထားသည့် အသက် ၆၀ နှင့်အထက် မဲဆ န္ဒရှင်များ ကြိုတင်မဲကို Stay at Home သတ်မှတ်ထားသည့် မြို့နယ်များနှင့် လူဦးရေ ထူထပ်သော မြို့ နယ်များတွင် ရပ်၊ ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံတာဝန်ရှိသူများက နေအိမ်အရောက် လိုက်လံ ကောက်ယူမည်ဖြစ်ပြီး ကျန်မြို့နယ်များတွင် ရပ်၊ ကျေးကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြိုတင်မဲ ပေးရမည်ဖြစ်သည်။

သက်ကြီး မဲဆန္ဒရှင်များအတွက် ကြိုတင်မဲကို နေအိမ်အရောက် ရွေ့လျားစနစ် (Mobile) ကောက်ခံမှု တွင် ပါတီ အမှတ်အသားများ ဝတ်ဆင်၍ လိုက်ပါ ဆောင်ရွက်မှုများရှိခြင်းက ကော်မရှင် အနေဖြင့် ညွှန်ကြားချက် ရှင်းလင်းစွာ ထုတ်ပြန်မထားခြင်းကြောင့်ဖြစ်သည်ဟု လွတ်လပ်မျှတသော ရွေးကောက် ပွဲများ ပံ့ပိုးကူညီရေးကွန်ယက် (MYNFREL) ပရိုဂရမ် မန်နေဂျာ ကိုမင်းသူနောင်က ပြောကြားသည်။

“Mobile လာတယ်ဆိုရင် ဒါကို ကြိုးနဲ့တားပြီး မဲရုံသတ်မှတ်မလားပေါ့။ ပုံမှန် ဥပဒေထဲမှာတော့ ကိုက် ၅၀၀ တို့၊ ၁၅ ကိုက်တို့၊ အဲ့လို ရှိတယ်။ ဒါပေမဲ့ Mobile ကျတော့ အဲ့အတွက် ဘာမှ ညွှန်ကြားချက် မ တွေ့ရဘူးပေါ့နော်။ မတွေ့ရဘူးဆိုတဲ့အခါကျတော့ မဲရုံပုရဝုဏ်လို့ သတ်မှတ်မလား။ ဒီအထဲကို ပါတီ အကျီတစ်ခုခုပေါ့နော်။ ကိုယ်စားလှယ် မဟုတ်ဘဲနဲ့ သက်သက် ဝင်လာတဲ့သူရှိတယ်ဆိုရင် ဒါက ဥပ ဒေချိုးဖောက်ရာ ရောက်မလား၊ မရောက်ဘူးလား စသဖြင့် အဲ့လမ်းညွှန်ချက်က မသိရဘူး။ မသိရတဲ့ အခါကျတော့ အခု ပြသနာတွေ ဖြစ်လာတာပေါ့” ဟု ၄င်းက ပြောကြားသည်။

 

 

 

 

 


READ NEXT
Cancel OK