Top News

ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ အပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် မဲရုံအမှတ် (၁) တွင် ကြိုတင်ဆန္ဒမဲပေး
24htopnews | November 20, 2024 8:13 AM CST

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက်ရှိ မဲရုံ အမှတ် (၁) တွင် နိုင်ငံတော်ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ အပါအဝင် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် အောက်တိုဘာ ၃၀ ရက်က ကြိုတင်ဆန္ဒမဲပေးခဲ့ကြခြင်း ဖြစ် သည်။

နိုင်ငံတော်ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေနှင့် ပြည်ထောင်စုအဆင့်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များသည် COVID-19 အခြေအနေကြောင့် နေရပ်ပြန်မဲမပေးနိုင်သည့် မဲဆန္ဒနယ်ပြင်ပရောက် ပုံစံ (၁၅) ဖြင့် ကြိုတင်ဆန္ဒမဲပေးခွင့် လျှောက်ထား၍ ပြည် ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့ နယ် ဇေယျသိဒ္ဓိရပ်ကွက် ရှိ မဲရုံအမှတ်(၁)တွင် ကြိုတင်ဆန္ဒမဲပေးခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံတော်အကြီးအကဲပိုင်းကတော့ ဒီမှာတိုက်ရိုက်လာထည့်တာက မနေ့ကဆို လို့ရှိရင် ဝန်ကြီးလေးဦးလောက် လာထည့်ပါတယ်။ နာမည်တော့ မမှတ်မိတော့ဘူးပေါ့။ ဒီနေ့ကဆို မနက် ၈ နာရီက စဖွင့်ပေးတယ်။ မနေ့က မနက်ခင်းက ၈ နာရီဖွင့်တော့ ဒေါက်တာ ဦးဝင်းမြတ်အေး လာထည့်သွား တယ်။ ဒီမနက်စောစောကတော့ ဒုသမ္မတ (၁)  မိသားစု နှစ်ယောက် လာထည့်ပါတယ်။ ထည့်တာကို ပုံမှန်ပဲ သူတို့လာပါတယ်။ သာ မန်အရပ်သား လာသလိုပဲ လာထည့်တာပါ” ဟု ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်မြက ပြောကြားသည်။

ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် သည် ဝန်ကြီးဌာနအသီးသီးမှ ဌာနအကြီး အကဲများအများဆုံးနေသည့် ရပ်ကွက် ဖြစ်သည်။

“ဒီရပ်ကွက်က ဌာနဆိုင်ရာလူကြီးတွေ အများဆုံးနေတဲ့ ရပ်ကွက်ဖြစ်တဲ့အတွက် နောက်ပြီးတော့ ဦးတို့က မဲရုံ (၁) ဖြစ်တဲ့အ တွက် နေပြည်တော်နယ်မြေမှာ စံပြလိုဖြစ်တဲ့အတွက် အကုန်လုံး ကြိုတင်မဲကို မဲရုံကြီး ထည့်သကဲ့သို့ စနစ်တကျနဲ့လုပ်ထားပါတယ်။ မဲစာရင်းကြည်တဲ့လူ၊ မဲထည့်ပြီးလို့ ရှိ ရင် မှတ်တမ်းတင်တဲ့လူ တစ်ယောက်၊ လျှို့ ဝှက်ဆန္ဒပြုတဲ့အခန်းတွေ၊ မဲပုံးတွေ လာ ရောက်ကြည့်ရှုတဲ့အပြင် အခြားသက်သေ တွေကို ပြသပြီးတော့မှ သေချာလုပ်ထားပါ တယ်” ဟု ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်မြက ပြောကြားသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျသိဒ္ဓိရပ်ကွက်တွင် မဲရုံသုံးရုံရှိပြီး မဲရုံ အမှတ် (၁) တွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင် ၂၁၃၇ ဦး၊ မဲရုံအမှတ် (၂) တွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင် ၂၂၂၅ ဦးနှင့် မဲရုံအမှတ်(၃)တွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင် ၂၁၃၄ ဦးရှိပြီး အသက် ၆၀ နှစ်နှင့်အထက် မဲပေးရမည့် မဲဆန္ဒရှင်များသည် မဲရုံအမှတ် (၁) တွင်၂၉၆ ဦး၊ မဲရုံအမှတ် (၂) တွင် ၁၄၂ ဦးနှင့် မဲရုံ အ မှတ် (၃) တွင် ၄၈ ဦးရှိကြောင်း ၎င်းင်းကပြော ကြားသည်။

“ကြိုတင်မဲ မနေ့က နာမကျန်းလို့ အိမ် သွားယူတာရော၊ ဒီမှာလာထည့်တာရော ၁၆၈ ယောက်ရှိပါတယ်။ ကျွန်တော်တို့ ပြင်ပ မှာ သွားယူတာက ၃၀ ရှိပါတယ်။ ဒီမှာလာ ထည့်တာက ၁၃၈ ဦး ရှိပါတယ်။ ဒီနေ့က လည်း ဒီရပ်ကွက်က သီတင်းကျွတ်လဆန်း ၁၁ ရက်ဖြစ်တဲ့အတွက် မဲထည့်တဲ့လူတွေ လာကြမယ်လို့ ခန့်မှန်းလို့ရပါတယ်” ဟု ရပ် ကျေး ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်မြက ပြောကြားသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်တို့သည်လည်း အောက်တိုဘာ ၂၉ ရက်က ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်ဆန္ဒမဲပေးခဲ့သည်။

 

 


READ NEXT
Cancel OK