
ပရိသတ် စိတ်ဝင်စား အားပေးမှု များပြားခဲ့သည့် The Voice Myanmar Season 2 ပြိုင်ပွဲအား မကြာမီ စတင်မည်ဖြစ်ကာ Coach များအဖြစ် တေးသံရှင် ကျားပေါက်၊ Rဇာနည်၊ ရန်ရန်ချမ်းနှင့် နီနီခင်ဇော်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ The Voice Myanmar Season 2 ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များအားလည်း ဖိတ်ခေါ်ခဲ့ပြီးဖြစ်ကာ ယှဉ်ပြိုင်မှု အဆင့်ဆင့်အား မကြာမီတွင် MRTV- 4 ရုပ်သံလိုင်း၌ ထုတ်လွှင့် တင်ဆက်မည်ဖြစ်သည်။ The Voice Myanmar သီချင်းဆိုပြိုင်ပွဲ၏ Season 1 တွင် Coach များအဖြစ် တေးသံရှင် လင်းလင်း၊ ကျားပေါက်၊ ရန်ရန်ချမ်းနှင့် နီနီခင်ဇော်တို့ ပါဝင်ခဲ့ကြသော်လည်း Season 2 တွင် တေးသံရှင် လင်းလင်း မပါဝင်တော့ဘဲ တေးသံရှင် Rဇာနည်က ပြောင်းလဲပါဝင်မည် ဖြစ်သည်။
“The Voice Myanmar Season 2 ကိုလည်း မကြာမီ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက် သီချင်းဆို ပြိုင်ပွဲမှာလည်း Coach တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ ဘယ်လို Talent ရှိတဲ့ ပြိုင်ပွဲဝင် ကောင်းတွေ၊ ရွက်ပုန်းသီး အနုပညာရှင်တွေ ထွက်ပေါ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါ။ Season 2 မှာတော့ Coach ကိုလင်းလင်း မပါဝင်တော့ဘဲ ကို Rဇာနည်က ပါဝင်ပေးသွားမှာပါ။ Coach တွေရဲ့ အပြိုင်အဆိုင် အားထုတ်ရွေးချယ်မှု၊ လေ့ကျင့်ပျိုးထောင်မှုနဲ့အတူ ပြိုင်ပွဲဝင်တွေ ဘယ်လိုအကြိတ်အနယ် ယှဉ်ပြိုင်ကြမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ မကြာခင်ထုတ် လွှင့်ပြသတော့မှာပါ” ဟု The Voice Myanmar Season ပြိုင်ပွဲမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။
ပြိုင်ပွဲတွင် Coach တစ်ဦးအဖြစ် ပါဝင်သွားမည့် တေးသံရှင် နီနီခင်ဇော်ကလည်း “နီနီတို့ The Voice ရဲ့ Season 2 မှာလည်း Coach အဖြစ် ပါဝင်ပါမယ်။ တကယ့်ကို အရည်အချင်းရှိတဲ့ ဂီတဝါသနာရှင်တွေကို လက်တွဲခေါ်ယူခွင့် ရတဲ့အစီအစဉ် ဖြစ်တာကြောင့် ဒီအစီအစဉ်လေးမှာ ထပ်မံပါဝင်ခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ်” ဟု ဆိုသည်။
The Voice Myanmar Season သီချင်းဆိုပြိုင်ပွဲမှာ The Voice သီချင်းဆိုပြိုင်ပွဲ၏ တရားဝင် အသိအမှတ်ပြုမှုဖြင့် ကျင်းပလျက်ရှိသည့် သီချင်းဆို ပြိုင်ပွဲဖြစ်ပြီး Season 1 တွင်ပင် ပရိသတ်အားပေးမှု များပြားခဲ့သည်။ The Voice Myanmar Season 1 တွင် Coach လင်းလင်း၏ အဖွဲ့မှ ပြိုင်ပွဲဝင် ကိုငွေစိုးက Winner ဆုကို ရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်