‘ကိုယ်စောင့်နတ်’ ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ မြန်မာနိုင်ငံ တစ်ဝန်း၌ ရုံတင် ပြသသွားမည်ဟု သိရသည်။
Myanmar Media 7 မှ စီစဉ်ရိုက်ကူး ထုတ်လုပ်သည့် ‘ ကိုယ်စောင့်နတ်’ ရုပ်ရှင် ဇာတ်ကားသည် ကျောင်းသား လူငယ်များအကြား ဖြစ်တတ်သည့် အဖြစ်များကို ဇာတ်လမ်းဖွဲ့ကာ ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။ ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးထားသည့် ‘ကိုယ်စောင့်နတ်’ ဇာတ်ကားတွင် ကျော်သူ၊ ရန်အောင်၊ ရဲအောင်၊ ထွန်းထွန်း၊ လွှမ်းပိုင်၊ ထူးအောင်၊ ဆန်းထွဋ်၊ အောင်ရဲထွေး၊ သုတဇော်၊ မျိုးဇော်၊ ခင်ဝင့်ဝါ၊ မေသဥ္ဇာဦး၊ ခိုင်သဇင်ငုဝါ၊ ချောကလျာ၊ စုလင်းရှိန်၊ စူးရှခင်၊ နန်းချစ်ခွန်းချို၊ ကင်းကောင်၊ ဇင်မျိုးနှင့် တက္ကသိုလ်ဂွမ်းပုံတို့ ပါဝင်သရုပ်ဆောင် ထားသည်။
‘ကျွန်တော်တို့ Myanmar Media 7 အနေနဲ့ မြန်မာရုပ်ရှင် ဇာတ်ကားတွေမှာ ပရိသတ်တွေ ကြည့်ရနည်းတဲ့ ကျောင်းသားဇာတ်ကားလေး တင်ဆက်ချင်တာကြောင့် ဒီဇာတ်ကားကို ရိုက်ကူးဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းရော ပါဝင်ကြတဲ့ အနုပညာရှင်တွေနဲ့ ဇာတ်လမ်းတင်ဆက်မှုတွေက ပရိသတ်တွေ နှစ်သက်စေမှာပါ။ ဒီဇာတ်ကားကို ဒီဇင်ဘာ ၂၈ ရက်ကစပြီး ရုံတင်ပြသမှာပါ” ဟု Myanmar Media 7 ၏ ဥက္ကဋ္ဌ ကိုဝေမင်းမောင်က ဆိုသည်။
‘ကိုယ်စောင့်နတ်’ ဇာတ်ကားရုံမတင်မီ Student Party အဖြစ် ဇာတ်ကားပြသခြင်းကို ဒီဇင်ဘာ ၁၇ ရက် ရန်ကုန်မြို့ရှိ Junction City JCGV ၌ ပြုလုပ်ခဲ့သည်။ ကျောင်းသားဟာသ အချစ်ဇာတ်ကားဖြစ်သည့် ‘ကိုယ်စောင့်နတ်’ ဇာတ်ကား၏ Student Party သို့ အနုပညာရှင်အများအပြား တက်ရောက်အားပေး ကြည့်ရှုခဲ့ကြပြီး ကျောင်းသားစတိုင် ဝတ်စားဆင်ယင်မှုများဖြင့် လာရောက် အားပေးခဲ့ကြသည်ဟု သိရသည်။
-
အမေရိကန်တွင် COVID-19 ကူးစက်မှုနှုန်း မြင့်တက်နေချိန် ကာကွယ်ဆေးများသည် အဓိကနေရာမှ ရပ်တည်နေဟု ကျန်းမာရေးတာဝန်ရှိသူများ ပြောကြား
-
COVID-19 ကပ်ရောဂါသည် ပြီးဆုံးရန် အလှမ်းကွာဝေးနေသေးဟု WHO သတိပေး
-
အီရန်၏ တိုက်ပွဲဝင်ဒရုန်းများကို ရယူလိုသည့် ရုရှား၏ အစီအစဉ်သည် ယူကရိန်းစစ်ပွဲတွင် ရုရှား၏ဆုံးရှုံးမှုများကို ပြသရာရောက်နေသည်ဟု အမေရိကန် ပြောကြား
-
ပြည်ပနိုင်ငံများတွင် အာဏာသိမ်းမှုများကို အစီအစဉ်အရ ကူညီပေးခဲ့ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်ဟောင်းက ဝန်ခံ
-
အစိုးရအဆောက်အအုံများအား စီးနင်းသိမ်းပိုက်ထားမှုကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း သီရိလင်္ကာ ဆန္ဒပြသူများ ပြောကြား