
ဒီမိုကရေစီ နည်းလမ်းကျသည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ပေါ်ပေါက်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ကြောင်းနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) နှင့် အစိုးရက မဲဆန္ဒနယ်အားလုံးတွင် ဆန္ဒမဲပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက် သွားလိမ့်မည်ဟု မျှော်လင့်ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သတင်းထုတ်ပြန်သည်။
ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ ခေါင်းဆောင် Mr. SASAKAWA Yohei ၏ သတင်းထုတ်ပြန်ချက်ကို အောက်တိုဘာ ၂၇ ရက် တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် ထိုသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို လေ့လာရန် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့ခေါင်းဆောင် Mr. SASAKAWA Yohei သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပစဉ်ကကဲ့သို့ပင် ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ကို ဦးဆောင်သူအဖြစ် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်မည်ဖြစ်ကြောင်း ဂျပန်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လတ်တလော အသက်ရှူလမ်းကြောင်းရောဂါ ကူးစက်ပျံ့နှံ့မှှု များပြားနေသည့် အချိန်ကာလ ဖြစ်သောကြောင့် အတူတကွ လာရောက်မည့် အဖွဲ့ဝင်ဦးရေကို လျော့ချထားသော်လည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. MARUYAMA Ichiro နှင့် သံရုံးဝန်ထမ်းများကို ပူးပေါင်းဆောင်ရွက်မှုကို ရယူပြီး မဲရုံကြည့်ရှုလေ့လာခြင်း နှင့် ဆန္ဒမဲပေးမှု အခြေအနေ၊ မဲရေတွက်မှု အခြေအနေများကိုလည်း တစ်စိတ်တစ်ပိုင်း ကြည့်ရှုလေ့လာ သွားမည်ဖြစ်ကြောင်း ဂျပန်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခု ရွေးကောက်ပွဲသည် ဒီမိုကရေစီ နည်းလမ်းကျသည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ပေါ်ပေါက်လာမည်ဟု အခိုင်အမာ ယုံကြည်မျှော်လင့်လျက်ရှိကြောင်း ဂျပန်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နယ်မြေလုံခြုံရေး စသည့် အခြေအနေများအရ အချို့ဒေသများတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိကြောင်း ကြေညာခဲ့သော်လည်း UEC နှင့် မြန်မာနိုင်ငံအစိုးရ မဲဆန္ဒနယ် အားလုံးတွင် ဆန္ဒမဲပေးနိုင်ရန် အထူးကြိုးပမ်း စီစဉ်ဆောင်ရွက် သွားလိမ့်မည်ဟု မျှော်လင့်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ယခုကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး လုပ်ငန်းစဉ်များ ပိုမိုတိုးတက် ဖြစ်ထွန်းလာစေရေးအတွက် အထောက်အပံ့ကောင်း ဖြစ်ပါစေကြောင်း ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့ခေါင်းဆောင် Mr. SASAKAWA Yohei က ဆုတောင်းပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်