စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆွမ္မရာမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ခွင့်မပြုသည့်အတွက် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ မဲဆွယ်ဗီနိုင်းများနှင့် ပန်းဖလက်များ စိုက်ထူခွင့်၊ ဖြန့်ဝေခွင့်မရခဲ့ကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ လေးရှီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ဝင်းဌေးက ပြောကြားသည်။
အဆိုပါမြို့တွင် အခြားပါတီများ၏ မဲဆွယ်ဗီနိုင်းများကိုမူ စိုက်ထူခွင့်ပေးခဲ့ထားကြောင်း၊ ၎င်းသည် မြို့ပေါ်ရှိ အဓိကလမ်းဘေးနေရာများတွင် မဲဆွယ်ဗီနိုင်းများစိုက်ထူရန် ညှိနှိုင်းခဲ့သော်လည်း ခွင့်မပြုခဲ့ကြောင်း၊ ပါတီဝင်တို့၏ နေအိမ်၌သာ မဲဆွယ်ဗီနိုင်းများ စိုက်ထူရန် ခွင့်ပြုပေးခဲ့သည်ဟု ၎င်းက ပြောကြားသည်။
“ မြို့တစ်မြို့မှာဆိုရင် စည်ပင်ပိုင်တဲ့မြေရှိတယ်။ ပလပ်မြေရှိတယ်။ ဂရမ်မြေရှိတယ်။ စွန့်ပစ်မြေရှိတယ်။ ကျွန်တော်တို့ အောင်နိုင်ရေးဆိုင်းဘုတ်ကျတော့ စည်ပင်နဲ့ပတ်သက်တာလေ။ စည်ပင်နဲ့ပတ်သက်တော့ ကျွန်တော်တို့က မြို့ပေါ်မိန်းလမ်းဘေးတွေ ထောင်ချင်တာ။ စိုက်ချင်လို့ ညှိတဲ့အခါကြတော့ ကျွန်တော်တို့ကို နေရာမပေးဘူး။ လမ်းဘေးကိုပဲ မထောင်ခိုင်းတာပါ။ ပါတီဝင်အိမ်ကိုပဲ ထောင်ခိုင်းတယ်။ ပါတီဆိုင်းဘုတ်ကိုလည်း ထောင်ခွင့်မပေးဘူး။ ပန်းဖလက်လည်း ဖြန့်ဝေခွင့်မပေးဘူး။ ဆွမ္မရာမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ခွင့်မပြုတာပါ” ဟု လေးရှီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဝင်းဌေးက ပြောကြားသည်။
မကြာခင် ကျင်းပပြုလုပ်တော့မည့် အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆွမ္မရာမြို့တွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် နာဂအမျိုးသားပါတီတို့မှ ကိုယ်စားလှယ်လောင်းများက ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
-
လူကုန်ကူးခံရသည့် ဒဂုံတက္ကသိုလ်ကျောင်းသားအား နှိပ်စက်မှုဖြင့် အဖမ်းခံရသည့် ဖောင်ဦးစီး အချုပ်အတွင်း သေဆုံး
-
နိုင်ငံပိုင်ငွေကြေး ခိုင်မာစေရန်အတွက် ပြည်တွင်း၌ ကျပ်ငွေသုံးစွဲရန် ညွှန်ကြားချက်အား လိုက်နာဆောင်ရွက်ခြင်းမရှိပါက မည်သို့အရေးယူမည်ကို ပြည်သူလူထုထံအသိပေး၍ ပညာပေးကာလတစ်ခု သတ်မှတ်ပြီး အကောင်အထည်ဖော်မည်ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောကြား
-
ကလေးမြို့နည်းပညာတက္ကသိုလ် ကျောင်းသား ၁၀ ဦးက တန်ဖိုးနည်းပါးပြီး ဆိုလာစနစ်ဖြင့်မောင်းနှင်နိုင်သည့် လေးယောက်စီးကား တီထွင်
-
FDA သတ်မှတ်ချက်နှင့်မညီ လိုင်စင်မဲ့ထုတ်လုပ်နေသည့် သောက်ရေသန့်လုပ်ငန်းကိုးခုအား ထုတ်လုပ်မှုရပ်ဆိုင်း
-
အလုပ် ရမည်ဟုဆိုကာ ပွဲစားက မြန်မာလုပ်သား ၁၀၀ ခန့်ကို လိမ်လည်သဖြင့် ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ ဆန္ဒပြ