Top News

ဘာစီလိုနာရဲ့ ဖိအားပိုနေတဲ့ နွေ
24htopnews | November 19, 2024 7:12 PM CST

နွေရာသီအပြောင်းအရွှေ့ကာလဟာ ဥရောပထိပ်တန်းလိဂ်အသင်းတိုင်းအတွက် ရည်မှန်းချက်ပေါ်မူတည်ပြီး အနည်းနဲ့အများတော့ အလုပ်ရှုပ်စေတဲ့ကာလဆိုရင်တောင် လက်ရှိ ၂၀၂၂ နွေရာသီ ကတော့ ဘာစီလိုနာအတွက် သာမန်ထက်ပိုပြီး လုပ်ကိုင်စရာတွေများပြားလွန်းနေတဲ့ အပြောင်းအရွှေ့တစ်ခုလို့ပဲ သုံးသပ်ရပါလိမ့်မယ်။ ကွင်းတွင်း၊ ကွင်းပြင် ဖြေရှင်းရမယ့် ကိစ္စရပ်များစွာနဲ့အတူ အသင်းတာဝန်ရှိသူတွေ၊ နည်းပြအဖွဲ့တွေနဲ့ ကစားသမားတွေအတွက်လည်း အပြောင်းအလဲများစွာနဲ့ ရင်ခုန်စိတ်လှုပ်ရှားစေဦးမှာပါ။ ပိုမိုကောင်းမွန်သောအနာဂတ်သစ်တစ်ခုဆီ ချီတက်ဖို့ရည်ရွယ်နေတဲ့ ဘာစီလိုနာအသင်းအတွက် ၂၀၂၂ နွေစျေးကွက်ဟာ ပထမဆုံးဖြတ်ကျော်ပြရမယ့်အတားအဆီးတစ်ခုပါပဲ။


READ NEXT
Cancel OK