
မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးတွင် မြန်မာနိုင်ငံ၏ နယ်နိမိတ်ပိုင်နက်နယ် မြေဆုံးရှုံးမှုမရှိစေရေး၊ နှစ်နိုင်င့ံအကြား နယ်နိမိတ်သတ်မှတ်ချက်ကို အလေးထားဆောင်ရွက်ရန် မြန်မာ-တရုတ်နယ်စပ် စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အ ကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောကြားသည်။
မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်စီးပွား ရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရာတွင် နှစ်နိုင်ငံအကြား နယ်နိမိတ်သတ်မှတ်ချက် တိုင်းတာသတ်မှတ်နိုင်ရေး၊ မြန်မာ -တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန် တည်ထောင်အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်၊ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မူ ဘောင်သဘောတူညီချက်အား လက်မှတ်ရေးထိုးနိုင်ရေးနှင့် Joint Working Group ဖွဲ့စည်းနိုင်ရေးအား ရှင်းလင်းဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ-တရုတ်နှစ်နိုင်ငံအကြားနယ်နိမိတ် တိုင်းတာသတ်မှတ်နိုင်ရေးနှင့်ပတ် သက်ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များ တည်ထောင်ရေးဆိုင်ရာကိစ္စများ တွင် မြန်မာနိုင်ငံ၏ နယ်နိမိတ်ပိုင်နက် နယ် မြေဆုံးရှုံးမှုမရှိစေရေး၊ နှစ်နိုင်ငံအကြား နယ် နိမိတ်သတ်မှတ်ချက်ကို အလေးထားလိုက် နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းငြိမ်း ချမ်းရေးကို ကြိုးပမ်းဖော်ဆောင်နေသည့် နည်းတူ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံ တကာနှင့် ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန် ဆက်ဆံရေးတို့ကို အလေးထားဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အ ထည်ဖော်ခြင်းကို နိုင်ငံတော်၏ မူဝါဒများ၊ တည်ဆဲဥပဒေများနှင့်အညီ ဗဟိုကော်မတီ အဖွဲ့ဝင်များက ပူးပေါင်းဆောင် ရွက်ပေးကြ ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းထား သည်။
မြန်မာ-တရုတ်နယ်စပ် စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဇုန် (BECZ) မြန်မာဘက်ခြမ်း တည်ထောင်အကောင်အထည် ဖော်ရာတွင် အရေးကြီးသည့်အချက်များ ဖြစ်သည့် နှစ်နိုင်ငံညှိနှိုင်းခြင်း၊ နှစ်နိုင်ငံနယ် စပ်နယ်နိမိတ်မျဉ်း အတည်ပြုသတ်မှတ်ပြီး ဖြစ်ခြင်း၊ မြေအသုံးချခွင့်ညှိနှိုင်းဆောင်ရွက် ခြင်းတို့အား ညှိနှိုင်းဖြေရှင်းပြီးမှသာ E.O.I ခေါ်ယူခြင်း၊ စိစစ်ရွေးချယ်ခြင်းလုပ်ငန်းများ အပ်နှံ အကောင်အထည်ဖော်ခြင်းတို့အား ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောကြားခဲ့သည်။
မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဇုန်များ တည်ထောင် အကောင်အထည်ဖော်ရာတွင် နှစ်နိုင်ငံညှိ နှိုင်းမှုအရ မူဆယ်-ရွှေလီ-ကျယ်ခေါင်ကို ဦး စားပေးတည်ထောင်ရန်ဖြစ်သော်လည်း တရုတ်နိုင်ငံဘက်ခြမ်းတွင် လျာထားတည် နေရာသုံးခုစလုံး အခြေခံအဆောက်အအုံများ အဆင်သင့်နီးပါးဖြစ်နေမှုကို တွေ့ရှိရကြောင်း နှင့် မြန်မာဘက်ခြမ်းတွင် မြေနေရာအသုံးပြု
ခွင့်ရရှိရေးနှင့် လမ်းပန်းဆက်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထားကြရန်ဖြစ်ကြောင်း၊ မြေနေရာရွေးချယ်ရာတွင် နှစ်နိုင်ငံနယ်စပ် နယ်နိမိတ်မျဉ်းအ တည်ပြုသတ်မှတ်ထားပြီးဖြစ်၍အရေးကြီးသကဲ့သို့ လမ်းပန်းဆက်သွယ်မှုမှာလည်း မြို့၊ ရွာ၊ ရပ်ကွက်၊ ကျေးရွာများ ထိခိုက်ပျက်စီးမှု မရှိစေရေးနှင့် ယဉ်ကျေးမှုထိခိုက်ပျက်စီးမှု မရှိစေရေး အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဒေသခံများ၏ မူလစိုက်ပျိုးထုတ်လုပ်မှု လျော့နည်းကျဆင်းမှုမရှိစေရေးနှင့် လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးနစ်နာမှု အနည်းဆုံးဖြစ်စေရေးအတွက် နယ်စပ်စီးပွားရေးဇုန် လျာထားနေရာနှင့်မလွတ်ကင်း၍ မဖြစ်မနေပြောင်းရွှေ့ပေးရန် လူနေအိမ်နှင့် စိုက်ပျိုးမြေများအတွက် သင့်တင့်မျှတသည့် မြေယာလျော်ကြေးအပြင် မြေယာအစားထိုးပေးအပ်နိုင်ရေး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောကြားခဲ့သည်။
မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များကို မူဆယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီးတို့တွင် တည်ဆောက်ပြီး Core Zone ၊ ပို့ကုန်သွင်းကုန် ပစ္စည်းများသိုလှောင်ရန် ကုန်လှောင်ရုံဧရိယာများအဖြစ် ဖွဲ့စည်းတည်ထောင်သွားရန် လျာထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်