
တရုတ်နိုင်ငံမှ Qingdao လေကြောင်းလိုင်း တရုတ်နိုင်ငံ၊ နင်းပေါ်မြို့နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တိုက်ရိုက်လေကြောင်းခရီးစဉ်အား စတင်ပျံသန်းခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာဆေိပ်မှ သတင်းရရှိသည်။
Qingdao လေကြောင်းလိုင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်၊ ရန်ကုန်မြို့နှင့် ရှန်ဟိုင်းမြို့တောင်ဘက်ရှိ အဓိကဆိပ်ကမ်းမြို့ဖြစ်ပြီး ရှီကျင်းပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် နင်းပေါ်မြို့သို့ ချိတ်ဆက်ပျံသန်းမည့် ၎င်း၏ လေကြောင်းခရီးစဉ်သစ်ကို ခရီးသည် ၁၈၀ ဦးအားသယ်ဆောင်နိုင်မည့် A 320 အမျိုးအစားလေယာဉ်အားအသုံးပြု၍ အပတ်စဉ် တင်္နလာနှင့် သောကြာနေ့တိုင်း ပျံသန်းသွားမည်ဖြစ်သည်။
Qingdao လေကြောင်းလိုင်းသည် ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် တရုတ်လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံအတွင်းရှိ မြို့ကြီး ၁၈ မြို့သို့ လေကြောင်းခရီးစဉ်များ ချိတ်ဆက်ပျံသန်းနေခြင်းဖြစ်ကြောင်း သိရသည်။ Qingdao လေကြောင်းလိုင်းသည် Air China, Nashan လုပ်ငန်းစုနှင့် Qingdao ဒေသ၏ ဒေသန္တရအုပ်ချုပ်ရေး အစိုးရအဖွဲ့တို့ ဖွဲ့စည်းတည်ထောင်ထားသည့် လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ ဧပြီ ၂၆ ရက်မှစတင်ကာ A 320 အမျိုးအစား လေယာဉ်များကို ငှားရမ်းအသုံးပြုကာ တရုတ်နိုင်ငံတွင်းရှိ မြို့ကြီးများသို့ ပြည်တွင်းခရီးစဉ်များ စတင်ပျံသန်းခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ချိတ်ဆက်ပျံသန်းသည့် တရုတ်နိုင်ငံမှ လေကြောင်းလိုင်းများ ပိုမိုများပြားလာနေပြီး လက်ရှိတွင် ရန်ကုန်လေဆိပ်နှင့် တရုတ်နိုင်ငံအကြား ချိတ်ဆက်ပျံသန်းနေသော တရုတ်လေကြောင်းလိုင်း စုစုပေါင်း ၁၃ ခုရှိလာပြီဖြစ်ကြောင်း သိရသည်။
၂၀၁၉ အောက်တိုဘာ ၂၈ ရက်အထိ တရုတ်လေကြောင်းလိုင်း ၁၃ ခုက တရုတ်နိုင်ငံရှိ မြို့ကြီး ၁၈ မြို့နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အကြား လေကြောင်းခရီးစဉ် ပျံသန်းနေပြီးထပ်မံ၍ တရုတ်လေကြောင်းလိုင်းများမှ ရန်ကုန်လေဆိပ်နှင့် ချိတ်ဆက်၍ ခရီးစဉ်ပျံသန်းရန် ခွင့်ပြုချက်တောင်းခံမှုများ ရှိနေကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
၂၀၁၉ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာထိ တရုတ်လေကြောင်းလိုင်းများဖြစ်သည့်Hainan Airlines, Sichuan Airline, China Eastern Airlines, Xiamen Airlines နှင့်Spring Airlines, Kunming Airlines, Ruili Airlines နှင့် Qingdao လေကြောင်းလိုင်းတို့က ရန်ကုန်လေဆိပ်နှင့် တရုတ်နိုင်ငံရှိမြို့ကြီးများကို ခရီးစဉ်သစ် ပျံသန်းမှုများ စတင်ခဲ့ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ်၏ ကိုးလတာအတွင်း နိုင်ငံတကာလေကြောင်းခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းမှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အသုံးပြုသူခရီးသည်ပမာဏ ယခင်နှစ်ကာလတူဖြင့် နှိုင်းယှဉ်ပါက ၆.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည့် YACL ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၉ ခုနှစ်၏ ပထမကိုးလတာအတွင်း ရန်ကုန်လေဆိပ်အား အသုံးပြုသူ ခရီးသည်ပမာဏ ၄ ဒသမ ၆၀ သန်းအထိ မြင့်တက်ခဲ့ပြီး ယမန်နှစ်ထက် ခရီးသည် ၆ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုတိုးတက်လာခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ခရီးသည်ပမာဏ မြင့်တက်လာရခြင်းသည် အဓိကအားဖြင့် တရုတ်ခရီးသွားစျေးကွက်မှ ခရီးစဉ်တိုးချဲ့ပျံသန်းမှုများကြောင့်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်