
တိုယိုတာက မြန်မာနိုင်ငံတွင် Toyota Hilux မော်တော်ယာဉ် အမျိုးအစားကိုသာ စတင်ထုတ်လုပ်မည်ဖြစ်ပြီး စျေးကွက်အခြေအနေကို စောင့်ကြည့်ပြီးမှသာ အခြားမော်တော်ယာဉ် အမျိုးအစားများ ထုတ်လုပ်ရန် စီစဉ်မည်ဖြစ်ကြောင်း Toyota Myanmar Co.,Ltd ၏ Managing Director ဖြစ်သူ Yoshihisa Tonozuka ၏ ပြောကြားချက်အရ သိရသည်။
“အခု စက်ရုံတည်ဆောက်ရေး လုပ်ငန်းကို စတင်နေပြီဖြစ်ပြီး ၂၀၂၀ သြဂုတ်လလောက်မှာ စက်ရုံ တည်ဆောက်ရေး လုပ်ငန်းတွေ ပြီးစီးပြီး အော်ပရေးရှင်း လုပ်ငန်းတွေ စတင်နိုင်မယ်လို့ ရည်မှန်းထားပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီကနေ စတင်ပြီး Toyota Hilux မော်တော်ယာဉ် အမျိုးအစားတွေကို ထုတ်လုပ်နိုင်ဖို့ မှန်းထားပါတယ်။ တစ်နှစ်ကို Hilux အစီးရေ ၂၅၀၀ ထုတ်လုပ်နိုင်မယ်လို့ ရည်မှန်းထားပါတယ်။ အခြားလူစီးကား အမျိုးအစား တွေကိုတော့ စျေးကွက်အခြေအနေကို ကြည့်ပြီးမှသာ ဘာမော်ဒယ် ထုတ်မလဲ စဉ်းစားပါမယ်” ဟု Toyota Myanmar Co.,Ltd ၏ Managing Director ဖြစ်သူ Yoshihisa Tonozuka က ပြောကြားသည်။
ဂျပန်နိုင်ငံ၊ တိုယိုတာ မော်တော် ကော်ပိုရေးရှင်း၏ မြန်မာနိုင်ငံရှိ မော်တော်ယာဉ်ထုတ်လုပ်မှု ကုမ္ပဏီဖြစ်သည့် တိုယိုတာ မြန်မာ ကုမ္ပဏီလီမိတက် (TMY) ၏ စက်ရုံသစ် စတင်တည်ဆောက်ခြင်း ပန္နက်တင် အခမ်းအနားကို သီလဝါ အထူးစီးပွားရေးဇုန် B တွင် နိုဝင်ဘာ ၁ ရက်က ပြုလုပ်ခဲ့သည်။
တိုယိုတာ မော်တော်ကော်ပိုရေးရှင်း( တိုယိုတာ) အနေဖြင့် မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းဖြစ်သည့် တိုယိုတာမြန်မာ ကုမ္ပဏီလီမိတက် (Toyota Myanmar Co.,Ltd, TMY) ကို ဖွဲ့စည်းတည်ထောင်ကာ ပြည်တွင်း၌ Toyota Hilux အမျိုးအစား မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံတွင် လာရောက် အခြေစိုက်ပြီး တာဝန်ယူ လုပ်ဆောင်မှုရှိတဲ့ ကော်ပိုရေးရှင်းကြီး တစ်ခုအနေနဲ့ ပြည်တွင်းမော်တော်ယာဉ် ထုတ်လုပ်မှုလုပ်ငန်းမှတစ်ဆင့် အရည်အသွေးမြင့် မော်တော်ယာဉ်တွေကို ဝယ်ယူသုံးစွဲသူတွေဆီ အချိန်နဲ့ တစ်ပြေးညီရောက်အောင် ထုတ်လုပ်ဖြန့်ဖြူးပေးမှာဖြစ်ပြီး တိုယိုတာအနေနဲ့ မြန်မာနိုင်ငံ စီးပွားရေးနဲ့ မြန်မာ့လူ့အဖွဲ့အစည်းကိုလည်း တစ်ပြိုင်နက် ဖွံ့ဖြိုးတိုးတက် စေလိုပါတယ်။ ဒီတိုယိုတာ ထုတ်လုပ်ရေး စက်ရုံအသစ် တည်ဆောက်ရေး လုပ်ငန်းအတွက် အဘက်ဘက်က ပံ့ပိုးကူညီပေးခဲ့တဲ့ မြန်မာအစိုးရနဲ့ အခြားသော ပါဝင်ပတ်သက် ဆက်နွှယ်သူများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်” ဟု တိုယိုတာ မော်တော်ကော်ပိုရေးရှင်း၊ တရုတ်နှင့် အာရှဒေသဆိုင်ရာ ဒုတိယအမှုဆောင် အရာရှိချုပ် Mr. Susumu Matsuda က ပြောကြားသည်။
သီလဝါ အထူးစီးပွားရေးဇုန် B တွင် တိုယိုတာက စက်ရုံတည်ဆောက်ပြီး ၂၀၂၁ ခုနှစ်မှစ၍ မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရန် မြေ ၂၁ ဟက်တာ ရယူထားခြင်း ဖြစ်သည်။
တိုယိုတာမြန်မာ (TMY) စက်ရုံကို ရန်ကုန်မြို့တောင်ဘက်ရှိ သီလဝါ အထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်သွားမည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅၂ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း၊ လုပ်သားအင်အား ၁၃၀ ခန့်ဖြင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ကုန်ထုတ်လုပ်ငန်းများ စတင်ဆောင်ရွက်သည့်အချိန်မှ စတင်ကာ တစ်နှစ်လျှင် Toyota Hilux အစီးရေ ၂၅၀၀ ကို SKD (Semi Knock Down) စနစ်ဖြင့် တပ်ဆင် ထုတ်လုပ်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
တိုယိုတာ မြန်မာ (TMY) တွင် အစုရှယ်ယာ ပါဝင်မှုအနေဖြင့် Toyota Motor Corporation မှ ၈၅ ရာခိုင်နှုန်း၊ Toyota Tsusho Corporation မှ ၁၅ ရာခိုင်နှုန်း ပါဝင်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်