
ပုံမှန်လိုင်စင်ဖြင့် ပို့ကုန်သွင်းကုန် ကုမ္ပဏီများမှ လုပ်ငန်းသုံး ယာဉ်အရောင်းစင်တာ ဖွင့်လှစ်ခွင့် ရရှိသည့် စင်တာများတွင် Ceiling စီးရေသတ်မှတ်ချက်၌ ၂၀၁၅ ခုနှစ် မော်ဒယ်မှ ၂၀၁၉ မော်ဒယ်အထိ လုပ်ငန်းသုံး မော်တော်ယာဉ်များ ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
လုပ်ငန်းသုံး ယာဉ်အရောင်းစင်တာ ဖွင့်လှစ်မည့် ပုံမှန်လိုင်စင်ဖြင့် ဆောင်ရွက်သည့် ကုမ္ပဏီများသည် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ရရှိပြီး ဖြစ်ရမည်။ အရောင်းစင်တာ ဖွင့်လှစ်ရန်အတွက် စီးပွားရေး အကျိုးဆောင် မှတ်ပုံတင်လက်မှတ် ရှိရမည်။
သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ခွင့် ပြုချက်နှင့်သက်ဆိုင်ရာ စည်ပင်သာယာရေး အဖွဲ့များထံမှ လုပ်ငန်းလိုင်စင် ရယူဆောင်ရွက်ရမည်။ တိုင်းဒေသကြီး ခွင့်ပြုချက်နှင့် စည်ပင်လုပ်ငန်းလိုင်စင် ရရှိခြင်းမရှိပါက မြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ လုပ်ငန်းသုံး မော်တော်ယာဉ်များ တင်သွင်းဖြန့်ဖြူး ရောင်းချရေးနှင့် ပတ်သက်၍ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်ဖြင့် ယာယီခြောက်လ ဖွင့်လှစ်ခွင့်ပြုမည်။ ထိုသို့ ယာယီဖွင့်လှစ်ခွင့်ပြုစဉ် ကာလအတွင်း တိုင်းဒေသကြီး ခွင့်ပြုချက်နှင့် စည်ပင်လုပ်ငန်းလိုင်စင် ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းသုံး မော်တော်ယာဉ် အရောင်းစင်တာ ဖွင့်လှစ်မည့် ကုမ္ပဏီ၏ ဘဏ်စာရင်းတွင် အာမခံငွေ (Deposit) အဖြစ် ကျပ်သိန်း ၅၀၀ ကို ဗဟိုဘဏ်က အသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုခုတွင် သီးခြားငွေစာရင်း ဖွင့်လှစ်၍ ထည့်သွင်း သိမ်းဆည်းရမည်။
လုပ်ငန်းသုံး မော်တော်ယာဉ် အရောင်းစင်တာ အကျယ်အဝန်း အနည်းဆုံး စတုရန်းပေ ၉၀၀၀ ရှိရမည် ဖြစ်ကြောင်းနှင့် အရောင်းစင်တာ အဆောက်အအုံ အကျယ်အဝန်းအား စတုရန်းပေ ၃၀၀၀ နှင့် အရောင်းစင်တာ ရုံးခန်းအကျယ်အဝန်းကို စတုရန်းပေ ၃၀၀ ရှိရမည်ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းစင်တာ ဖွင့်လှစ်မည့် မြေနေရာသည် မြေပိုင်ဖြစ်လျှင် ကုမ္ပဏီဒါရိုက်တာ တစ်ဦးဦး၏ အမည်ပေါက် ဂရန်မူရင်း အထောက်အထား ငှားရမ်းထားသည့်မြေဖြစ်လျှင် တံဆိပ်ခေါင်းကပ်ထားသည့် အငှားစာချုပ်မူရင်း စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားသည့် အထောက်အထား တင်ပြရမည်။
ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း လုပ်ငန်းသုံး မော်တော်ယာဉ် အရောင်းစင်တာ ဖွင့်လှစ်လိုပါက Downtown Area ၏ ပြင်ပတွင် ဖွင့်လှစ်ခွင့်ပြုမည်ဟု သိရသည်။
Ceiling စီးရေသတ်မှတ်ချက်တွင် ဖွင့်လှစ်ခွင့်ရရှိပြီးသည့် လုပ်ငန်းသုံး မော်တော်ယာဉ် အရောင်းစင်တာများကို၂၀၁၅ မော်ဒယ်မှ ၂၀၁၉ မော်ဒယ်အထိ လုပ်ငန်းသုံး မော်တော်ယာဉ်များကို ခွင့်ပြုမည် ဖြစ်ကြောင်း၊ စတင်ခွင့်ပြုချိန်မှ ခြောက်လအတွင်း Ceiling စီးရေ ၄၀၊ ခြောက်လမှ တစ်နှစ်အတွင်း Cieling စီးရေ ၆၀ နှင့် တစ်နှစ်ပြည့်ပြီးပါက Ceiling စီးရေ ၈၀ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ရောက်ရှိ/ရောင်းချပြီးသည့် မော်တော်ယာဉ်များအား လူအမည် (သို့မဟုတ်) ကုမ္ပဏီအမည်ဖြင့် ယာဉ်မှတ်ပုံတင်နိုင်ရေး အတွက် “လုပ်ငန်းသုံး မော်တော်ယာဉ် အရောင်းစင်တာတွင် မော်တော်ယာဉ် ဝယ်ယူခွင့်ပါမစ်” ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ One Stop Service အဖွဲ့ ရုံး၌ လျှောက်ထားရမည်ဖြစ်သည်။
ရောက်ရှိ/ရောင်းချ/ယာဉ် မှတ်ပုံတင်ပြီးစီးသည့် မော်တော်ယာဉ်စာရင်းအား မော်တော်ယာဉ် အရောင်းစင်တာ မြေပြင်စစ်ဆေးရေး အဖွဲ့များထံမှ တင်ပြ၍ မြေပြင်စစ်ဆေးရေးအဖွဲ့၏ ထောက်ခံချက်ဖြင့် Ceiling စီးရေအရ ထပ်မံတင်သွင်းခွင့် ပြုမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်