
အန်နီမေးရှင်း ကာတွန်းဇာတ်ကား Frozen II ကို ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအများအပြား၌ နိုဝင်ဘာ ၂၁ ရက်မှ စတင်ကာ နိုင်ငံတကာနှင့်တစ်ပြေးညီ ရုံတင်ပြသထားသည်ဟု သိရသည်။
အဆိုပါဇာတ်ကားကို အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံအချို့တွင် နိုဝင်ဘာ ၂၀ နှင့် ၂၁ ရက်မှစတင်ကာ ရုံတင်ပြသထားပြီး အမေရိကန်အပါအဝင် နိုင်ငံအများအပြား၌ နိုဝင်ဘာ ၂၂ ရက်မှ စတင်ကာပြသမည်ဟု သိရသည်။ Frozen ပထမဇာတ်ကားကို ကမ္ဘာတစ်လွှားတွင် ၂၀၁၃ ခုနှစ်က ပြသခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့သည်။
အယ်ဆာသည် သူ၏မွေးရာပါ မှော်အစွမ်းဖြစ်သည့် ရေခဲခြင်း၊ နှင်းကျခြင်းတို့ကို ပြုလုပ်နိုင်သည့် အစွမ်းများကြောင့် သူချစ်ရသည့် ညီမလေး အန်နာနှင့် ခပ်ဝေးဝေး နေခဲ့ရသလို အပြင်လူများနှင့်လည်း တွေ့ခွင့်မရဘဲ အထီးကျန်စွာ နေခဲ့ရသည်။
အယ်ဆာ၏ နန်းတက်ပွဲတွင် ညီမဖြစ်သူကြောင့် သူ၏မှော်အစွမ်းကို လူအများသိရှိကာ ကြောက်လန့်ခဲ့ရပြီး အယ်ဆာကိုယ်တိုင်လည်း လူအများနှင့်ဝေးရာသို့ ရှောင်ပြေးနေထိုင်ခဲ့သည်။ ညီမဖြစ်သူ အန်နာ၏ ကြိုးစားမှုဖြင့် နန်းတော်ဆီသို့ ပြန်ရောက်ပြီး တိုင်းသူပြည်သားများနှင့် ချစ်ခင်စွာပြန်လည် နေထိုင်ခွင့်ကို အယ်ဆာ ရရှိခဲ့သည်။
သို့သော် နန်းတော်သို့ပြန်လည်ရောက်ရှိပြီး မကြာမီမှာပင် အယ်ဆာတစ်ယောက် မိမိအား မြောက်အရပ်ဆီသို့ ဆွဲငင်ခေါ်ဆောင်နေသည့် အသံတစ်သံကို စတင်ကြားခဲ့ရသည်။ ထိုအသံ၏ ဆွဲငင်မှုနှင့် ထူးဆန်းမှုတို့ကြောင့် အယ်လ်ဆာနှင့် အန်နာတို့ ညီအစ်မနှစ်ဦးသည် Kristoffi Olaf ၊ Sven တို့နှင့်အတူ မြောက်အရပ်သို့ ထွက်ခွာခဲ့ကြသည်။ အယ်လ်ဆာ ပိုင်ဆိုင်ထားသည့် မှော်အစွမ်းများ၏ မူလရင်းမြစ်ကိုရှာဖွေရင်း ဖြစ်ပေါ်လာသည်များကို Frozen II ဇာတ်ကားတွင် စိတ်ဝင်စားဖွယ် ရိုက်ကူးထားသည်။
Frozen II ဇာတ်ကားကို ဒါရိုက်တာ Chris Buck နှင့် Jennifer Lee တို့ ရိုက်ကူးပြီး Idina Menzel, Kristen Bell, Jonathan Froff, Josh Gad တို့က အသံဖြင့် ပါဝင်သရုပ်ဆောင်ထားသည်။ ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော်၊ မင်္ဂလာ (ဂမုန်းပွင့်၊ စိန်ဂေဟာ၊ တာမွေ၊ တောင်ဒဂုံ၊ Gold Class)၊ JCGV၊ Mega Ace (ကန်သာယာ၊ Capital၊ စူပါဝမ်း)နှင့် မန္တလေးမြို့ရှိ မင်္ဂလာဒိုင်းမွန်း၊ JCGV၊ ရုပ်ရှင်ရုံများအပြင် ပဲခူး၊ ပုသိမ်၊ နေပြည်တော်၊ မော်လမြိုင်နှင့် တောင်ကြီးမြို့များရှိ ရုပ်ရှင်ရုံများတွင် ပြသထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်