20th Century Fox မှ ဖြန့်ချိပေးထားသော Ford v Ferrari ဇာတ်ကားသည် မြောက်အမေရိကတွင် ရုံတင်ပြသရာမှ ပွဲဦးထွက်ဝင်ငွေဒေါ်လာ ၃၁ သန်းရရှိခဲ့ပြီး ယခုသီတင်းပတ်၏ ဝင်ငွေအကောင်းဆုံးရုပ်ရှင် ဖြစ်လာခဲ့ကြောင်း လက်မှတ်ဝင်ငွေလေ့လာရေးအဖွဲ့ Exhibitor Relations က ထုတ်ပြန်ခဲ့သည်။
အမေရိကန်ဂန္ထဝင်ကားဒီဇိုင်နာ Carroll Shelby နှင့် အကြောက်အလန့်မရှိသော ဗြိတိန်ပြိုင်ကားမောင်းသမား Ken Miles တို့သည် Ford Motor ကုမ္ပဏီအတွက် ပြိုင်ဘက်ကင်းသည့် စွမ်းဆောင်ရည်မြင့် ပြိုင်ကားတစ်စီးကို ၎င်းတို့၏ ကိုယ်ပိုင်အစွမ်းအစဖြင့် အားသွန်ခွန်စိုက်တီထွင်ဖန်တီးပေးခဲ့ကြကာ ထိုပြိုင်ကားဖြင့် ပြင်သစ်၏ ဂန္ထဝင် ကားမောင်းပြိုင်ပွဲတစ်ခုဖြစ်သည့် 24 hour Le Mans တွင် ကာလရှည်ကြာ ကြီးစိုးအနိုင်ယူနေခဲ့သော Enzo Ferrari ကုမ္ပဏီ၏ ပြိုင်ကားများကို စိန်ခေါ်ရန် Carroll နှင့် Ken တို့ ကြိုးပမ်းပြင်ဆင်ကြသည့်အကြောင်းကို Ford v Ferrari ဇာတ်ကားထဲတွင် စိတ်ဝင်စားဖွယ် ရိုက်ကူးပေးထားသည်။
ဖြစ်ရပ်မှန်ပြိုင်ကားဇာတ်လမ်းနောက်ခံကို အခြေပြုရိုက်ကူးထားသော ယင်းဇာတ်ကားထဲတွင် ကားဒီဇိုင်နာ Carroll Shelby ဇာတ်ကောင်နေရာ၌ သရုပ်ဆောင် Matt Damon ကလည်းကောင်း၊ ပြိုင်ကားမောင်းသမား Ken Miles ဇာတ်ကောင်နေရာတွင် Christian Bale ကလည်းကောင်း ပါဝင်သရုပ်ဆောင်ပေးထားပြီး ဒါရိုက်တာဂျိမ်းမန်ဂိုးလ်က ရိုက်ကူးပေးထားသည်။ ဒေါ်လာ သန်း ၁၀၀ အကုန်ကျခံထားသော ယင်းဇာတ်ကားသည် ရုပ်ရှင်ဝေဖန်သူများ၏ ချီးကျုးမှုကို A+ အဆင့်ထိ ရရှိခဲ့ကြောင်း Cinema Score ၏ အချက်အလက်များအရသိရသည်။
၁၉၄၂ ခုနှစ်ဇွန်လတွင် ပစိဖိတ်သမုဒ္ဒရာအတွင်း အမေရိကန်လေတပ်နှင့် ဂျပန်လေတပ်အကြား ဖြစ်ပွားခဲ့သော စစ်ပွဲအကြောင်းကို ရိုက်ကူးထားသည့် Midway ဇာတ်ကားသည် ယခင်သီတင်းပတ်၌ မြောက်အမေရိက၏ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့သော်လည်း ယခုသီတင်းပတ်တွင်မူ ဝင်ငွေဒေါ်လာ ၈.၈ သန်းဖြင့် စာရင်း၏ နံပါတ်နှစ်နေရာသို့ ကျဆင်းသွားခဲ့သည်။
ဖြစ်ရပ်မှန်အမေရိကန်စစ်ကား Midway ကို ဒါရိုက်တာ Roland Emmerich ရိုက်ကူးပေးထားပြီး သရုပ်ဆောင် Ed Shrein၊ ပက်ထရစ်ဝဲလ်စန်၊ လု့ခ်အီဗန်၊ Aaron Eckhart၊ အဆိုတော်၊ သရုပ်ဆောင် နစ်ဂျိုးနက်စ်တို့ ပါဝင်သရုပ်ဆောင်ထားသည်။
ဝင်ငွေအကောင်းဆုံးရုပ်ရှင်စာရင်း၏ နံပါတ်သုံးနေရာတွင် Charlie’s Angels အက်ရှင်ဇာတ်ကားသစ်က ပွဲဦးထွက်ဝင်ငွေ ဒေါ်လာ ၈.၆ သန်းဖြင့် ရပ်တည်နေပြီး လက်ဝှေ့အကျော်အမော် ဂျွန်စီနာ ပါဝင်သရုပ်ဆောင်ထားသော Playing with Fire ဇာတ်မြူးရုပ်ရှင်မှာ ဝင်ငွေဒေါ်လာ ၈.၅၅ သန်းဖြင့် စာရင်း၏နံပါတ်လေးနေရာတွင်လည်းကောင်း၊ Universals မှ ဖြန့်ချိပေးထားသော Last Christmas ဇာတ်ကားမှာ ဝင်ငွေဒေါ်လာ ၆.၇ သန်းဖြင့် စာရင်း၏နံပါတ် ငါးနေရာတွင်လည်းကောင်း ရပ်တည်လျက်ရှိသည်။
မြောက်အမေရိက၏ဝင်ငွေအကောင်း ဆုံးရုပ်ရှင် ၁၀ ကားစာရင်းထဲမှ ကျန်ဇာတ်ကားများမှာ Doctor Sleep (ဝင်ငွေဒေါ်လာ ၆.၂ သန်း)၊ The Good Liar (ဝင်ငွေဒေါ်လာ ၅.၇ သန်း)၊ Joker (ဝင်ငွေဒေါ်လာ ၅.၆ သန်း)၊ Maleficent: Mistress of Evil (ဝင်ငွေဒေါ်လာ ၅.၂ သန်း)၊ Harriet (ဝင်ငွေဒေါ်လာ ၄.၈ သန်း) တို့ဖြစ်ကြသည်။
-
တေးသံရှင်မျိုးကျော့မြိုင်၏ Mini Concert ကို မေ ၃၁ ရက်တွင် ရန်ကုန်မြို့ရှိ M Cube Music Bar ၌ ပြုလုပ်မည်
-
ဂျန်ဒေါင်ဂန်းနှင့် ဆောင်ဂျွန်ကီတို့ အဓိကဇာတ်ကောင်များအဖြစ် ပါဝင်ထားသည့် Arthdal Chronicles ဇာတ်လမ်းတွဲကို ဇွန် ၁ ရက်တွင် စတင်ထုတ်လွှင့်မည်
-
ပရော်ဖက်ရှင်နယ်မော်ဒယ်တစ်ယောက်အဖြစ် အနုပညာအလုပ်တွေ အများကြီးဆက်လုပ်သွားဖို့ရှိတဲ့ Mဆိုင်းလူရဲ့ ငယ်စဉ်ဘဝ အမှတ်တရ ဖြတ်သန်းရာ
-
1 MDB အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်သည့် ဂျိုလိုနှင့် ညစာစားပွဲတက်ဖူးသည်ဟု PSY ပြောကြား
-
U2 အဖွဲ့က စင်ကာပူတွင် ပထမဆုံးအကြိမ် ဖျော်ဖြေပွဲ ပြုလုပ်မည်