သခင်ကြီးနှင့်ငါးပိတို့စရာရုပ်ရှင်ဇာတ်ကားတွင်ပါဝင်သည့်သရုပ်ဆောင်များသည် စင်ကာပူနိုင်ငံမှပရိသတ်များနှင့်သွားရောက် တွေ့ဆုံခဲ့ကြောင်းသိရသည်။ သခင်ကြီးနှင့်ငါးပိတို့စရာရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သည့်သရုပ်ဆောင်အကယ်ဒမီသက်မွန်မြင့်၊ နေရဲ၊ ထွန်းကိုကို၊ ရွှေသမီးစသူတို့သည် စင်ကာပူနိုင်ငံသို့ သွားရောက်ကာ နိုဝင်ဘာ ၁၆ ရက်ညနေ ၆နာရီ ၅၀ အချိန်၌ The Cathay ရုပ်ရှင်ရုံ၌ လည်းကောင်း၊ည ၉နာရီအချိန်တွင် JEM ၌ လည်းကောင်း၊ နိုဝင်ဘာ ၁၇ ရက်မွန်းလွဲ ၁နာရီ ၅၀ အချိန်တွင် The Cathay ၌လည်းကောင်း ပရိသတ်များနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထို့ပြင် စင်ကာပူမှအားပေးသည့်ပရိသတ်များထဲမှ ၁၅ ဦးအားရွေးချယ်ကာ နိုဝင်ဘာ ၁၆ ရက်ညပိုင်းတွင် အနုပညာရှင်များနှင့် အတူညစာစားခွင့်လည်းပေးအပ်ခဲ့ကြောင်း သိရသည်။ ညစာစားခွင့်ပေးအပ်ခဲ့သူများအား မဲနှိုက်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သခင်ကြီးနှင့် ငါးပိတို့စရာဇာတ်ကားကို နိုဝင်ဘာ ၇ ရက်မှ ၁၇ ရက်အထိစင်ကာပူနိုင်ငံရှိ ရုပ်ရှင်ရုံများ၌ ပြသနေခြင်းဖြစ်သည်။
“ဒီဇာတ်ကားကသက်မွန်အတွက်စိန်ခေါ်မှုတွေ၊ အခက်အခဲတွေများခဲ့သလို အမှတ်တရတွေလည်းရှိခဲ့ပါတယ်။ အထူးသဖြင့် တော့သက်မွန်တစ်ခါမှမလုပ်ဖူးတဲ့ အက်ရှင် ဇာတ်ဝင်ခန်းတွေအတွက်ပိုပြီးပြင်ဆင်ခဲ့ရတယ်။ တကယ်တမ်းရိုက်တဲ့အချိန်မှာလည်း ပင်ပင်ပန်းပန်းလုပ်ခဲ့ရတယ်။ အခုရုံတင်တဲ့အချိန်မှာပရိသတ်တွေကကျေနပ်အားရတယ်၊ ကြိုက်တယ်ဆိုတဲ့အားပေးသံတွေကြားရတော့တကယ်ပျော်ပါတယ်။ နောက်လုပ်မယ့် အလုပ်တွေအတွက်လည်း ခွန်အားတွေဖြစ် စေတယ်။ သက်မွန်တို့အနုပညာရှင်တွေအတွက်ကတော့ပရိသတ်ကပေးတဲ့ခွန်အားနဲ့ ရပ်တည်တာဖြစ်လို့ ဆက်ပြီးကြိုးစားသွားဖို့ ခွန်အားတွေရစေတဲ့ဇာတ်ကားပါ”ဟု အကယ်ဒမီသက်မွန်မြင့်ကဆိုသည်။
သခင်ကြီးနှင့်ငါးပိတို့စရာဇာတ်ကားမှာ ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ)ရိုက်ကူးကာ အကယ်ဒမီသက်မွန်မြင့်၊ ရွှေသမီး၊ နေရဲ၊ သိန်းလင်း၊ ထွန်းကိုကိုစသူတို့ပါဝင်ထားသည်။
-
ဒီဇင်ဘာ ၈ ရက်တွင် စတင်ကျင်းပမည့် ၂၀၂၄ Asean Cup ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း နိုဝင်ဘာ ၂၅ ရက်တွင် ပြန်လည်လေ့ကျင့်မည်
-
စာချုပ်သစ်ချုပ်ဆိုရန် ငြင်းဆန်ခဲ့ပါက အသင်းတောင်ပံကစားသမား ခွာရတ်စကယ်လီယာကို ရောင်းထုတ်ရန် နာပိုလီ အသင့်ရှိ
-
မန်စီးတီးတွင် အနာဂတ်လှုပ်ခတ်နေသည့် နည်းပြ ဂွါဒီယိုလာကို ကမ်းလှမ်းရန် PSG အသင်း စီစဉ်
-
လာလီဂါချန်ပီယံဆုမှာ မိမိတို့လက်ထဲရောက်နေပြီဟု ဘာစီလိုနာနောက်ခံလူ ယော်ဒီအယ်လ်ဘာ ပြောကြား
-
အသင်း ၆၀ မှ ၈၀ အထိပါဝင်မည့် ဥရောပစူပါလိဂ်အစီအစဉ်သစ်မှာ ပြည်တွင်းလိဂ်များအတွက်ခြိမ်းခြောက်မှုဖြစ်ပြီး ထိပ်သီးအသင်းများ၏ အကျိုးစီးပွားအတွက်သာဖြစ်ကြောင်း လာလီဂါထုတ်ပြန်